images
UN
UN
သူတစ်ပါးလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ မိမိအသည်းတစ်ဝက်ကိုလှူဒါန်းခဲ့တာပါ
မိလဲ့ Sunday, 02 August 2015
သူတစ်ပါးလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ မိမိအသည်းတစ်ဝက်ကိုလှူဒါန်းခဲ့သော တပ်မတော်ဆက်သွယ်ရေး Electronic ကျောင်း ပြင်ဦးလွင်မှ အသည်းအလှူရှင်မစိုးကေသီဦးနှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။

♣ အသည်းလှူဖို့စိတ်ကူးရှိလာပုံလေး ပြောပြပေးပါ။
အရင်ကတော့ သေသွားရင် ခန္ဓာ ကိုယ် လှူမယ်လို့စိတ်ကူးရှိတယ်။ စလှူ ဖြစ်ဖို့စဉ်းစားတာက Online ပေါ်မှာ အစ်ကိုတစ်ယောက်က အသည်း၊ကျောက် ကပ်လှူလို့ရတာလှူမယ်လို့ တင်ထားတာ တွေ့တယ်။ သူ့ Chatbox ကိုသွားပြီး ဘယ်လိုလှူတာလဲ၊ညီမလဲလှူချင်တယ် ဆိုပြီး စကားသွားပြောလိုက်တယ်။ သူက သေချာလားမေးပြီး သေချာတယ်ပြောမှ သူက Online ပေါ်တင်ပေးတာ။ တစ်ပတ် လောက်နေတော့ သူကပြောတယ်။ အသည်းလှူမှာသေချာလား။ အိမ်နဲ့ တိုင်ပင်ပြီးသွားပြီလားမေးတယ်။ တိုင်ပင် ပြီးသွားပြီ။ အမေ့ကိုလဲ ပြောပြီးသွားပြီ။ အဲ့ဒါကြောင့် သေချာတယ်လို့ပြောလိုက် တယ်။ အသည်းလှူရမှာ။ လှူမယ်ဆိုရင် လာခေါ်မယ်ဆိုပြီး ဇူလိုင် ၅ ရက်မှာ ပြင်ဦးလွင်ကိုလာခေါ်ပေးတယ်။ဒီရောက် မှ လူနာနဲ့မြင်ဖူးတာ။ အမျိုးသမီး တစ်ယောက်မှန်းသိတာ။ လမ်းမှာအထိ ဘယ်သူ့ကိုလှူရမှန်းမသိခဲ့ဘူး။ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဘာသာခြားဖြစ် ပါစေလှူမယ်လို့စိတ်ကူးပြီးသား။

♣ လှူဖို့ဆေးရုံရောက်ပြီးတော့ရော ဘာ အခက်အခဲတွေဖြစ်လဲ။
လူနာပြောတဲ့စကားတစ်ခွန်းကြောင့် တော့ စိတ်မကောင်းဖြစ်ခဲ့တယ်။ လူနာ က ဒီလိုပိုက်ဆံပေးရမယ်ဆိုရင်အလှူ မခံဘူး။ အသေခံမယ်လို့ပြောခဲ့တယ်။ ညီမကိုလာခေါ်ပေးတဲ့အစ်ကိုကဆို မလှူ နဲ့တော့၊ ကိုယ်ကစေတနာနဲ့ အဝေးကလာ တာဆိုပြီး မလှူခိုင်းတော့ဘူး။ မြင်မြင် ချင်းမှာပဲပြောလိုက်တာ။ မလှူဘဲပြန်ရင် ပိုက်ဆံလိုချင်လို့ဆိုပြီး အထင်ခံရလိမ့် မယ်။ လှူမယ်ဆိုပြီး ညီမကလှူတာ။ သူက ဘယ်လောက်သိတတ်ရမလဲမေး တာပေါ့။ ငွေကြေးများမယ်ဆိုရင် မတတ် နိုင်လို့ မယူတော့ဘူးပေါ့။ သူလဲ ပိုက်ဆံ မပေးချင်လို့မဟုတ်ဘူး။ မတတ် နိုင်လို့။

♣ လူနာဘက်ကရော ဘာတွေလုပ်ပေး လဲ။
သူ့ဘက်က လိုအပ်တာအကုန်လုပ် ပေးပါတယ်။ အစားအသောက်ကအစ။ အခုဒီမှာခွဲစိတ်ပေးတာက အလှူရှင်ရော လူနာကိုပါ အခမဲ့ခွဲပေးတာ။ အသည်းခွဲ စိတ်တာခြောက်တွဲခွဲပေးမှာ။ နောက်ဆက် တွဲ ဆေးရုံဆက်တက်ရတာ။ လိုအပ်တဲ့ ဆေးဝါးကအစအကုန်အခမဲ့ပဲ။ ဆေးရုံက မဆင်းရသေးခင်အထိ အစားအသောက် ကအစ လိုအပ်တာအကုန် ဆေးရုံကလုပ် ပေးတယ်။

