images
UN
UN
'စီးပွားရေးလုပ်တဲ့အခါကိုယ့်အတွက်ပဲမလုပ်နဲ့လို့တရုတ် သမ္မတကြီးရှီကျင့်ဖျင်ကပြောပါတယ်'CITIC ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌFrank Ma Chuanfu နှင့်တွေ့ဆုံခြင်း
တဝမ်းပူနှင့်ကြည်ပြာ Monday, 13 July 2015
•• မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကနေ မဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကို သွားနေပါတယ်။ Geopolitie အရ China Dream နဲ့ Myanmar Dream ကဆက်စပ်နေပါတယ်။ CITIC ကုမ္ပဏီ ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟာဗျူဟာ နဲ့နည်းဗျူဟာကို သိချင်ပါတယ်။

CITIC ကုမ္ပဏီအနေနဲ့ မြန်မာမှာ လုပ်ငန်းတွေအများကြီးရှိပါတယ်။ မြန်မာ နိုင်ငံမှာတင်မကပါဘူး။ အာဖရိကတို့၊ လက်တင်အမေရိကတို့မှာလဲ ကျွန်တော် တို့လုပ်ငန်းတွေရှိပါတယ်။ အာရှမှာဆိုရင် ကျွန်တော်တို့ ထိုင်းနိုင်ငံမှာရော မြန်မာ နိုင်ငံမှာပါ အလုပ်ရှိတယ်။ ကာဇက်စတန် မှာလဲရှိပါတယ်။ CITIC Group က မြန်မာ နိုင်ငံမှာ ၁၉၉ဝ ပြည့်နှစ်ကတည်းက လုပ် နေပါပြီ။ အဲဒီတုန်းက ကျွန်တော်တို့ လျှပ်စစ်လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ သဖန်းဆိပ်မှာ ရေအားလျှပ်စစ်လုပ်ခဲ့ပါ တယ်။ ရဲရွာမှာလဲ လုပ်ငန်းတချို့လုပ်ခဲ့ပါ တယ်။ ၂ဝ၁၂တုန်းက ဒီဇယ်ခေါင်းစက်ရုံ တစ်ခု လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တော့ အာရှနိုင်ငံကြီးများမှာ စီးပွားရေး တွေလုပ်ပါတယ်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ကပြောတယ်။ One Belt,one road စီမံကိန်းအတိုင်း အိမ်နီးချင်းနိုင်ငံ တွေနဲ့ စုပေါင်းလုပ်ဆောင်ပြီးတော့ စီးပွား ရေးလုပ်ဆောင်ရမယ်၊ တချို့လူကတော့ အထင်အမြင်လွဲမှားရင် မှားမယ်၊ စီးပွား ရေးလုပ်ငန်းအသီးသီးကို ပူးပေါင်းပြီး လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ဒါကို တချို့က အယူအဆတွေမှားနေတာ ရှိရင် လဲရှိမယ်။ မှားရေးတာရှိရင်လဲရှိမယ်။ ကိုယ်ကျိုးအတွက် လုပ်နေတယ်လို့ပြော ကြတယ်။ လမ်းပဲဖောက်သည်ဖြစ်စေ၊ တံတားပဲဆောက်သည်ဖြစ်စေ ပြည်သူ အတွက် စဉ်းစားပြီးလုပ်တယ်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တရုတ်သမ္မတရှီကျင့် ဖျင်တွေ့ဆုံတုန်းက တရုတ်နိုင်ငံနဲ့ မြန်မာ နိုင်ငံစီးပွားရေးလမ်းကြောင်းပေါက်သွားဖို့ ပြောခဲ့ကြတယ်။ ဒါက ရထားလမ်းတစ်ခု၊ ဆိပ်ကမ်းတစ်ခုဆောက်တာနဲ့မကတော့ ဘူး။ လမ်းတွေဖောက်လိုက်တဲ့အတွက် ကျေးရွာတွေတိုးတက်လာတာပေါ့။ တရုတ် စကားပုံအရ လမ်းကောင်းမှ တိုးတက်မှာ ဖြစ်တယ်။ သူတို့မှာ ကူညီမယ့် Plan ရှိ တယ်။ ထိုင်းဖြစ်စေ၊မြန်မာဖြစ်စေ၊ စက်မှု ဇုန်တွေလဲ လုပ်ဖို့ရှိတယ်။ တရုတ်ပြည်က စက်မှုဇုန်တွေက ခေတ်မီနေပြီ၊ တိုးတက် နေပြီ၊ တရုတ်က စက်မှုလုပ်ငန်းမှာ တိုး တက်နေပြီ၊ ဘက်စုံတိုးတက်နေပြီး တရုတ် ရဲ့ပစ္စည်းက ဈေးပေါတယ်။ အသုံးခံ တယ်။ တချို့ဆို ဂျပန်၊ ဥရောပထက်
