images
UN
UN
မော်လမြိုင်ကျွန်းမြို့တွင် တပ်မ တော်ထောက်ခံပွဲကျင်းပ
Thursday, 04 February 2021
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့တွင် အမျိုးသားရေးအဖွဲ့မှဦးဆောင်၍ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မြို့ဦးစေတီတော် ဘုရားဝင်း အတွင်း၌ တပ်မတော်ထောက်ခံပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ခံပွဲကို မော် လမြိုင်ကျွန်းမြို့မှ အမျိုးသားရေး အင်အား ၃ဝ ဝန်းကျင်ခန့်မှ ဦး ဆောင်၍ ဝန်းရံသူပြည်သူပေါင်း ၄ဝဝဝ ခန့်က ပြည်ထောင်စု မပြိုကွဲရေး (ဒို့အရေး)၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး (ဒို့အ ရေး)၊ အချုပ်အခြာတည်တံ့ခိုင်မြဲ ရေး (ဒို့အရေး)၊ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မှန်သမျှ ဆန့်ကျင်ကြ၊ ပြည်တွင်း/ပြည်ပ အဖျက်သမားများအား ဘုံရန်သူ အဖြစ်သတ်မှတ်ချေမှုန်းကြ ဟူ သောြေ<ွကးကြော်သံများအား တက်ရောက်လာသော အမျိုးသား ရေးတက်ြ<ွကလှုပ်ရှားသူ ဝန်းရံ သူပြည်များက ကြွေးကြော်ပြီး အမျိုးသားရေးဥက္ကဋ္ဌ ဦးကျော်တင် ဦးနှင့် ရှေ့နေကြီးဦးအေးပိုင်တို့က မြန်မာ့တပ်မတော်အားထောက်ခံ ကြောင်းနှင့် ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေ နှင့်အညီ တပ်မတော်က အာဏာ ထိန်းသိမ်းခြင်း အကြောင်းများ အား ရှင်းလင်းပြောကြားပြီး ဇာတိ မာန်သီချင်းသီအား တက်ရောက် လာသော အမျိုးသာရေးလှုပ်ရှားသူ များနှင့်ပြည်သူများက သံပြိုင်သီ ဆို၍ အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးမြောက်ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (မော်ကျွန်း)