images
UN
UN
လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးတဲ့အထဲမှာအာမခံထားတဲ့အကာအကွယ်ကအထိရောက်ဆုံးပဲ။ မြန်မာ့အာမခံလုပ်ငန်းမှဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းနှင့်တွေ့ဆုံမေးမြန်းခြင်း
မျိုးပပစန်း၊ ဝေဝေဖြိုး Sunday, 19 July 2015
သဘာဝဘေးအန္တရာယ်နှင့်အသက်အိုးအိမ်စည်းစိမ်အတွက် ရုတ်တရက်ဆုံးရှုံးမှုမှကာကွယ်ရန် အာမခံထားရှိသင့်ကြောင်းပြောကြားခဲ့သူမြန်မာ့အာမခံလုပ်ငန်းမှဦးဆောင်ညွှန်ကြားရေးမှူးဦးအေးမင်းသိန်းနှင့်တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

• မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံ ထားရှိမှုက ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်လျှင် အခြေအနေ ဘယ်လိုရှိပါသလဲ။
မြန်မာ့အာမခံလုပ်ငန်းရဲ့နှစ်စဉ်ဝင်ငွေ တိုးတက်မှုရှိခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ဝင်ငွေ ကျပ်သန်းလေးထောင်ကျော်အထိ တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၃ ခုနှစ်မှာ ပုဂ္ဂလိကအာမခံကုမ္ပဏီတွေ စတင်ဖွင့်လှစ်ခဲ့လို့ ၂ဝ၁၄ ခုနှစ်ထဲမှာ ဝင်ငွေသန်းပေါင်း ၃၆ဝဝ ကျော်ပဲရရှိ တာကြောင့် ဝင်ငွေအနည်းငယ်ကျဆင်း ခဲ့ပါတယ်။

• အာမခံနဲ့ပတ်သက်ပြီး ထပ်မံတိုးမြှင့် ဖို့ ဘယ်လိုရှိပါသလဲ သိပါရစေ။
မြန်မာ့အာမခံလုပ်ငန်းမှာ ကိုယ်စား လှယ်ပေါင်း ၁၃၉၈ ဦးရှိပြီးဖြစ်ပါသည်။ ကိုယ်စားလှယ်တွေက လုပ်ငန်းရှာပြီး အာမခံထားချင်သူတွေကိုယ်စား ထပ်ပြီး ဆောင်ရွက်ပေးနေရပါတယ်။ မြန်မာ့ အာမခံလုပ်ငန်း၊ ကိုယ်စားလှယ်၊ အာမခံ ထားသူသုံးဦးစလုံး အကျိုးခံစားရပါ တယ်။ အာမခံအမျိုးအစားသစ်တွေကို လည်း ခေတ်ကာလအခြေအနေလိုအပ် ချက်အရ တိုးချဲ့ဆောင်ရွက်ရမှာဖြစ်ပါ တယ်။

• မြန်မာနိုင်ငံမှာ အာမခံထားကြရာမှာ ဘယ်လိုအာမခံမျိုးကို အများဆုံးထားပါ သလဲ။
မီးအာမခံလုပ်ငန်းဟာ မြန်မာ့အာမခံ လုပ်ငန်းကဆောင်ရွက်တဲ့ အာမခံ လုပ်ငန်းတွေထဲမှာ ဝင်ငွေအများဆုံးရရှိ တဲ့ အာမခံလုပ်ငန်းဖြစ်ပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဝင်ငွေကျပ် သန်းပေါင်း ၁၆ဝဝဝ ကျော်ရရှိပါတယ်။ မီးအာမခံထားသူ ဦးရေက ၃ဝဝဝ လောက်ရှိပါတယ်။

