images
UN
UN
သထုံမြို့တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
နိုင်နိုင်(မွန်) Thursday, 04 February 2021

မွန်ပြည်နယ် သထုံခရိုင်ပြည် သူ့ဆေးရုံသို့ ဓာတ်လိုက်သေဆုံးနေ သည့်အမျိုးသားအလောင်းတစ် လောင်းရောက်ရှိနေကြောင်း ယမန် နေ့ ညနေ ၅ နာရီခန့်တွင် တာဝန်ကျ ဆရာဝန်ဒေါက်တာစံပြည့်စုံက ဖုန်း ဖြင့်အကြောင်းကြားသဖြင့် သထုံ မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင် တင်နှင့်ရဲတပ်ဖွဲ့ဝင်များသည် သက် သေများနှင့်အတူ သွားရောက်စစ် ဆေးခဲ့ရာ သထုံမြို့နယ် ပေါ်တော် မူကျေးရွာအုပ်စု ဂျိုင်းရွာ အမှတ် (၇၄၆)နေကျော်လွင်(၂၂နှစ်)၊ ဦးတိုး အောင်(ခ)ဦးထွန်းရွှေသည် ရင် ဘတ် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရ သည်။
ဖြစ်စဉ်မှာ ညနေ ၅ နာရီခန့် တွင် သေဆုံးသူဦးကျော်လွင်သည် ဦးပန်းစိန်၊ ဦးဘိုစိုး၊ ဦးအောင်တင် ထွန်း၊ ဦးစိုးမိုးအောင်၊ ဦးချစ်မိုးဦး တို့နှင့်အတူ သထုံမြို့ လိပ်အင်း ရပ်ကွက် လေယာဉ်ကွင်းဟောင်းရှိ ဈေးဆိုင်ခန်းအသစ်အား ဆောက် လုပ်ရန်အတွက် မဆလာဖျော်ရာမှ မဆလာပုံးအတွင်း ရောက်ရှိနေ သောဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် မီးကြိုးအား လက် ဖြင့်ကိုင်ဖယ်ရှားရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ် သက်၍ ဓမ္မတာအတိုင်း သေဆုံး ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် အတွက် သထုံမြို့မရဲစခန်း၏ သေမှု သေခင်းအမှတ်စဉ်(၂/၂ဝ၂၁)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။