images
UN
UN
အိမ်ခြံမြေဈေးကွက်ကငါးပွက်ရာငါးစာချဆိုတဲ့ မြန်မာစကားပုံအတိုင်းပဲ အိမ်ခြံမြေဝန်ဆောင်မှုအသင်းအထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးအောင်နှင့်တွေ့ဆုံခြင်း
မေလွင်၊မျိုးပပစန်း Wednesday, 29 July 2015
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ယခုလဒုတိယပတ်မှစတင်၍ ဒေါ်လာဈေးနှုန်းများ အဆမတန်မြင့်မားလာပြီး ယင်းသို့ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ပြည်တွင်းအိမ်ခြံမြေဈေးကွက်အပေါ်ကျရောက်လာသည့်ဈေးကွက်ပြောင်းလဲမှု အနေအထား၊ ရင်းနှီးမြှုပ်နှံမှုအကြောင်းများနှင့်ပတ်သက်ပြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်းအထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးအောင်နှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

• မြန်မာနိုင်ငံရဲ့အခုလတ်တလော အိမ် ခြံမြေဈေးကွက်က ဘယ်လိုရှိပါသလဲ။
လတ်တလော အိမ်ခြံမြေဈေးကွက် က အေးနေတယ်။ ဒေါ်လာဈေးကလဲ ကယောက်ကယက်ဖြစ်နေတော့ အေး တာပါ။ နောက်ပြီး လှုပ်ရှားမှုတွေဖြစ်နေ ပါတယ်။ ဒါကြောင့် အရောင်းအဝယ်က တည်ငြိမ်နေမှာဖြစ်တယ်။ ရင်းနှီးမြှုပ်နှံ တဲ့သူကလည်း စဉ်းစားနေတဲ့အခြေအနေ ဖြစ်တယ်။ ဒီအချိန်က ရင်းနှီးမြှုပ်နှံသူ ထက် တကယ်နေထိုင်ဖို့ဝယ်တဲ့သူက ပို များတယ်။ အရောင်းအဝယ်ငြိမ်တော့ ဈေးကလည်းတန့်နေတယ်။ ဈေးသင့် တော်တယ်ပေါ့နော်။ အဲဒီလိုဖြစ်နေတယ်။

• အခုလတ်တလော ဒေါ်လာဈေးလှုပ် ခတ်မှုက ရွှေကိုအကျိုးသက်ရောက်မှု တိုက်ရိုက်ရှိတာတော့ လူတွေသိလိုက် တယ်။ အိမ်ခြံမြေတော့ မသိလိုက်ဘူးဆို တာက ဘယ်လိုမျိုးလှုပ်ခတ်မှု ဖြစ်ခဲ့ပါ သလဲ။
ဒလမှာတံတားထိုးမယ်ဆိုပြီး ၁၄ ရက်လောက် မြေဈေးတွေလှုပ်ခတ်သွား တယ်။ သန်လျင်ဘက်မှာလဲ ရင်းနှီး မြှပ်နှံဖို့ကောင်းပါတယ်။ ဒလကတော့ တံတားထိုးပြီးရင် ရန်ကုန်ကို ငါးမိနစ် လောက်နဲ့ရောက်နိုင်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုကောင်းတဲ့နေရာလို့ ပြော လို့ရတယ်။ ဒါပေမယ့် စီမံကိန်းမဖြစ် သေးတဲ့နေရာမှာမြေဈေးတစ်ဧကကျပ်သိန်း ထောင်ချီပေါက်ပြီး လက်ရှိစီမံကိန်းဖြစ် နေတဲ့နေရာက မြေဈေးတစ်ဧက ကျပ် သိန်း ၅ဝဝ ဝန်းကျင်ဆိုရင် မဖြစ်သင့် ဘူး။ မဖြစ်သင့်တဲ့နေရာမှာ သွားဖြစ်ရင် ရင်းနှီးမြှုပ်နှံသူအနေနဲ့ မှန်သလား၊မှား သလား အဖြေထွက်လာမယ်။ ဒါ အိမ်ခြံ မြေ လှုပ်ခတ်သွားတာပြောတာပါ။

• အခုလက်ရှိ မြန်မာနိုင်ငံမှာ အိမ်ခြံမြေ နဲ့ပတ်သက်ပြီး ရင်းနှီးမြှပ်နှံမှုဝင်လာ တာရော ဘယ်လောက်များရှိပါသလဲ။
ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာ အရမ်း ကိုနည်းပါသေးတယ်။ ကွန်ဒိုမီနီယမ်ဆို လဲ အစိုးရနဲ့နီးစပ်တာ နှစ် ၅ဝ၊၆ဝ၊၇ဝ တွေရတယ်။ နောက်ပြီး တကယ်ရင်းနှီး မြှပ်နှံသူတွေက လာတာနည်းပါတယ်။ သေချာကြည့်မယ်ဆို ၂ဝ ရာခိုင်နှုန်း လောက်ပဲရှိသေးတယ်။

• မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကို ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတဲ့နိုင်ငံတွေ ဘယ် နိုင်ငံတွေဖြစ်မလဲ။
အဓိက တရုတ်၊ နောက်ပြီး ကိုရီး ယား၊ ဂျပန်နိုင်ငံတို့ ပိုစိတ်ဝင်စားတယ်။ ဂျပန်နဲ့တရုတ်က အများဆုံးဖြစ်တယ်။

