images
UN
UN
နယ်မြေခံတပ်မတော်သားများက မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်
မေနဒီ Thursday, 04 February 2021
COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်း ကွမ်းကိစ္စများ အဆင်ပြေစေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် များအလိုက် လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ ဝင်များက မန္တလေးတိုင်းဒေသ ကြီး မဟာအောင်မြေမြို့နယ် မစိုး ရိမ်တိုက်သစ်မှ မဟာနာယက ဆရာတော်များဖြစ်ကြသည့် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသနှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာကာလင်္ကာရာ ဘိဝံသတို့ အမှူးပြုသော သံဃာ တော် အပါး ၆၂ဝ တို့အား နေ့ဆွမ်း ဆက်ကပ်လောင်းလှူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ ယမန်နေ့ ညပိုင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်များက မန္တလေး မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း ၃၅ ကျောင်းမှ သံဃာတော်အပါး ၁၈၇၅ ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။