images
UN
UN
ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းတွင် ခြောက်ဘီးယာဉ်တစ်စီး ဂက်စ်အိုးပေါက်၍ မီးလောင်ကျွမ်းသဖြင့် ယာဉ်မောင်း မီးလောင်သေဆုံး
ကိုနေ(ကျောက်ပန်းတောင်း) Thursday, 04 February 2021

မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့နယ် ကျောက်ပန်း တောင်း-မိတ္ထီလာကားလမ်း၊ မိုင် တိုင် ၅၂/ဝ၊ မကျီးတိုင်းကျေးရွာ အုပ်စု၊ စည်ပင်သာကျေးရွာအနီး တွင် ယနေ့နံနက် ၅နာရီ ၄၅မိနစ် က ခြောက်ဘီးယာဉ် တစ်စီးမီး လောင်ကျွမ်းခဲ့ရာ ယာဉ်မောင်း တစ်ဦး နေရာတွင်ပင် မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။
ကားမီးလောင်မှုဖြစ်စဉ်မှာမိတ္ထီ လာဘက်မှ ကျောက်ပန်းတောင်း မြို့ဘက်သို့ ယာဉ်မောင်း ကိုဝင်းသူ ဇင်(၃၂နှစ်) သူဌေးကုန်းရပ်ကွက်၊ ရေနံချောင်းမြို့နေသူ မောင်းနှင်လာ သော ၅ှု။------ ဒိုင်နာအဖြူရောင် ခြောက်ဘီးယာဉ်သည် ကားရှေ့ ယာဘက်ဘီးပေါက်ပြီး ကားလမ်း မဘေးရှိ ဒီပါရုံဆုတောင်းပြည့်စေ တီမုခ်ဦးအား ဝင်ရောက်တိုက်မိ၍ ဂက်စ်အိုးပေါက်ကာမီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးလောင်ကျွမ်းသဖြင့် ယာဉ် နောက်လိုက် မောင်ကျော်ကျော် (၁၈နှစ်) ရေနံချောင်းမြို့နေသူသည် ကားခေါင်းအတွင်းမှကား ရှေ့မှန် ကို တွန်းကန်ကာ ကားအတွင်းမှ ထွက်နိုင်ခဲ့သော်လည်း ယာဉ် မောင်း ကိုဝင်းသူဇင်မှာ ကား အတွင်းမှ မထွက်နိုင်ဖြစ်ကာ မီး ကူးစက်လောင်ကျွမ်းပြီး အခင်းဖြစ် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါကားမီးလောင် ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့မရဲစခန်းတို့မှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေး ခဲ့ကြပြီး မီးလောင်ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၈၅ဝဝဝဝ ဖြစ် ကြောင်းနှင့် ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ ကိုဝင်းသူဇင်ကို ကျောက်ပန်းတောင်း မြို့မရဲစခန်းမှ အမှုဖွင့်ဆောင် ရွက်ထားရှိပြီးြ<ွကင်းကျန်ရုပ်အလောင်းအားသုဂတိ ရှင်နာရေးကူညီမှုအသင်းမှကျောက် ပန်းတောင်းဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။