• အခုဆိုရင် ဆောက်လုပ်ရေးကန်ထ ရိုက်တိုက်တွေက အရင်ထက်ဆောက် လုပ်မှုနည်းသွားတယ်လို့ သိရပါတယ်။ အဲဒါကရော အိမ်ခြံမြေကိုတိုက်ရိုက်ထိ ခိုက်မှုရှိလား။
ဒါနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါ တယ်။ တိုက်ခန်းဆောက်လုပ်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကစာချုပ် တွေ အများကြီးလိုက်ချုပ်ထားတာ တွေ့ရတယ်။ တကယ်တမ်း အိမ်ခြံမြေ ဈေးကွက်အေးသွားတော့ တိုက်ခန်း အရောင်းအဝယ်နဲ့ ဆောက်လုပ်မှုတွေ နည်းနည်းခက်ခဲသွားတယ်။ တိုက်ခန်း တွေလဲ မရောင်းရတော့ဘူး။ အဲဒီတော့ ဆောက်လုပ်မှုလည်း နည်းသွားတယ်။ တချို့ဆို ဝယ်ထားတာကို မျှဆောက်ရ တော့ တစ်နှစ်နဲ့ပြီးမယ်လို့ပြောထားရင် တစ်နှစ်ခွဲလောက်ကြာကုန်တာတွေ၊ သတ်မှတ်ရက်မှာ မပေးနိုင်တာတွေ ဖြစ် ကုန်တော့ ပြဿနာဖြစ်တယ်။ ဒါတွေ က အိမ်ခြံမြေဈေးကွက်အေးသွားလို့ ထိခိုက်တာနဲ့ဆက်စပ်နေတယ်။

• တစ်နှစ်ထက်တစ်နှစ် အိမ်ခြံမြေ ဈေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနေ ပါသလဲ။
အန်တီက ၁၉၉၅ ခုနှစ်ကတည်းက အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်လာတာ ဆိုတော့ အနှစ် ၂ဝလောက်ရှိပြီ။ အဲဒီ အတောအတွင်း ဘာဖြစ်လာလဲဆိုတော့ အိမ်ခြံမြေဈေးကတက်လာတယ်။ ၁၉၉၇ ခုနှစ်မှာတစ်ခါ ၉၈ခုနှစ်ကျတော့ ပြန် ကျတယ်။ ၂ဝဝ၁ခုနှစ်မှာ တက်တယ်။ နောက်ပိုင်းတွေမှာ တက်လိုက်ကျလိုက် ဖြစ်တယ်။ အခုချိန် အေးသွားတယ်။ ကောင်းတာရှိသလို ဆိုးတာလည်း ရှိ ခဲ့တယ်။ အိမ်ခြံမြေကို အခုစပြီးလုပ်တဲ့ သူအများစုက ဒဏ်မခံနိုင်ဘူး။ အဲဒီ လိုကြောင့် အိမ်ခြံမြေဂယက်ရိုက်မှုက များခဲ့တယ်။ တစ်လှမ်းချင်းဆိုရင် အမြင့် ကိုတက်ရလွယ်တယ်။ ကျော်ပြီးတက်ရင် ပြုတ်ပဲကျတတ်တယ်။ အဲဒီသဘောပဲ။

• ၂ဝ၁၅ ခုနှစ်ရဲ့ လက်ရှိအိမ်ခြံမြေ အနေအထားကရော အရင်နှစ်တွေနဲ့ နှိုင်း ယှဉ်ရင် ဘယ်လိုမျိုးရှိပါသလဲ။
ဈေးကတန်းနေတဲ့အတွက် ရင်းနှီး မြှုပ်နှံမှု ကြာကြာလုပ်နိုင်တဲ့သူက ပြ ဿနာမရှိဘူး။ဒါပေမယ့် တချို့ကျတော့ လည်း ဘဏ်ချေးငွေရင်းနှီးမြှုပ်နှံပြီးရင် ပြန်ရောင်းဆိုတော့ ကြာကြာမထားနိုင် ဘူး။ အဲဒီတော့ ဈေးလျှော့ရောင်းရတယ်။ ဒါမျိုးတွေဖြစ်တယ်။

• ဟုတ်ကဲ့။ မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေး အာရှနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးမြင့်နေ တယ်ဆိုတာကရော။
အဲဒါက ဈေးဆိုတာ ဘယ်မြို့နယ်က ဈေးလဲပေါ့နော်။ အမေရိကားနဲ့မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနဲ့တူကောင်းတူလိမ့်မယ်။ အဲဒါက ရန်ကုန်မြို့လိုနေရာပဲဖြစ်မယ်။ ရန်ကုန်မှာဈေးကြီးတယ်။

• ဒီနှစ်ရဲ့ဈေးကွက်ကို အခုလက်ရှိ သုံးသပ်ချက်အနေကရော။
ကျသွားတယ်။ ဒါကလဲ ငါးပွက်ရာ ငါးစာချလို့ဆိုတဲ့မြန်မာစကားပုံအတိုင်းပဲ၊ အိမ်ခြံမြေဈေးကွက်ဒီနှစ်မှာကျနေတယ်။