images
UN
UN
ပဲနွယ်ကုန်းမြို့၌ ၂၂ဘီးတွဲယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံး
ခင်ကို(ကျောက်တံခါး) Thursday, 04 February 2021

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ်ပဲနွယ်ကုန်းမြို့ကမ္ဘောဇ ရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်က ၂၂ဘီဲး တွဲယာဉ် နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိ၍ အမျိုးသားတစ်ဦး သေ ဆုံးခဲ့သည်။
ပဲနွယ်ကုန်းမြို့ ကမ္ဘောဇရပ် ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်း သတင်းအရ ဒုရဲအုပ် ဇင်မာဝေ၊ ဒုရဲအုပ်ဆုဝေနှင့်အဖွဲ့ သည် သက်သေများနှင့်အတူ အခင်း ဖြစ်ရာအရပ်သို့ သွားရောက်စစ် ဆေးရာ ရန်ကုန်-မန္တလေးကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ် (၁ဝ၅/၆နှင့် ၁ဝ၅/၇)ကြား ပဲနွယ် ကုန်းမြို့ ကမ္ဘောဇရပ်ကွက်သို့ အရောက်တွင် မန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း ထွန်းကျော်ငါးရံကြီးကျေးရွာ၊ ဝမ်း တွင်းမြို့နယ်မန္တလေးတိုင်းဒေသကြီး နေသူမောင်းနှင်ပြီး ယာဉ်နောက် လိုက်ရာ ဇာဖြိုးဟောင်းနွဲ့ကျေးရွာ၊ မြစ်သားမြို့နယ် နေသူလိုက်ပါ လာသောMITSUBISHI FUSO အမျိုးအစား၊ ခရမ်း/နက်ရောင်၊ (၂၂)ဘီးတွဲယာဉ်သည် တံတား အမှတ်(၁ဝ၅/၂)ပေါ်သို့ အရောက် တွင် ရန်ကုန်မြို့ဘက်မှ မန္တလေး မြို့ဘက်သို့ ယာဉ်မောင်း ရခိုင်(ခ) မင်းနိုင်(၃၅နှစ်) ကမ္ဘောဇရပ်ကွက် ပဲနွယ်ကုန်းမြို့နေသူ မောင်းနှင်လာ သော DAYANG အမျိုးအစား၊ တရုတ်နိုင်ငံလုပ် အနက်ရောင်ဆိုင် ကယ်နှင့် လမ်းလယ်တွင် မျက်နှာ ချင်းဆိုင်ဝင်ရောက်တိုက်မိရာ ဆိုင် ကယ်မောင်းနှင်သူ ရခိုင်(ခ)မင်းနိုင် တွင် နဖူးအက်ကွဲဦးနှောက်ထွက်၊ အောက်နှုတ်ခမ်းကွဲ၊ ဝဲရင်ဘတ်အုံ ပေါက်ပြဲ၊ ဝဲတံတောင်ဆစ်ကျိုး၊ ယာခြေထောက်ကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ယာဉ်အား လူ့ အသက်သေဆုံးအောင် မဆင်မခြင် မောင်းနှင်သူယာဉ်မောင်းထွန်းကျော် နှင့်ရခိုင်(ခ)မင်းနိုင်တို့အား ပဲနွယ် ကုန်းနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၅/၂ဝ၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကအရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။