ကောင်းတာတွေတောင်ရှိတယ်။ တချို့ ပစ္စည်းတွေက ဥရောပထက် ကောင်း တယ်။ ဈေးပေါတယ်။ အိမ်နီးချင်းနိုင်ငံ တွေနဲ့ကိုက်ညီတယ်။ ခုရခိုင်ပြည်နယ်က ကျောက်ဖြူမှာ စက်မှုဇုန်လုပ်ဖို့ အစီအစဉ် ရှိတယ်။ ဒီကျောက်ဖြူအထူးစီးပွားရေး ဇုန်ကတော့ သီလဝါတို့၊ ထားဝယ်တို့လို သုံးခုထဲက။ စက်မှုဇုန်ဆိုတာ ရင်းနှီးမြှုပ်နှံ မှုတွေလာလုပ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ စက်မှုဇုန်မှာ တရုတ်တစ်ဦးတည်းလာ ရောက်ရင်းနှီးမှာမဟုတ်ပါဘူး။ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ဥရောပနိုင်ငံတွေ ပါလာရောက်ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ ထိုင်းလဲပါတယ်။ စက်မှုဇုန်ထုတ်ပြီး စက်ရုံထောင်ရင် မြန်မာတစ်ခုတည်းမက ပဲ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံ တွေပါပို့နိုင်တယ်။ အားလုံးလဲသိပြီးသား ဖြစ်မှာပါ။ ရေကြောင်းလမ်းနဲ့ သယ်တဲ့ ကိစ္စက ကုန်ကြောင်းထက် ပိုသက်သာ တယ်။ စက်မှုဇုန်ဖြစ်လာဖို့အတွက် ဆိပ် ကမ်းတစ်ခု လိုအပ်တယ်။ ဒါကြောင့် ဆိပ်ကမ်းတည်ဆောက်ဖို့ ရှိပါတယ်။ ကျောက်ဖြူမြို့နယ်ဟာ ရေနက်ဆိပ်ကမ်း တစ်ခုဖြစ်ပါတယ်။ ဆောက်ဖို့အတွက် ကောင်းတဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် ရေနက်ဆိပ်ကမ်းဆောက်ဖို့ ကောင်းပေ မယ့် မြန်မာပြည်တွင်းနဲ့ဆက်သွယ်ဖို့ကျ တော့ ရခိုင်ရိုးမတောင်တန်းကြီးရှိလို့ ကုန်း လမ်းကြောင်းက အခက်အခဲရှိပါတယ်။ ဒါကြောင့် CITIC ကုမ္ပဏီက အခြားနည်း ပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းတိုင်ပင်နေ ပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီမှာ ထိုင်းနိုင်ငံရဲ့CP ကုမ္ပဏီလည်းပါတယ်။ ဂျပန်နိုင်ငံရဲ့ Tokyo လည်းပါတယ်။CP နဲ့တိုကျိုကုမ္ပဏီက CITIC ရဲ့ ရှယ်ယာဝင် တွေဖြစ်တယ်။ ကျွန်တော်တို့ ကုမ္ပဏီတင် မကပါဘူး။ အခြားကုမ္ပဏီတွေကိုပါ ဖိတ် ခေါ်ထားတယ်။ အာရှကုမ္ပဏီ၊ ဥရောပ ကုမ္ပဏီတွေကိုပါဖိတ်ထားတယ်။ International Company ဖြစ်တာကြောင့် တခြားကုမ္ပဏီများရဲ့ နည်းပညာတွေကို အကုန်ယူပြီးလုပ်မှာပါ။ ဥရောပနိုင်ငံ တွေက တရုတ်နိုင်ငံကို သိပ်မကြိုက်ကြ ပါဘူး။ တရုတ်သမ္မတကြီးက ပြောပါ တယ်။ စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့် အတွက်ပဲ မလုပ်နဲ့လို့ပြောတယ်။ ဒါ ကြောင့် ကျွန်တော်တို့က တရုတ်သမ္မတ ကြီးပြောတဲ့အတိုင်းပဲ ကျေးလက်ရန်ပုံ ငွေကို စတင်တည်ထောင်ခဲ့တာဖြစ်ပါ တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို ၉ဝပြည့်နှစ်လောက်ကတည်းကဝင်လာတာ ဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မလုပ်ဖြစ်ခဲ့ရင်တောင်မှ CSR အစီအစဉ် ကိုလုပ်ဖို့ အစီအစဉ်ရှိပြီးသားပါ။ CSR လုပ်ရခြင်းအကြောင်းက ဘယ်လုပ်ငန်း လုပ်လုပ် ပြည်သူအတွက် ကောင်းတာ လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ် တာပါ။ ကျွန်တော်တို့ CITIC ကုမ္ပဏီ က အလွန်ပြည့်ဝတဲ့အတွေ့အကြုံ ရှိပြီး သားပါ။ ကျွန်တော်တို့ CITIC ကုမ္ပဏီက တရုတ်မှာတင်မဟုတ်ဘူး။ ကမ္ဘာမှာ နာမည်ကောင်းရှိပြီးသားပါ။ ဒါကြောင့် တခြားနာမည်ကြီး ကုမ္ပဏီများကိုခေါ်ပြီး ကောင်းမှလုပ်မှာပါ။ CITIC ကုမ္ပဏီက နှစ်(၃ဝ)ကြာလုပ်လာတဲ့ အတွေ့အကြုံ တွေကို မြန်မာနိုင်ငံမှာ ဝေမျှပေးချင်ပါ တယ်။ ဥပမာပြောရမယ်ဆိုရင် ကျေး လက်ရန်ပုံငွေကိစ္စ ကျေးရွာသားတွေကို ထိုင်းနိုင်ငံမှာ ရှင်းပြခဲ့တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ CITIC ကုမ္ပဏီက အောင် မြင်ခဲ့တဲ့အကြောင်း၊ ရှုံးနိမ့်ခဲ့တဲ့အကြောင်း တွေ ရှင်းပြပေးဖို့ရှိပါတယ်။ ကျွန်တော် တို့ကလည်း တွေ့ကြုံရာမှာ အောင်မြင်ခဲ့ တာတွေကို ဖလှယ်မှာဖြစ်သလို ကျရှုံးခဲ့ရ တာတွေကို ဖလှယ်မှာဖြစ်ပါတယ်။ ကျွန် တော်တို့လဲ အမှားတွေအများကြီးလုပ်ခဲ့ဖူး ပါတယ်။ တရုတ်ပြည်မှာ အရင်ကပတ် ဝန်းကျင်ထိန်းသိမ်းမှုတွေ မလုပ်ခဲ့တာရှိပါ တယ်။ ဒါကြောင့် ခုဆို ကျွန်တော်တို့
ပတ်ဝန်းကျင်ပျက်စီးတဲ့ကိစ္စတွေကို အရမ်း သတိထားတယ်။ ပတ်ဝန်းကျင်ပျက်စီး မယ့် ပြဿနာတွေကို ကျွန်တော်တို့စဉ်း စားပါတယ်။ တရုတ်နိုင်ငံမှာ အရင်က အရမ်းလုပ်ခဲ့တဲ့အတွက် ပတ်ဝန်းကျင်တွေ အရမ်းပျက်စီးခဲ့တယ်။ အခုဆိုရင် ပတ်ဝန်း ကျင် မပျက်စီးအောင် အလွန်ထိန်းသိမ်း ရတယ်။ တရုတ်နိုင်ငံမှာ ပတ်ဝန်းကျင် မပျက်စီးစေဖို့ ဥပဒေတွေလည်း တင်း ကျပ်ထားပါတယ်။ဒါကြောင့် ဘယ်နေရာ မှာပဲ ရင်းနှီးမြှုပ်နှံပါစေ ဒီအမှားကို ဆက် အမှား မခံနိုင်တော့ဘူး။ ဒေသခံတွေ အတွက် လုပ်ဆောင်ပေးမယ်။ ပတ်ဝန်း ကျင်မထိခိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်မှာသေချာပါတယ်။ ဘယ်နိုင်ငံမှာပဲ ဘယ်လိုပဲလုပ်လုပ် ပတ်ဝန်းကျင်ထိခိုက် မယ့်ကိစ္စမျိုးကို မလုပ်ပါဘူး။ ဆက်အမှား မခံနိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကနေ ပြည်သူ့ဘက်ကဝန်ကြီးဌာနက အစိုးရ ဘက်က