images
UN
UN
WY ပန်းရောင် စိတ်ြ<ွကဆေးပြားများ မြို့ချောင်းကျေးရွာအုပ်စုအတွင်းက လယ်တဲစုနေအိမ်အတွင်းဖမ်းဆီးရမိ
ခင်ကို(ကျောက်တံခါး) Thursday, 04 February 2021

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ဖဒိုမြို့ မြို့ချောင်း ကျေးရွာအုပ်စု ဒညင်းကုန်း ကျေးရွာအရှေ့ဘက် ဒညင်းကုန်း လယ်တဲစုရှိ နေအိမ်တစ်ခုအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကျွှ့စိတ်ြ<ွကရူးသွပ်ဆေးပြားများနှင့် အတူ အမျိုးသားတစ်ဦးအား ဖမ်း ဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဖဒိုမြို့ မြို့ချောင်း ကျေးရွာအုပ်စု ဒညင်းကုန်း ကျေးရွာတွင်နေထိုင်သော ဘီဂျိုက် ကူးမား(ခ)ကျော်ကျော်(ခ) စောင်းစောင်း(၃၆နှစ်)၏ နေအိမ် တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစန်းမှ ဒုရဲအုပ် မြင့်မိုးသော်နှင့် ရဲတပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၃/၂ဝ၂၁)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ဘီဂျိုက်ကူး မား(ခ)ကျော်ကျော်(ခ) စောင်း စောင်းအား နေအိမ်နှင့်တွဲလျက် ဆောက်လုပ်ထားသည့် ဘူးစင် အောက်တွင် တွေ့ရှိရပြီး ရှာဖွေရာ ၄င်းနေထိုင်သည့် နေအိမ်အနီးရှိ ဆိုင်ကယ်ပြင်သည့် ပစ္စည်းများ ထည့်ထားသော သစ်သားအံခွက် အတွင်းမှ ဆရာခိုလိမ်းဆေးဘူး အားတိပ်အပြာရောင်ကပ်ထားသည့် ကော်ဘူးအတွင်းမျွှ့ စားတန်း ပါ ပန်းရောင်စိတ်ြ<ွကဆေးပြား ၁၉ ပြား (သုည ဒသမ ၁၉)ဂရမ်နှင့် ငွေကျပ် ၂၁ဝဝဝ တို့ကို သက်သေ များရှေ့တွင် ချိတ်ပိတ်သိမ်းဆည်း ခဲ့သည်။ ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများနှင့်ပတ်သက်၍ဘီဂျိုက် ကူးမား(ခ) ကျော်ကျော်(ခ) စောင်း စောင်းအား စစ်ဆေးမေးမြန်းရာ ၄င်းသည် ယခုလ ၂ ရက် ည ၈ နာရီခန့်တွင် ရန်ကုန်-နေပြည် တော်အမြန်လမ်းမကြီး မိုင်တိုင် အမှတ်၁၁၅မိုင်တွင် အမည်မသိ အမျိုးသားတစ်ဦးထံမှ သုံးစွဲရောင်း ချရန်အတွက်ဆေးပြား၂၅ပြားကို ဝယ်ယူခဲ့ပြီး ခြောက်ပြားကို သုံးစွဲခဲ့ ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးဟု ယူဆရသွေျှာ့ စာတန်းပါ ပန်းရောင်စိတ်ြ<ွကဆေးပြားများကို သုံးစွဲရောင်းချရန်အလို့ငှာ လက် ဝယ်ထားရှိသူ ဘီဂျိုက်ကူးမား (ခ)ကျော်ကျော်(ခ)စောင်းစောင်း အား ဖဒိုမြို့ နယ်မြေရဲစခန်းမှ မယ(ပ)၁/၂ဝ၂၁၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂ဝ(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။