images
UN
UN
သထုံမြို့တွင် တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Thursday, 04 February 2021

သထုံမြို့နယ် သစ်တောဦးစီး ဌာနမှ တောအုပ်ကြီး မြင့်ထွေးပါ သုံးဦးနှင့်အဖွဲ့သည် တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်လာ ကြောင်း သတင်းအရ ယနေ့တွင် သထုံမြို့နယ် ဂေါ့ကျေးရွာရှိ သထုံ တိုးဂိတ်အနီးစောင့်ဆိုင်းနေစဉ်Toyota Dyna အမျိုးအစား၊ အဖြူ ရောင်မော်တော်ယာဉ်အမှတ် BGO-6A ခြောက်ဘီးမော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရာ တရား မဝင် ကျွန်းခွဲသားဆိုက်စုံ၄၂ချောင်း အားတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းနှင်သူသည် သထုံမြို့ ဘင်လှိုင်ရပ်ကွက် ဘုန်းကြီးလမ်း နေ ဇေယျာမိုး(၄ဝနှစ်) မောင်းနှင် ပြီး ပဲခူးတိုင်းဒေသကြီး ဘုရား ကြီးမြို့ ဘောနပ်ကြီး ၁ဝမိုင်ခန့် အကွာမှ သယ်ဆောင်လာသည်ဟု သိရှိရကြောင်း၊ အဆိုပါဖမ်းဆီးရ မိသည့် သစ်ခွဲသားများအား သထုံ ခရိုင် သစ်တောဦးစီးဌာန၌ ထိန်း သိမ်းထားရှိပြီး တန်အရေအတွက် စိစစ်ဆဲဖြစ်ကြောင်းနှင့် ဇေယျာမိုး အပေါ်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။