တုံ့ပြန်လာတဲ့ကိစ္စတွေကို နား ထောင်ပြီး လုပ်ပေးဖို့အသင့်ရှိပါတယ်။ အရင်ပြည်တွင်းမှာလုပ်ခဲ့တဲ့အမှားတွေကို မမှားဖို့ ကျွန်တော်တို့လုပ်ဆောင်ပေးပါ မယ်။ အမြဲသတိထားနေပါတယ်။ စီးပွား ရေးက ဘယ်လိုပဲတိုးတက်နေပါစေ ကျွန် တော်တို့ လူဦးရေကအရမ်းသိပ်သည်းနေ တယ်။ CITIC ကုမ္ပဏီတွေက လမ်း ဖောက်လုပ်သည်ဖြစ်စေ၊ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ CITIC ကုမ္ပဏီမှာ ပြည့်ဝတဲ့အတွေ့အကြုံတွေ ရှိပါတယ်။ ဒါဆို ကျွန်တော်တို့ လုပ်ငန်း တွေက အဆင်ပြေပါတယ်။ ဒါကတော့ ကျွန်တော်တို့မြန်မာပြည်မှာ ပထမဆုံး စဉ်းစားထားတဲ့အချက်တွေပေါ့။ မျှော် လင့်တာက အရင်ဆုံး ဆုံးဖြတ်ချက်တွေ ချပြီး အကောင်းဆုံးဘာတွေလုပ်မလဲဆို ပြီး ဆွေးနွေးသွားဖို့ပါပဲ။ ကျောက်ဖြူနဲ့ တူတဲ့ ထားဝယ်တို့ကတော့ လုပ်ငန်းတွေစနေပေမယ့် ကျောက်ဖြူက မစရသေးဘူး။ ခုချိန်ထိတိုင်ပင်နေတုန်းပဲ။ ဒါပေမယ့်ရပါတယ်။ နိုင်ငံနဲ့ယှဉ်တဲ့အတွက် အသေးစိတ်ဆွေးနွေး နေတယ်လို့ ထင်ပါတယ်။ ခုချိန်မှာ တကယ့်စိတ်ရင်းနဲ့လုပ်နိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အရည်အချင်းတွေလည်းရှိပါတယ်။ သီလဝါပဲ ဖြစ်ဖြစ်၊ထားဝယ်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုတွေကတော့သိန်းပေါင်းသောင်း ချီပါတယ်။ ကျောက်ဖြူဆိုလည်း ရင်းနှီးမြှုပ်နှံမှုကကြီးမှာ သေချာပါ တယ်။ ကျွန်တော်တို့ရဲ့ကုမ္ပဏီမှာ အရည်အချင်းရှိပါတယ်။ ပြည်တွင်း ပြည်ပမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ပူးပေါင်းခြင်းနဲ့လုပ်ဆောင်နိုင်ရန် မျှော်လင့် ပါတယ်။
ကျွန်တော်တို့နဲ့ဝန်ကြီးဌာနကလူတွေနဲ့ စီးပွားရေးဇုန်လုပ်မယ့်သူတွေနဲ့ တိုင်ပင်နေတယ်။ ကျွန်တော်တို့က အမြန်ဆုံးလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်။
ကျွန်တော်တို့ကုမ္ပဏီက ပြည်တွင်းမှာ CSR တွေအများကြီးလုပ် နေပါတယ်။ တိဗက်မှာလည်းရှိတယ်။ ယူနန်မှာလည်းရှိတယ်။ ယူနန် ပြည်နယ်မှာ အသီးတစ်မျိုး စိုက်ခိုင်းတယ်။ သလဲသီးပေါ့။ ဒီသလဲသီး လုပ်ဖို့ ယူနန်ကစိုက်လို့ကောင်းတယ်။ ကျွန်တော်တို့ ကုမ္ပဏီက တရုတ်ပြည်မှာလည်း နယ်စပ်ဒေသမှာရှိတဲ့ ဆင်းရဲတဲ့ဒေသတွေကိုလှူပါ တယ်။ အောင်မြင်တဲ့ကျေးရွာတွေကို လှည့်ပတ်ပြီးကြည့်ခဲ့တယ်။ အခုသွားကြည့်တဲ့ရွာမှာ ဟင်းခတ်အမွှေးအကြိုင်စိုက်တယ်။ တစ်အိမ်ရဲ့ တစ်လဝင်ငွေက ဒေါ်လာ ၆ဝဝဝ ထိရှိပါတယ်။ ဒါကပုံမှန်ဝင်ငွေပါ။ အရမ်းကြီးတဲ့အိမ်တွေဆိုရင် ပုံမှန်ဒေါ်လာ နှစ်သောင်းရပါတယ်။ အခု ကျောက်ဖြူမှာလည်း ဘာစိုက်ရင်ကောင်းမလဲစဉ်းစားနေပါတယ်။ဒေသခံတွေနဲ့ စိုက်ပျိုးရေးပညာရှင်တွေနဲ့