images
UN
UN
ချစ်ပန်းဝါဝါရုပ်သံဇာတ်လမ်းတွဲမှာ တစ်ဖက်သတ်အချစ်ရူးမလေးအဖြစ် တွေ့ရမည့် နေခြည်ဦး
ဒဂုံဝေလင်း Thursday, 04 February 2021


ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး မြင့်မြတ်၊ ညီထွဋ် ခေါင်၊ K ညီ၊ နေခြည်ဦး၊ ထွန်း ပုလဲရတနာနှင့် အနုပညာရှင်များ စွာပါဝင်သော''ချစ်ပန်းဝါဝါ''ရုပ်သံ ဇာတ်လမ်းတွဲကို ပြင်ဦးလွင်တွင် ရိုက်ကူးနေကြောင်းသိရပြီး ယင်း ဇာတ်လမ်းတွဲတွင်နေခြည်ဦးအနေ ဖြင့် တစ်ဖက်သတ်ချစ်ရသူ မိန်း ကလေးတစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ထားကြောင်း သိရ သည်။
''နေခြည်ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုဆိုလည်းမမှား ပါဘူး။ နေခြည်ရှေ့မှာတော့ ရုပ်ရှင် ဇာတ်ကားနှစ်ကားလောက်တော့ ရိုက်ဖူးတယ်။ ဇာတ်လမ်းတွဲက တော့ ဒါပထမဆုံးပေါ့နော်။ ကိုယ့် အတွက်တော့ အတွေ့အကြုံသစ် တစ်ခုရတယ်လို့ ပြောလို့ရတယ်။ ဒီဇာတ်လမ်းတွဲမှာ နေခြည်က ဗီ လိန်ပုံစံမျိုးလုပ်ရမှာပါ၊ ကိုမြင့်မြတ် က ဆရာဝန်၊ သူကအိမ်ထောင်ရှိ တယ်။ သူ့ကိုတစ်ဖက်သတ် လိုက် ကြိုက်ရတဲ့ ကောင်မလေးတစ် ယောက်အဖြစ်နဲ့သရုပ်ဆောင်ရမှာ ပါ။ဘာလို့ဒီကာရိုက်တာကိုလက်ခံ ရလဲဆို တော်တော်များများက ဗီလိန်ဆိုရှောင်ကြတယ်။ နေခြည် ကတော့ လုပ်ကြည့်တာပေါ့နော်၊ ပရိသတ်မုန်းမှာကိုတော့ စိုးရိမ်မိ တာတော့အမှန်ပဲ။ ဒါပေမဲ့ လည်း အနုပညာဆိုတာ ဆေးစက်ကျရာ အရုပ်ထင်ရတာဆိုတော့ ပရိသတ် က နားလည်ပေးမယ်လို့ နေခြည် ထင်ပါတယ်။ ဇာတ်အိမ်လေးက အရမ်းကောင်းတယ်။ အိမ်ထောင် ရေးဇာတ်လေးပေါ့နော်။ ကိုယ့် အတွက် ပညာတစ်ခုထပ်ရတယ်။ ပြီးတော့ ကိုမြင့်မြတ်ဆိုတာက လည်း သရုပ်ဆောင်ပညာအရမ်း ကောင်းပြီး လက်တွဲခေါ်တတ်တဲ့ သူဆိုတော့ ကိုယ့်အတွက် ဒီဇာတ် လေးကပညာတွေအတွေ့အကြုံတွေ အများကြီးရစေလို့ရိုက်ဖြစ်တာပါ'' ဟုနေခြည်ဦးက ပြောသည်။
အဆိုပါဇာတ်လမ်းသည် စာရေး ဆရာမ ခင်စောဦး၏ ဝတ္ထုဖြစ်ပြီး၊ တစ်ချိန်က နာမည်ကြီးအနုပညာ ရှင်များဖြင့် ရိုက်ကူးခဲ့ပြီး အောင် မြင်ခဲ့သော ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့သည်။ ယခု ဇာတ်လမ်းတွဲ အဖြစ် ပြန်လည်ရိုက်ကူးမှုသည် အပိုင်း(၂ဝ)စာဖြစ်ပြီး ပရိသတ် တွေအတွက် ရသတစ်မျိုးရရှိစေ မည်ဟု သိရသည်။