images
UN
UN
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်သူ့လွှတ်တော်
Monday, 06 July 2015
စာအမှတ်၊ ၆/ပသ(ကမရ)/၂ဝ၁၅-ဝဝ၁
ရက်စွဲ၊ ၂ဝ၁၅ခုနှစ်၊ ဇူလိုင်လ ၆ ရက်

သို့
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် မဲစာရင်းများထုတ်ပြန်ကြေညာပေးလျက် ရှိရာ မဲစာရင်းများတွင် မှားယွင်းဖော်ပြမှုများရှိနေပြီး တိကျမှန်ကန် ပြည့်စုံမှုမရှိကြောင်း၊ အချို့နေရာများတွင် မဲစာရင်းဖော်ပြချက်မှာ ၅ဝ ရာခိုင်နှုန်းကျော်မှားနေကြောင်း သတင်းမီဒီယာများ၏ရေးသား ဖော်ပြချက်အရသိရှိရပါသည်။ ထိုသတင်းစကားများအရ တာဝန်ခံ ဆောင်ရွက်နေရသည့်အဖွဲ့အစည်းအတွက်လည်းကောင်း၊ ဆက်နွှယ် သက်ဆိုင်နေသည့်အဖွဲ့အစည်းများအတွက်လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူများသာမက နိုင်ငံတကာနှင့်အဖွဲ့အစည်းအသီးသီးကလည်း ယုံကြည်မှုနည်းစေပြီး လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာ သော ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေမှုကို အထင် အမြင်မှားမှုများရှိလာနိုင်ပါသည်။
၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ပြီးခဲ့သောရက်ပိုင်း အတွင်းက မိမိ၏မဲဆန္ဒနယ်မြေသို့သွားရောက်ကာ မဲစာရင်းအခြေ အနေကိုလေ့လာစိစစ်ခဲ့ရာ မူလက၁၅၃၂ဦး၊ ၃ ဒသမ ဝ၇ ရာခိုင်နှုန်း ရှိရာမှ ယခုအခါကွဲလွဲမှုမှာလူ ၂၁ဝ ဦးရှိ၍ ဝ ဒသမ ၄၂ ရာခိုင် နှုန်းပင် မပြည့်ကြောင်းတွေ့ရှိရပါသည်။ ဤသို့ဖြစ်လာရခြင်းမှာ ကွဲလွဲချက်များကို ပြန်လည်စိစစ်တည့်မတ်ပေးခြင်းကြောင့်ဖြစ်သည် ဟုသိရပါသည်။
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်း များကြိုတင်ထုတ်ပြန်ပေးရခြင်း၏ ရည်ရွယ်ချက်၊ သတင်းမီဒီယာ များမှတစ်ဆင့် ကြားနေရသောမဲစာရင်းများကြီးမားစွာ အမှားအယွင်း ရှိနေမှုများသည် အမှန်တကယ်ရှိနေခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်ရသည်၊ မည်သို့ပြုပြင်ဆောင်ရွက်သွားမည်တို့ကို ပါ ဆက်လက်၍ရှင်းလင်းထုတ်ပြန်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
၎။ သို့ဖြစ်ပါ၍ မဖြစ်မနေဆောင်ရွက်ပေးရမည့် အထွေထွေ ရွေးကောက်ပွဲကြီး တည်ငြိမ်ချောမွေ့စွာဖြစ်မြောက်လာရေးကို အထောက်အကူဖြစ်စေသောငှာ ဆောလျင်စွာ စိစစ်ဆောင်ရွက်နိုင်ပါ ရန် လိုအပ်သည်ဟုယူဆပါ၍ သုံးသပ်ဆောင်ရွက်နိုင်ပါရန် ပေးပို့ အပ်ပါသည်။

သူရရွှေမန်း
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်