UAE သံရုံးအား အကြမ်းဖက်ရန်ကြံစည်သူများကို
အီသီယိုးပီးယား ဖမ်းဆီး
Thursday, 04 February 2021
အီသီယိုးပီးယားနိုင်ငံမြို့တော် အဘာဘာရှိ့ဗနသံရုံးကို အကြမ်း ဖက်တိုက်ခိုက်ရန် စီစဉ်နေသည့် ၁၅ဦးပါအဖွဲ့တစ်ခုကို အီသီယိုးပီး ယားအာဏာပိုင်များကယနေ့ဖမ်းဆီး လိုက်သည်။
အဆိုပါ၁၅ဦးနှင့်အတူ သေ နတ်များ၊ ဗုံးများနှင့် စာရွက်စာ တမ်းများကို အများပြည်သူသို့ ထုတ်ပြခဲ့သည်။အဆိုပါအကြမ်း ဖက်အဖွဲ့၏ခေါင်းဆောင်မှာ အသက် ၃၅နှစ်အရွယ် သီအိုအလီ အာမက်ဖြစ်ကြောင်း အမျိုးသား စုံစမ်းထောက်လှမ်းရေးအဖွဲ့က အတည်ပြုသည်။ထောက်လှန်းရေး အဖွဲ့ထုတ်ပြန်ချက်တွင် သက်သေ များအားလုံးသည် သိသာထင်ရှား ကြောင်း၊ UAE သံရုံးကိုတိုက်ခိုက် ရန်အတွက် အုပ်စုဖွဲ့ဆက်သွယ် ခြင်းများ သုတေသနလုပ်ဆောင် ခြင်းများနှင့်ပတ်သက်သည့် အထောက်အထားအပြည့်အစုံရ ရှိထားကြောင်း ဖော်ပြထားသည်။အဆိုပါအဖွဲ့သည် အီသီယိုးပီးယား ရှိ UAE သံရုံးကိုသာမက ဂျော်ဒန် ရှိUAEသံရုံးကိုပါတိုက်ခိုက်ရန်စီစဉ် ထားကြောင်း ထောက်လှန်းရေးက အသိပေးထားသည်။
Ref:CNN