images
UN
UN
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ထက်မြက်အောင် Thursday, 04 February 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင် အသင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူဒုတိယဥက္ကဋ္ဌဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ် ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်း ဦး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သည့် ဒေါက်တာမောင်မောင်လေး၊
ဦးဝေ ဖြိုး၊ ဦးသောင်းတင်၊ဦးလှမောင်ရွှေ၊အထွေ ထွေအတွင်းရေးမှူးချုပ်ဦးအေးဝင်း၊တွဲဖက် အထွေထွေအတွင်းရေးမှူးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာ အောင်သိန်း၊ ဦးကျော်ဒေဝ၊ ဦးအေးထွန်း၊ ဦးအောင်စိုးသာနှင့်ဒေါက်တာဝင်းစည်သူ၊ ဘဏ္ဍာရေးမှူး ဦးမြဟန်၊ တွဲဖက်ဘဏ္ဍာ ရေးမှူး ဦးဆန်းလင်း၊ အကျိုးဆောင် စာရင်းစစ် ဦးနှင်းဦး၊ အကျိုးဆောင်တွဲဖက် စာရင်းစစ်ဒေါက်တာတင်လတ်၊ မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဋ္ဌဦးထွန်းလွင်၊ မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းဥက္ကဋ္ဌဒေါက်တာဝင်းမြင့်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက် ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်း၊ မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရန်ဝင်းနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးအောင်မျိုးမင်းဒင်တို့ တက်ရောက် ကြသည်။
ဦးစွာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဦးအေးဝင်းက တွေ့ဆုံပွဲသို့တက်ရောက်လာသည့်အသင်း
ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများအားတစ်ဦးချင်းမိတ်ဆက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်တွဲဖက်အထွေထွေအတွင်း ရေးမှူးဒေါက်တာအောင်သိန်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းတို့က အသင်းအလိုက် လုပ်ငန်းများ ဆောင်ရွက် နေမှု၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ချက်ချင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များ ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့်အကူအညီများကိုလည်း တတ် နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ အဓိကမှာကြားလိုသည်မှာ ဃဥဠှီု-၁၉ ရောဂါဖြစ်ပွားသည့် ကာလ အတွင်းလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာ တွင် ထုတ်ပြန်ထားသည့်စည်းကမ်းချက် များကိုလည်းလိုက်နာသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနိဂုံးချုပ်အမှာစကားပြောကြား ရာတွင် ယခုဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် တိုင်းပြည်အတွက် ကောင်းစေချင်သည့် စိတ်ဆန္ဒများဖြင့်ပြော ဆို ဆွေးနွေးကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့်ကူညီ ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ အပိုင်းက လုပ်ဆောင်ရမည့် အပိုင်းများရှိ သကဲ့သို့ တက်ရောက်လာသူများအပိုင်းမှ လုပ်ဆောင်ရမည်များလည်းရှိပါကြောင်း။ မိမိတို့အနေဖြင့် လိုအပ်သည်များ ဖြည့် ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။