ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေကုန်သည်များ အချက်လေးချက်ပါသော ဆုံးဖြတ်ချက်ထုတ်ပြန်
ထက်မြတ်(မန္တလေး)
Thursday, 04 February 2021
ရန်ကုန်တိုင်းဒေသကြီး ရွှေကုန်သည်များ အသင်းအနေဖြင့် ယနေ့တွင် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အချက်လေးချက် ပါသော ဆုံးဖြတ်ချက်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါအချက်များမှာ ကျပ်ငါးထောင်တန်၊ ကျပ်တစ်သောင်းတို့ကို ပြန်သိမ်းမည်ဟူသော မမှန်မကန်ကောလာဟလသတင်းများကို လက်မခံ ကြရန်၊ စိုးရိမ်ပူပန်၍ အရောင်းအဝယ်ပြုလုပ်နေသူများကို မိမိတတ်အား သရွေ့ တစ်ပိုင်တစ်နိုင်ဝိုင်းဝန်းဖျောင်းဖျပြီး ထိန်းထိန်းသိမ်းသိမ်းအရောင်း အဝယ်ပြုလုပ်ကြရန်၊ ရွှေထိငွေထိ လက်ငင်းအရောင်းအဝယ်ပြုလုပ်ကြ ရန်၊ ဃဥဠှီု -၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာနကချမှတ်ထားသောစည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင် ရွက်ပြီး အရောင်းအဝယ်ပြုလုပ်ကြရန်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေဈေးနှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လာပြီး ဇန်န ဝါရီ ၃၁ရက်တွင် အကယ်ဒမီ မီးလင်း တစ်ကျပ်သားလျှင် ကျပ် ၁၃၁၂၈ဝဝမှ ယနေ့တွင်ကျပ် ၁၃၈၂ဝဝဝအထိ ရောက်ရှိကာ လေးရက် အတွင်း ကျပ် ၆၉၂ဝဝ မြင့်တက်လာခဲ့ခြင်းကြောင့် ရွှေဈေးနှုန်းတည်ငြိမ် ရေးအတွက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။