• ပုဂ္ဂလိကအာမခံလုပ်ငန်းအခြေအနေ တိုးတက်မှုနဲ့ထပ်မံတိုးမြှင့်လျှောက်ထား မှုရှိပါသလား။
လက်ရှိပုဂ္ဂလိကကုမ္ပဏီ ၁၁ ခုကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးပြီးဖြစ်ပါတယ်။ တစ်ခုကတော့ လိုင်စင်ထုတ်မပေးရသေးဘူး။ အဲဒီထဲ မှာ အသက်အာမခံကထားလို့ရတဲ့ ပုဂ္ဂလိကအာမခံကုမ္ပဏီက သုံးခုရှိတယ်။ ကျန်တာက အထွေထွေအာမခံထားတာ။ အစိုးရနဲ့ဆို အာမခံထားတဲ့ ကုမ္ပဏီ ၁၂ ခုကလုံလောက်မှုရှိတယ်။ ထပ်ထုတ်ပေး ဖို့ အစီအစဉ်မရှိသေးပါဘူး။

• အခုလက်ရှိကျန်းမာရေးအာမခံ စနေ ပြီလို့သိရပါတယ်။ ကျန်းမာရေး အာမခံ ထားရှိမှုရော ဘယ်လိုရှိပါသလဲ။
ကျန်းမာရေးအာမခံအနေနဲ့ လုပ်ငန်း စတင်တဲ့ ဒီလ ၁ ရက်ကနေ ယနေ့ အထိ အာမခံထားရန်အဆိုပြုသူ ၁၅၄ ဦးရှိတဲ့အနက် ၁၄ဝ ကို လက်ခံပြီး ဖြစ်ပါတယ်။ ဆက်လက်၍ အဆိုပြုလွှာ များကိုစိစစ်လက်ခံသွားမှာပါ။

• ကျန်းမာရေးအာမခံက ဘယ်လိုမျိုး ဖောင်တင်ပြီး လူတစ်ယောက်ကို ဖောင် ဘယ်နှစောင်တင်လို့ရပါသလဲ။
ကျန်းမာရေး အာမခံထားမယ်ဆိုရင် တစ်ယူနစ်ကို ကျပ် ၂၅ဝဝဝနဲ့ အသက် (၆)နှစ်ကနေ(၆၅)နှစ်အသက်အရွယ်ထိ အသက်အာမခံထားရှိနိုင်တယ်။ အသက် (၆)နှစ်ကနေ(၁၈)နှစ်အထိက မိဘအုပ် ထိန်းသူကဝယ်ပြီး အသက်အာမခံထား ရမယ်။ လူတစ်ယောက်ကို အသက် အာမခံငါးယူနစ်ထိထားလို့ရတယ်။

• ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီး အာမခံချက်ကရော ဘယ်လိုဝန်ဆောင်မှု ရရှိပါသလဲ။
လူတစ်ယောက်အတွက် အသက် အာမခံထားရင် အဲဒီသူက မတော်တဆ ဆေးရုံတက်ရရင် တစ်ယူနစ်ထားရင် တစ်ရက်ကို ကျပ် ၁၅ဝဝဝ ရမယ်။ ဆေးကုသစရိတ်ပေါ့။ ဆေးရုံ စတက် တက်ချင်း သုံးရက်တော့မရဘူး။ နောက် ပိုင်းမှရမယ်။ သေဆုံးရင်တော့ ကျပ် ၁ဝ သိန်းရမယ်။ အဲဒီထဲမှာ ဆေးရုံတက် စရိတ်ကို ပြန်နုတ်မယ်။ ဒါမှမဟုတ် လူ တစ်ယောက်တည်းနဲ့ ငါးယူနစ်ဝယ်ထား ရင်လဲ သူ့ဆတိုးအတိုင်းရမယ်။

• ဒီအာမခံနဲ့ပတ်သက်ပြီး စည်းကမ်း ပိုင်းအနေနဲ့ အခြားသတ်မှတ်ချက်ရှိပါ သလား။
ရှိပါတယ်။ ဒီကျန်းမာရေး အသက် အာမခံအတွက် ဖောင်တင်တော့မယ် ဆိုရင် ကျန်းမာရေးဆိုပါစို့။ ရောဂါရှိရင် ရှိတယ်။မရှိရင်မရှိဘူး၊အမှန်အတိုင်းထည့် ရမယ်။ တကယ်လို့ အာမခံမထားခင် ရောဂါရှိနေတယ်။ ပြီးတော့လဲ အဲဒီ ရောဂါနဲ့သေရင် အာမခံကြေးမရဘူး။ ဆေးစစ်ချက်ကအရေးကြီးတယ်။

