images
UN
UN
စစ်တွေမြို့နယ်တွင် စက်လှေဖြင့်တရားမဝင်သစ်များ သယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိ
လှထွဋ်ဦး Thursday, 04 February 2021

စစ်တွေမြို့နယ်တွင် စက်လှေ ဖြင့် တရားမဝင်သစ်များ သယ် ဆောင်လာသူ နှစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏ယနေ့သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသော လုံခြုံရေးတပ် ဖွဲ့ဝင်များသည် ပင်လယ်ပြင်လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၃၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်၌ စစ်တွေမြို့၏အနောက် ဘက် ၁၁ မိုင်ခန့်ကွာ နေရာသို့ အရောက် တောင်မှမြောက်သို့ ခုတ်မောင်းနေသော မသင်္ကာဖွယ် အလျား ပေ ၇ဝ ၊ အနံ ၁၈ ပေ၊ ရေစူး ငါးပေခန့်ရှိ (Heno လေးလုံး ထိုးဂီယာဘောက်တွဲလျက်)အမည် မရှိ စက်လှေတစ်စင်းအား စစ် ဆေးနိုင်ရေး အချက်ပြခေါ်ယူခဲ့ သော်လည်း လာရောက်ခြင်း မရှိ ဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ လှေသားများ ရေထဲသို့ ပလတ်စတစ်ပုံးအဝါများ ဖြင့် ခုန်ချထွက်ပြေးသွားခဲ့သည်။
အဆိုပါ စက်လှေပေါ်တွင် တရားဝင်စာရွက်စာတမ်းတစ်စုံ တစ်ရာ မပါရှိသော အခြားသစ် (ဘေတုံး) တန် ၂ဝခန့်အား စစ် ဆေးတွေ့ရှိရပြီး စက်လှေမှာ ရေဝင် မှုများပြားနေသဖြင့် Honda ရေစုပ်စက်နှစ်လုံးဖြင့် ရေများ စုပ်ထုတ်သော်လည်း ရေဝင်မှု အခြေအနေအား ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ ရေဝင်နစ်မြုပ်သွားခဲ့သည်။
ဆက်လက်၍ ရေထဲသို့ခုန်ချ ထွက်ပြေးသွားသည့် တရားခံများ အား လိုက်လံရှာဖွေခဲ့ရာ ပေါက် တောမြို့နယ် အနောက်ရဲ ကျေး ရွာနေ နူရ်မာဟာကိန်းနှင့် ဆွေ ဟော့ဒူရာမန်းတို့နှစ်ဦးအား ရှာဖွေ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး အား တရားဥပဒေနှင့်အညီ အရေး ယူနိုင်ရေး စစ်တွေမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံဆောင် ရွက်လျက်ရှိကြောင်း သိရသည်။