images
UN
UN
ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်မှုမရှိစေရန် ဆန်တစ်ပြည် တစ်ထောင်နှုန်းဖြင့် နေရာ ၄၄နေရာ ရောင်းချပေးမည်
ထက်မြတ်(မန္တလေး) Thursday, 04 February 2021
မန္တလေးတိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းမြင့်တက်မှုမရှိစေရန်အတွက် ဆန်တစ်ပြည်လျှင် ကျပ် တစ်ထောင်နှုန်းဖြင့် နေရာ ၄၄နေရာတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်ကုန် သည်များအသင်းမှ သိရသည်။
''ဆန်ကုန်သည်အသင်းအနေနဲ့ ပြည်သူတွေ စိတ်မပူရအောင် ဆန် တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောင်းပေးနေပါတယ်၊ တစ်ပြည် ကို ကျပ်တစ်ထောင်နှုန်းနဲ့ နေရာ ပေါင်း ၄၄နေရာမှာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်၊ လိုအပ်လို့ ဝယ်ချင်တယ်ဆိုရင်လည်း မြို့ နယ်အသီးသီးမှာရှိတဲ့ ဆန်ရောင်း ဝယ်ရေးလုပ်တဲ့ နေရာတွေမှာ မေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်'' ဟု အဆိုပါ အသင်းဥက္ကဋ္ဌဦးဌေး လွင်က ပြောသည်။
ပြည်တွင်းတွင် ယခုရက်ပိုင်း အတွင်း ဆန်ဝယ်လိုအား သိသိသာ သာမြင့်တက်လာခဲ့သဖြင့် ပြည်သူ များအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ဆန်လိုအပ်သလောက်ရောင်းချ ပေးနိုင်သည့် အခြေအနေတွင်ရှိ ကြောင်း၊ ဈေးနှုန်းသိသိသာသာ မြင့်တက်မှုမရှိစေရန်အတွက်လည်း ထိန်းသိမ်းကာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
''ဆန်တွေကို ဝယ်ယူဖို့အခက် အခဲရှိတယ်ဆိုရင် ဆန်ကုန်သည်များ အသင်းကို ဆက်သွယ်ပြီးတော့ ဝယ် ယူနိုင်ပါတယ် လိုအပ်သလောက်ကို လည်း ရောင်းချပေးနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။
ပြည်တွင်း ဆန်ဈေးနှုန်းများ အဖြစ် မဂျမ်းတော(အသစ်)ကျပ် ၄၅ဝဝဝ၊ မဂျမ်းတော(အဟောင်း) ကျပ် ၅၅ဝဝဝ၊ ရွှေဘိုဘေးကျား ကျပ် ၅၅ဝဝဝ၊ ဇီယာသုခကျပ် ၃၅ဝဝဝ ရှိကြောင်း မန္တလေးဆန် ဈေး ကွက်အတွင်းမှ သိရသည်။