• အာမခံထားရှိမှုမှာ ရေကြောင်းကုန် ပစ္စည်းနဲ့ပတ်သက်ပြီး အထက်ကိုတင်ပြ ထားဖို့ရှိတယ်လို့သိရပါတယ်။ ယခု လက်ရှိရော တင်ပြပြီးပြီလား။
ရေကြောင်းအာမခံဆိုတာကုန်ပစ္စည်း တွေ တစ်နေရာကနေ တစ်နေရာကို ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း တွေနဲ့သယ်ဆောင်ရာမှာ ရေကြောင်း ကုန်ပစ္စည်းအာမခံထားရှိခြင်းနဲ့ ဆုံးရှုံးမှု ပေါ်ပေါက်လာရင် လျော်ကြေးပြန်လည် ရရှိနိုင်တဲ့ အာမခံအမျိုးအစားဖြစ်ပါ တယ်။ ယခုအချိန်ထိတော့ မြန်မာ့အာမခံ လုပ်ငန်းကပဲ လက်ခံဆောင်ရွက်လျက် ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများသို့ မကြာမီလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်။

• နိုင်ငံခြားသားတွေအတွက်ရော အာမခံထားရင် ဒေါ်လာနဲ့ပေးသွင်းရပါ သလား။
ဒေါ်လာအာမခံဆိုတာ မရှိပါဘူး။ နိုင်ငံခြားသားလဲ အာမခံထားလို့ရပါ တယ်။ အာမခံထားငွေကို ကျပ်ငွေအစား ဒေါ်လာနဲ့အဆိုပြုပြီး ပရီမီယံကို ဒေါ်လာ ငွေနဲ့သွင်းခြင်းဖြစ်ပါတယ်။ လျော်ကြေး ပေးတဲ့အခါမှာလဲ ဒေါ်လာနဲ့ပြန်ပေးခြင်း ဖြစ်ပါတယ်။ မြန်မာ့အာမခံမှာ ဒေါ်လာ နဲ့လက်ခံတဲ့ အာမခံအမျိုးအစားအချို့ ရှိပါတယ်။

• မြန်မာနိုင်ငံမှာ အာမခံထားရှိမှု နည်း သေးတဲ့အပေါ် ဆရာ့အမြင်လေးပြောပေး ပါဦး။
မြန်မာနိုင်ငံမှာ အာမခံထားဖို့အတွက် မေးတဲ့သူကနည်းတယ်။လာမေးရင်တော့ ဒီကဝန်ထမ်းတွေဖြေပေးဖို့ရှိပါတယ်။ အခုလက်ရှိ အာမခံမှာလဲ နိုင်ငံခြားသား တွေက ပိုပြီးမေးမြန်းတာ၊ စိတ်ဝင်စား တာတွေ့ရပါတယ်။နိုင်ငံခြားမှာ ကျောင်း တွေကအစ သင်ကြားပေးတာရှိတယ်။

• ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောချင်ပါသလဲ။
လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးတဲ့အထဲမှာ အာမခံ ထားတဲ့အကာအကွယ်က အထိရောက် ဆုံးပဲ။ ဘာလို့လဲဆိုတော့ ဆုံးရှုံးသွား တာကို ပြန်လည်ရရှိနိုင်တယ်။ ချက်ချင်း ကြီး ချမ်းသာနေတာကနေ ဥပမာ- မီး လောင်လို့ ပစ္စည်းတွေဆုံးရှုံးသွားတယ် ဆိုရင် အာမခံမထားရင် ချက်ချင်း ဆင်းရဲနိုင်တယ်။ အာမခံထားရင် ဒါမျိုး တွေမဖြစ်တော့ဘူးပေါ့။ ဒါကြောင့်အာမခံ ထားစေချင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။