images
UN
UN
လွန်ခဲ့သည့် ၂၄ နာရီအတွင်း နေပြည်တော်တွင် COVID-19 အတည်ပြုလူနာသစ်လေးဦးထပ်တိုး
တင်တင်အေး Thursday, 04 February 2021
၂ဝ၂ဝပြည့်နှစ် သြဂုတ်လဒုတိယပတ်မှစ၍ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19 ရောဂါများတိုင်းဒေသကြီး/ပြည်နယ် များသို့ ကူးစက်ပြန့်ပွားလျက်ရှိရာ ပြည်ထောင်စုနယ်မြေနေပြည်တော် တွင် ယခုလ၂ရက် ည ၈နာရီမှ ယမန်နေ့ ည ၈နာရီ အထိ အချိန် ၂၄ နာရီအတွင်းCOVID-19အတည်ပြုလူနာသစ်လေးဦးထပ်တိုးခဲ့ကြောင်း နေပြည်တော်ကောင်စီမှ ယနေ့ နံနက်ပိုင်းက တရားဝင်ထုတ်ပြန်ကြေညာ လိုက်သည်။
အဆိုပါ ထပ်တိုးလူနာလေးဦး မှာဇမ္ဗူသီရိမြို့နယ်မှ သုံးဦး၊ ဥတ္တရ သီရိမြို့နယ်မှ တစ်ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။ နေပြည်တော်တွင် ယမန်နေ့ ည ၈နာရီထိ ကိုဗစ် အတည်ပြုလူနာ ၁၂၈၂ ဦး ရှိနေပြီ ဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်မှ ၂၄၆ ဦး၊ ဒက္ခိဏသီရိမြို့နယ်မှ ၃၄ဦး၊ ဥတ္တရ သီရိမြို့နယ်မှ ၃၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ ၁၁၂ ဦး၊ ဇေယျာသီရိမြို့နယ် မှ ၅၂၃ ဦး၊ ပျဉ်းမနား မြို့နယ်မှ ၁ဝ၂ ဦး၊ လယ်ဝေးမြို့နယ်မှ ၁ဝ၁ဦး၊ တပ်ကုန်းမြို့နယ်မှ ၄၃ ဦးနှင့် နေပြည်တော်နယ်မြေပြင်ပမှ ဝင်လာသူ များထဲမှ ၉ဝ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း နေပြည်တော်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါ ကိုဗစ်အတည်ပြုလူနာများထဲမှ ဆေးရုံတွင် တက်ရောက် နေသူ ၉ဝ ရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူလူနာ ၁၁၈၄ ဦးရှိကာ သေဆုံးသူ စုစုပေါင်းရှစ်ဦးထိ ရှိပြီဖြစ်သည်။ အဆိုပါ Positive လူနာများကိုစောင့် ကြည့်လူနာများ၊ အသွားအလာကန့်သတ်ထားသူများနှင့် ကျန်းမာရေးစစ် ဆေးရာတွင် တွေ့ရှိခဲ့ရကြောင်းသိရသည်။ ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်း ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဆေးရုံများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲနေရာများတွင်COVID-19 ရောဂါဆိုင်ရာအသွားအလာကန့် သတ်စောင့်ကြည့်သူ၊ COVID-19 အတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ ခဲ့သူများ၊ ပြည်ပပြန်များ၊ ပြည်တွင်းခရီးသွားများထဲမှ COVID-19 ရာဂါဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်သူ စုစုပေါင်း ၁၄၃၈ဦး ရှိပြီဖြစ်ကြောင်း သိရသည်။