♣ အခုလို အသည်းလှူတာကို အခြေ အနေအကြောင်းကြောင်းတွေကြောင့် ကန့်ကွက်တာတွေရှိလား။
အဖေကသဘောမတူဘူး။နောက်ပိုင်း မှ သမီးရဲ့စိတ်ကိုမနိုင်လို့ လျှော့ပေး လိုက်တာ။ ဒါတောင် အဖေ့ကို တစ်ဝက် လှူရမယ်ဆိုတာ မပြောဘူး။ လေးပုံ တစ်ပုံလို့ပဲပြောခဲ့တာ။ဒီကိုလာလှူတာကို မပြောခဲ့ဘူး။ ညီမက အရင်ကနှလုံးခွဲ ဖူးတော့ အဲ့ဒီအတွက် စစ်ဆေးမှုသွားလုပ် မှာလို့ပြောပြီး အမေနဲ့နှစ်ယောက်တည်း ထွက်လာတာ။

♣ ဆေးရုံရောက်တော့ လှူတာနဲ့ပတ် သက်ပြီး စစ်ဆေးမှုတွေလုပ်သေးလား။
ခွဲခန်းထဲဝင်တော့ ဆရာဝန်ကမေး တယ်။ ဘယ်သူလှူခိုင်းတာလဲ။ အတင်း အကျပ်လှူခိုင်းတာလား။ အမျိုးတော်လို့ လှူတာလား၊ ပိုက်ဆံရလို့လှူတာလား မေးတယ်။ အမျိုးလဲမတော်ဘူး။ သိ လဲမသိဘူး။ လှူချင်စိတ်ရှိလို့လှူခဲ့တာ လို့ပြောပြလိုက်တယ်။ ငွေကြေးစကား ရောပါလားမေးတယ်။ ငွေကြေးစကား ခုထိမပြောဘူး။ ဘယ်လောက်ရမှ လှူ မယ်ဆိုပြီးမပြောဘူး။ အဲ့လိုပိုက်ဆံလိုချင် ရင် နိုင်ငံခြားမှာ သွားရောင်းစားတာ ကြာပြီလို့ ပြန်ဖြေလိုက်တယ်။ အဲ့ဒီလို စိတ်နဲ့လုပ်တော့ ငွေကြေးစကားမပြော ခဲ့ဘူး။

♣ ခွဲစိတ်ပြီးအောင်မြင်သွားတော့ အစ်မ ရဲ့ခံစားချက်လေးပြောပြပေးပါဦး။
ခွဲစိတ်ပြီးကိုယ်သိထားတာက နှစ် ယောက်လုံးအောင်မြင်တယ်ဆိုတော့အရမ်း ဝမ်းသာတယ်။ လူနာပစ်လိုက်ရတယ် ဆိုတဲ့ အချိန်မှာတော့ မျှော်လင့်ချက် ကြီးတစ်ဝက်ကုန်ဆုံးသွားတယ်။ တော် တော်စိတ်မကောင်းဘူး။ ဆရာဝန်တွေက လဲဝိုင်းချော့တယ်။

♣ အခုလို အသည်းလှူရတဲ့အတွက် အစ်မရဲ့ပီတိလေးကိုလဲပြောပြပေးပါ။
သူသာအသက်ရှင်မယ်ဆိုရင်အတိုင်း မသိပေါ့။ အခုက ကိုယ်သာလှူလိုက် ရတယ်။သူအသက်နည်းနည်းပဲရှင်တယ် ဆိုတော့ ကုသိုလ်နည်းနည်းပဲရတယ်လို့ စိတ်ထဲမှာထင်တယ်။အကုန်လုံးကတော့ ပြောပါတယ်။ အလှူအထမြောက်တယ် လို့။

♣ ရှေ့ဆက်ပြီးလှူဒါန်းမှုအနေနဲ့ ဘာ တွေလုပ်ဆောင်သွားဖို့ရှိလဲ။
သွေးလှူတာ (၁၃)ကြိမ်ရှိသွားပြီ။ အကြီးစားခွဲစိတ်မှုလုပ်ထားရလို့ တစ်နှစ် တော့နားရမယ်။ တစ်နှစ်ပြည့်ပြီးသွားရင် တော့ သွေးပုံမှန်ပြန်လှူသွားမှာပါ။ အသည်းနဲ့ ကျောက်ကပ်လှူမယ်စဉ်းစား ထားတော့ တစ်နှစ်ကျော်သွားရင်တော့ ကျောက်ကပ်လှူဖို့စဉ်းစားထားတယ်။ လက်ရှိမှာ ကျန်းမာရေးကလဲကောင်း ပါတယ်။ အသည်းလဲ တော်တော်ပြန် ပြည့်နေပါပြီ။