images
UN
UN
တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ အပေါ်သက်ဆိုင်သူများ၏အမြင်များ
ဝေဝေဖြိုး၊ မျိုးပပစန်း Wednesday, 08 July 2015
(အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်)
''လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာရှိတယ်။ ပြီးတော့လဲ ဒါကလုပ်ကိုလုပ်ပေးရမယ်။ အခုအလုပ် ရှင်တွေဘက်ကနစ်နာတယ်ဆိုပြီး တောင်း ဆိုနေတာတွေရှိတယ်။ ဒါတွေကို အစိုးရ ဘက်ကလဲညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ် တယ်။ ဒီအခြေခံလစာနှုန်းထားသတ်မှတ် တဲ့နေရာမှာ မပေးနိုင်ရင်မပေးနိုင်တဲ့ စက်ရုံကပိတ်သိမ်းလို့ရတယ်။ ဒါပေမယ့် အလုပ်ထုတ်နစ်နာကြေး တစ်လကြိုပြော ပြီးမှ ဥပဒေအတိုင်းပိတ်လို့ရမှာဖြစ်တယ်။ အခု ကျပ် ၃၆ဝဝ နှုန်းထားက ဖြစ်သင့် တယ်ဆိုရင်ဖြစ်ရမှာပဲ။ ဒါကလည်း ကန့် ကွက်တဲ့သူကနည်းပါတယ်။ အများစုက လက်ခံကြတယ်။ အခုအစိုးရသက်တမ်း မှာ အပြီးသတ်မှတ်ရမှာဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ထုတ်ပြန်မယ်။ အခုလို အလုပ်ရှင်၊အလုပ် သမားအသံတွေထွက်နေတာလဲ အလုပ် ဘက်ကတောင်းဆိုမှုတစ်ခုလို့ပဲမြင်တယ်။ ချက်ချင်းကြီးတော့ စက်ရုံတွေပိတ်လို့မရ ပါဘူး''
နိုင်ငံတော်သမ္မတအကြံပေးဒေါက်တာဇော်ဦး
''ဒီလိုအနိမ့်ဆုံး လုပ်ခလစာကျပ် ၃၆ဝဝ သတ်မှတ်ခြင်းကို ဆွေးနွေးတဲ့ နေရာမှာအလုပ်ရှင်ကိုယ်စားလှယ်၊အလုပ် သမားကိုယ်စားလှယ်တွေနဲ့ အစိုးရ ပါ တယ်။ အဲဒီနေရာမှာအထည်ချုပ်လုပ်ငန်း ရှင်တွေက နည်းနည်းအခက်အခဲရှိနေ တယ်။ အဲဒီအခက်အခဲတွေကိုလည်း ဖြေရှင်းသွားမယ်။အခုချိန်မှာက အခြေခံ စီးပွားရေး အုတ်မြစ်ချဖို့၊ အလုပ်သမား စံချိန်စံနှုန်းနဲ့အညီ အခြေခံလစာနှုန်းထား သတ်မှတ်ဖို့ကအရေးကြီးတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးတွေ အထည် ချုပ်လုပ်ငန်းတွေမှာ ဝင်လာဖို့ရှိနေတယ်။ အခြေခံအဆောက်အအုံအလုပ်ချိန်၊လုပ်ငန်း ခွင်တည်ငြိမ်ရေးလိုအပ်တယ်။ ဒါကြောင့် အခြေခံလစာနှုန်းထားသတ်မှတ်ရမယ်။ နိုင်ငံတော်ကလည်း အနည်းဆုံးလုပ်ခ ကြေးငွေသတ်မှတ်ဖို့ ဦးစားပေးလုပ် ဆောင်ရမယ်။ အခုအလုပ်ရှင်ဘက်က ကန့်ကွက်တယ်ဆိုတာကိုလည်း တောင်း ဆိုမှုတစ်ခုအနေနဲ့ပဲယူဆတယ်။ ဒီနေရာ မှာ အစိုးရရဲ့ပံ့ပိုးမှုက ဘာတွေဖြစ်မလဲ။ ဖယ်ရီစီစဉ်ပေးဖို့တွေ၊လုပ်ငန်းခွင်သင်တန်း စီစဉ်ပေးဖို့တွေ၊ ပညာရေးဝန်ကြီးဌာနက ပညာရေးထောက်ပံ့ပေးဖို့တွေ၊ နောက်ပြီး ဆိပ်ကမ်းတွေမှာကုန်တင်ကုန်ချလုပ်ငန်း ရှင်အဆင်ပြေဖို့ ဆောင်ရွက်ပေးမှာတွေ ရှိတယ်။ ဒီလိုမျိုးတွေရှိတဲ့အတွက် ပံ့ပိုးမှု အပိုင်းကလဲ လုပ်ငန်းရှင်တွေအနေနဲ့ဆွေး နွေးစေချင်တယ်။ ၁၇ ဦးအဖွဲ့မှာ အများ စုရဲ့ဆန္ဒက ကျပ် ၃၆ဝဝ ဖြစ်နေတယ်။ အထည်ချုပ်လုပ်ငန်းရှင်တွေက အနည်းစု ဖြစ်တယ်။လူမှုဖူလုံရေးအဖွဲ့ကလဲ အလုပ် သမားတွေအတွက်ဘယ်လိုကူညီဆောင် ရွက်မယ်ဆိုတဲ့သဘောတူမှုတွေရခဲ့တယ်။ သုံးရက်တာဆွေးနွေးမှုမှာ အများစုက သဘောတူညီမှုရခဲ့တယ်။လုပ်ငန်းရှင်တွေ အနေနဲ့ပံ့ပိုးမှုအပိုင်းကို ပိုပြီးဆွေးနွေး စေချင်တယ်။ ဥပဒေအတိုင်း ပြည် ထောင်စုလွှတ်တော်ကိုတင်ပြပြီး ထုတ် ပြန်သွားမယ်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဒုတိယဥက္ကဋ္ဌဒေါက်တာအောင်သိန်း
အနည်းဆုံးအခကြေးငွေကို အလုပ် ရှင်ဘက်ကပေးနိုင်တဲ့နှုန်းထား၊ အလုပ် သမားတွေဘက်က လိုချင်တဲ့နှုန်းထား၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီက အဆိုပြုလိုက် တဲ့နှုန်းထား ဒီသုံးခုက တစ်ထပ်တည်း မကျတာပါ။တစ်ထက်တည်းကျရင်တော့ အဆင်ပြေသွားပြီ။ တစ်ထပ်တည်းမကျ တဲ့အတွက်ကြောင့် အလုပ်ရှင်တွေဘက် ကလည်း အဆိုပြုတဲ့ ၃၆ဝဝ ကို မပေး နိုင်ဘူးဆိုပြီး ကန့်ကွက်တယ်။ ဒီနေ့ ဆွေးနွေးပွဲရဲ့ရလဒ်ကနေ အများစုက ကန့် ကွက်တာပါ။တစ်ဦးချင်းအနေနဲ့ဘာကြောင့် မပေးနိုင်ဘူးလဲဆိုတာကို သူတို့ကိုအချိန် ပေးထားတာပါ။ ယနေ့ နောက်ဆုံးထား ပြီးတော့ပေးလိုက်တဲ့ ဖောင်ပုံစံမှာဖြည့် စွက်ပြီးတော့ မပေးနိုင်လဲ မပေးနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ပေးနိုင်တဲ့ အဆို ပြုနှုန်းထားတွေကို သူတို့ပြန်တင်ပြဖို့ဆို တာက ဒီအသင်းကို ယနေ့နောက်ဆုံး ထားပြီးပြန်တင်ပြရမှာပါ။ ဒီနေ့ အဆိုပြု နှုန်းထားတွေမပေးနိုင်တဲ့အကြောင်းရင်း တွေထဲမှာထုတ်လုပ်မှုကိစ္စ၊ အလုပ်သမား ကိစ္စနဲ့တစ်ခုတည်းမဟုတ်ဘဲနဲ့အခြားကိစ္စ တွေမြင်နေတဲ့အကြောင်းရင်းတွေ အဓိက ပါတယ်။ ဥပမာသယ်ယူပို့ဆောင်ရေး ကိစ္စတွေ၊တံတားဖြတ်တဲ့တန်ပိုကြေးများ နေတာတွေ၊ တချို့နိုင်ငံခြားသားလုပ်ငန်း ရှင်တွေဆိုရင်လဲ မြေဈေးနှုန်းကြီးတာတို့၊ စက်ရုံငှားရမ်းခနှုန်းတွေမြင့်တာတို့၊အခြား သောထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ ကုန်ကျ စရိတ်တွေများတဲ့အတွက်ကြောင့်ပဲ ဒီ အလုပ်သမားတွေကို အဆိုပြုတဲ့နှုန်းထား မပေးနိုင်ဘူးဆိုတဲ့အကြောင်းလဲပါသလို လုပ်ငန်းရှင်အများစုဆွေးနွေးတာကတော့ ဒီလုပ်ခလစာဆိုတာ သူ့လုပ်အားနဲ့ညီမျှတဲ့ လုပ်ခလစာဆိုရင် လုပ်ငန်းရှင်တွေက ပေးနိုင်တယ်။နိုင်ငံခြားသားကုမ္ပဏီတစ်ခု ဆွေးနွေးသွားတာက ဒီကအလုပ်သမား တွေကကျွမ်းကျင်မှုလဲမရှိသေးတဲ့အတွက် ကြောင့် ထုတ်လုပ်မှုကုန်ထုတ်စွမ်းအား ကလဲ အခြားနိုင်ငံနဲ့စာရင် ကုန်ထုတ် စွမ်းအားက နိမ့်ကျနေတဲ့အတွက်ကြောင့် ဒီ ၃၆ဝဝ ကို မပေးနိုင်တဲ့အကြောင်းရင်း တွေပါ။အနည်းဆုံးအခကြေးငွေကိုအလုပ် ရှင်ရော၊အလုပ်သမားရော နှစ်ယောက် စလုံးကျေနပ်စွာနဲ့ပေးနိုင်တဲ့နှုန်းထား တစ်ခုရဖို့ဆိုတာ တကယ်တမ်းတော့ နိုင်ငံတော်အစိုးရ၊အလုပ်ရှင်နဲ့ အလုပ် သမားသုံးဦးပူးပေါင်းပြီးဖြေရှင်း ဆောင် ရွက်ရမယ့်ကိစ္စပါ။ တော်တော်များများ ပြောကြတာက ကုန်ဈေးနှုန်းကိစ္စပါ။ အလုပ်သမားတွေဘက်ကကြည့်ရင်လဲ မှန်တယ်။ ကုန်ဈေးနှုန်းတွေတက်တယ်။ တခြားလူနေထိုင်မှုစရိတ်တွေ မြင့်မား လာတဲ့အတွက် အဆင်မပြေဘူးလို့ပြော တယ်။ ဘာကြောင့် ဒါဖြစ်လဲဆိုရင် ကုန်ဈေးနှုန်းတွေတက်တယ်။ ငွေကြေး ဖောင်းပွမှုတွေဖြစ်တယ်။ ဒါကြောင့်မို့ အလုပ်သမားဘက်ကမလောက်ဘူး။ မလောက်တာကို အလုပ်ရှင်ကတိုးပေး တယ်ဆိုရင်လဲ ဒါနည်းလမ်းမဟုတ်ဘူး။ တိုးပေးပြီးရင်လဲ ကုန်ဈေးနှုန်းပြန်တက် တော့မလောက်ပြန်ဘူး။ ဒါကြောင့် ကုန် ဈေးနှုန်းကျဆင်းရေးနဲ့ငွေကြေးဖောင်းပွ မှုနည်းပါးရေး တစ်နည်းအားဖြင့် ကုန် ဈေးနှုန်းတည်ငြိမ်ရေး၊ ငွေကြေးတန်ဖိုး တွေ တည်ငြိမ်ရေးအတွက်ကို နိုင်ငံ တော်အစိုးရဘက်ကလဲ ဒါကိုကိုင်တွယ် ဖြေရှင်းပေးသင့်တယ်။ အလုပ်ရှင်တွေ ကလဲ သူတို့ရဲ့လက်ခစားအခကြေးငွေ ပိုရမယ့် ဈေးကွက်တွေကိုရှာဖို့၊ အလုပ် သမားတွေဘက်ကလဲ အထည်ရဲ့အရည် အသွေးကိုကောင်းမွန်အောင်ချုပ်ပေးဖို့နဲ့ ကုန်ထုတ်စွမ်းအားတက်လာအောင် ကြိုးစားဖို့လိုပါတယ်။ ရေတိုလွယ်ကူတဲ့ အဖြေတစ်ခုတည်းနဲ့ရှင်းလို့မရတဲ့ကိစ္စမျိုး ဖြစ်တဲ့အတွက် ဒါကိုအလုပ်သမား၊ အလုပ်ရှင်၊နိုင်ငံတော်အစိုးရ သုံးဦး သုံး ဖလှယ် ဒါကိုဆွေးနွေးပြီးတော့နည်းလမ်း ရှာမှလဲ ပြေလည်တဲ့အဖြေတစ်ခုထွက် မယ်လို့ထင်ပါတယ်။