images
UN
UN
''စက်တင်ဘာအထိမိုးရွာဖို့အကြောင်းကအများကြီးကျန်သေးတယ်။ မြန်မာပြည်မှာရွာသမျှရေတွေ မြစ်ဝကျွန်းပေါ်ကိုရောက်လာမယ်။ဧရာဝတီနဲ့ဆက်စပ်တဲ့မြစ်ဝကျွန်းပေါ်ဒေသတော်တော်အန္တရာယ်ကြီးနိုင်ပါတယ်။တာဝန်ရှိသူတွေအနေနဲ့လေးလေးနက်နက်လုပ်သင့်ပြီးသေရေးရှင်ရေးဆိုတာ ဦးစားပေးလုပ်ရမယ်''ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ပြောကြား
ယမင်း Sunday, 02 August 2015
• မြန်မာနိုင်ငံသမိုင်းမှာ အခုလိုရေကြီးတာမျိုးကြုံဖူး ပါလား။ နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်ပါသလဲ။
မိုးလေဝသဌာနက တာဝန်ယူတိုင်းတာနေတဲ့မြစ် အားလုံး။ အဲဒီမှာတာဝန်ယူနေတဲ့ ဇလဗေဒဌာနအား လုံးကတိုင်းတာတာက စိုးရိမ်ရေမှတ်ကျော်နေတယ်။ အဲဒါကထူးခြားမှုပေါ့။ ကုန်းတွင်းပိုင်းတို့ မြစ်မရှိတဲ့ နေရာတွေမှာ ရေမြုပ်တာတော့ ၂ဝဝ၄ တုန်းက ဒီ လောက်မဆိုးဘူး။ ခုဟာကကုန်းတွင်းပိုင်းတွေလဲ မြုပ်တယ်။ မြစ်ကမ်းဘေးတွေလည်းမြုပ်တယ်။ ရှိ သမျှမြစ်အကုန်လုံးမမြုပ်ဘူးလို့လည်းမပြောနိုင်ဘူး။ ခုမှမိုးရာသီက တစ်ဝက်ပဲရှိသေးတာ။ နောက်ထပ် နှစ်လကျန်သေးတယ်။ မိုးကလည်းများဦးမယ်။မုန်တိုင်းကလည်း ဖြစ်ဦးမယ်။ ဘင်္ဂလားပင်လယ် အော်မှာမုန်တိုင်းက နှစ်လုံးပဲလာသေးတယ်။ သုံးလုံး ကနေလေးလုံးရှိဦးမယ်။ အဲဒီကျရင်မိုးတွေလာဦး မယ်။ နောက်တစ်ခါ ရှေ့ဘက်ကလာတဲ့လေပွေလှိုင်း က ခုထက်ထိတစ်လုံးမှမလာသေးဘူး။ ဒါတွေက မိုးနှောင်းမိုးလွန်မှာလာမယ်။ အဲဒီကျရင် မိုးတွေရွာဦး မယ်။
မိုးရာသီကုန်တဲ့ စက်တင်ဘာလအထိ မိုးရွာ သွန်းမှုကို အမေရိကန်က ခန့်မှန်းထားတာ၊ မြန်မာ ပြည်က ရွာသွန်းမြဲထက်ပိုမယ်လို့ ပြောထားတဲ့ အတွက် မိုးရာသီကမိုးကောင်းဦးမယ်။ နောက်ပြီး မုတ်သုံပြန်ဆုတ်တဲ့ စက်တင်ဘာရောက်ရင် မိုးရွာဦး မယ်။ မိုးရွာဖို့အကြောင်းအများကြီး ကျန်နေသေး တယ်။ အဲဒီတော့ဒီလိုစုံဖြစ်လာရင် အနောက်ဘက်က လက်ရှိရေကြီးနေတဲ့ ရေတွေအပြင် အရှေ့ဘက်က လာဦးမယ်။ ခုလည်း အရှေ့ဘက်က သံလွင်မြစ်တို့ ဘားအံတို့မှာစိုးရိမ်ရေမှတ်ကျော်နေပြီ။ ကျန်တာ ဘာပဲကျန်လဲဆိုရင် စစ်တောင်းတို့ ဒုဋ္ဌဝတီတို့ပဲကျန် တယ်။ ဒါကြောင့် ၂ဝဝ၄ကထက် ပိုဆိုးတဲ့နှစ်တစ်ခု ဖြစ်မှာ စိုးရိမ်တယ်။ လောလောဆယ်မှာ မိုးတော့နည်း နည်းတန့်သွားတယ်ပြောပေမယ့် မြစ်ဆိုတဲ့သဘာဝက အထက်ကနေအောက်ကိုဆင်းတဲ့သဘာဝရှိတော့ လက်ရှိ မိုးတိတ်နေပေမယ့် အထက်ကရေမလာသေးရင်တော့ ဘာမှမဖြစ်သေးဘူးပေါ့။ ဒါပေမယ့် မိုးတိတ်နေပေ မယ့် အထက်ကရေတွေကျလာရင်တော့ဖြစ်မှာပေါ့။ ဒီနေ့ အရေးပေါ်အခြေအနေကြေညာလောက်အောင် ဖြစ်နေတာတော့ မုံရွာနဲ့ဟင်္သာတပဲ။ မုံရွာရဲ့သမိုင်းမှာ စံချိန်တင်ရေအမှတ်ကို အခုကျော်သွားပြီ။ နာရီပိုင်း လေးအတွင်းမှာရေတက်တာ ငါးစင်တီမီတာလောက် တက်တယ်။ သူကစိုးရိမ်ရေမှတ်ထက် တစ်ပေခွဲ လောက်ကျော်နေတယ်။ ဒါတွေကလည်း ယိုယွင်းတဲ့ နေရာ။ ရေစိမ့်တဲ့နေရာရှိနေပြီ။ နည်းနည်းပြိုတဲ့နေရာ ရှိပြီ။ အနိမ့်ပိုင်းမှာရှိတဲ့ နေရာရွှေ့ပြောင်းဖို့ နှိုးဆော် နေကြပြီ။ တကယ့်ကို အရေးပေါ်အခြေအနေပါ။ ဆိုးတာက ဘာလဲဆိုရင် လာမယ့်တစ်ပတ်အတွင်းမှာ မုံရွာမှာမိုးရွာဖို့ရှိတယ်။ မုံရွာအထက် ကလေးဝမှာ လည်း ရွာဖို့ရှိတယ်။ ရေတွေကအများကြီးရှိနေတော့ အများကြီးသတိထားဖို့ လိုတာပေါ့။ မိုးလေဝသရဲ့ ခန့်မှန်းချက်က စိုးရိမ်ရေမှတ်အထက်တက်နေတဲ့ရေ က နောက်ထပ်သုံးရက်လောက်ရှိဦးမယ်လို့ မှန်း ထားတော့ ဘယ်နည်းနဲ့မှ တာကခံနိုင်မယ့်အနေ အထားမရှိဘူး။ မုံရွာရဲ့တာသာ ကျိုးမယ်၊ ပေါက်မယ် ဆိုရင် မုံရွာမြို့မြုပ်နိုင်တယ်။ အပျက်အစီးအသေ အပျောက်တွေရှိကောင်းရှိမယ်။ ရေနဲ့ပတ်သက်ရင် တော့ ဒီထက်မက အဆပေါင်းများစွာလုပ်သင့်တယ်။ နောက် ဟင်္သာတမှာလဲ ရေတွေကျလာတယ်။ မြန်မာပြည်မှာ ရွာသည့်ရေတွေက မြစ်ဝကျွန်းပေါ်ကို ရောက်လာမှာ။ မြန်မာပြည်အနောက်ဘက်တစ်ခြမ်း ရွာလိုက်တဲ့မိုးတွေက ချင်းတွင်းမြစ်ထဲရောက်မယ် ဆိုရင်လဲ၊ ကချင်ပြည်နယ်ထဲရောက်မယ်ဆိုရင်လဲ ဧရာဝတီမြစ်ထဲရောက်တာပဲ။ ရောက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်မယ်။ နောက်ချင်းတွင်းနဲ့ဧရာဝတီ လာဆုံမယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ကိုရောက် မယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ရဲ့ရေက တိုးဖို့ပဲ ရှိတယ်။ ကျဖို့မရှိဘူး။ အခုရက်ပိုင်းအတွင်းမှာ ရှမ်း ပြည်နယ်ဘက်မှာမိုးရွာတယ်။ ဤပြည်နယ်ဘက် မှာရွာတဲ့မိုးကလည်း ဒုဋ္ဌဝတီကတစ်ဆင့် ဧရာဝတီ မြစ်ထဲရောက်လာတယ်။ ဇော်ဂျီမြစ်နဲ့ဆင်းရင်လည်း အောက်လာပေါင်းမှာပဲ။ ဘယ်ရွာရွာ ဧရာဝတီကို လာပေါင်းတာဖြစ်လို့ ဧရာဝတီမြစ်နဲ့ဆက်စပ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ တော်တော်အန္တရာယ် ကြီးနိုင်ပါတယ်။ ဒီနေ့နံနက်ပဲ ဟင်္သာတမြို့ရဲ့ရေတွေ က ရုတ်တရက်ငါးပေခန့်မြင့်တက်သွားတယ်။ စိုးရိမ် ရေမှတ်ရောက်သွားပြီ။ စိုးရိမ်ရေမှတ်အထက်ကို ငါးပေလောက်ရောက်သွားပြီ။ တစ်ဖက်ကမ်းမှာ ရေမြုပ်နေပြီပြောတယ်။ အဲဒီတော့ အပေါ်ပိုင်းဒေသ တွေက ဆိုးခဲ့ပေမယ့် အဲဒီဒေသတွေမှာ ကြာကြာမနေ ဘူး။ သူကထွက်ပေါက်ရှိတာကိုး။ အောက်ဘက်က မြစ်ဝကျွန်းပေါ်ရောက်မယ်။ မြစ်ဝကျွန်းပေါ်ကရေက ဘင်္ဂလားပင်လယ်အော်မုတ္တမကွေ့ကိုဆင်းရမယ်ပေါ့။ ဒါပေမယ့် ရာသီက မုတ်သုံလေအားကောင်းတဲ့လေ ဖြစ်နေတော့ အနောက်တောင်လေဖြစ်နေတယ်။ အဲဒီ လေကြောင့် မြစ်ဝကျွန်းပေါ်ရဲ့မြစ်တွေအတွင်းမှာ ကပ္ပလီပင်လယ်ပြင် မုတ္တမကွေ့ကရေတွေက ဆန်ပြီး တက်နေတယ်။ လေကရေစီးကြောင်းကို ဆန့်ကျင် ဘက်ကတိုက်နေတယ်။ အပေါ်ကဆင်းလာတဲ့ရေတွေ က အောက်ကိုရောက်လေလေ ရေစီးကနှေးလာမယ် ဘာကြောင့်လဲဆိုတော့ မြစ်ဝကျွန်းပေါ်ကိုဆန်တက်နေ တဲ့လေစီးကြောင်းကြောင့်ဖြစ်တယ်။ လေစီးကြောင်းနဲ့ ဆန့်ကျင်လို့နှေးနေတယ်။ ဒါကြောင့် ပေါ့ပေါ့တန်တန်
မလုပ်သင့်ဘူး။ တာဝန်ရှိသူတချို့ပြောနေတာတွေက ကြားရတာ(ဒါကအရေးမကြီးဘူး)ဘာညာပေါ့။ဆရာ့ အနေနဲ့ကသဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်သူ တစ်ယောက်အနေနဲ့ပြောရရင် အမှန်တရားကိုပြောရ မယ်။ အမှန်တရားကိုလက်ခံရမယ်။ နိုင်ငံရေးတွေ မပါရဘူး။ နိုင်ငံရေးကိုအကြောင်းပြပြီး ကိုယ်လုပ် နေတဲ့အဖွဲ့အစည်းကို ကာကွယ်ချင်လို့ ဒါမှမဟုတ် နိုင်နင်းတာပြတာကိုလေနဲ့ပြနေလို့မရဘူး။ သေမှာက ပြည်သူတွေသေမှာ။ ခုပဲလူမှုဒုက္ခတွေ ရောက်နေပြီ။ ဟိုတစ်နေ့ကဆရာရေမကြီးတဲ့ဒေသတွေရောက်တယ်။ ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ အဲဒီမှာကို အလယ်ပိုင်းရေကြီးတဲ့ဒဏ်ကြောင့် သူတို့ ဆီမှာစီးပွားရေးပျက်တယ်။ ဘာလဲဆိုတော့ ဒီအချိန်မှာ ကလောတို့၊ ပင်းတယတို့မှာ ဂေါ်ဖီထုပ်ပို့တယ်။ အလယ်ပိုင်းကရေမြုပ်နေတော့ ပို့စရာမရှိဘူး။ ပို့စရာ မရှိတော့ငွေကျပ် ၅ဝ၊ ၁ဝဝ တောင်မဝယ်ကြဘူး။ လောလောဆယ် ရေမြုပ်နေတဲ့နေရာမပြောနဲ့။ သူနဲ့ ဆက်စပ်နေတဲ့ဒေသမှာတောင် ဂေါ်ဖီထုပ်စီးပွားရေး လုပ်တဲ့သူတွေရဲ့ စီးပွားရေးဘယ်လောက်ပျက်သွားပြီ လဲ။ တကယ်မြုပ်တဲ့သူတွေဆို ဘယ်လိုဖြစ်သွားမလဲ။ ဒါက ကလေးကစားစရာကိစ္စလည်းမဟုတ်ဘူး။အများပြည်သူရဲ့ စားဝတ်နေရေး၊ အသက်ဘေးဆိုင် တဲ့ ကိစ္စဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက လေးလေး နက်နက်လုပ်သင့်တယ်။ အမှန်အတိုင်းလည်းပြော သင့်တယ်။ ရေကာတာတွေ ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူးပြောနေတယ်။ဒါပေမယ့်မြုပ်နေပြီ။ မနိုင်ရင်လွှတ်ရမယ်ဆိုတာနားလည်တယ်။ ဒါပေမယ့် လွှတ်တဲ့အခါမှာ ချိန်ချိန်ဆဆဖြစ်ရမယ်။ တချို့ကြို လွှတ်ရမယ်။ မိုးလေဝသက မိုးများမယ်ကြေညာ နေတာပဲပြောနေတယ်ဆိုရင် မိုးများမယ်ဆိုရင် ရေကို မနိုင်တဲ့အဆင့်ထိစောင့်မနေဘဲ စောစောစီးစီးပုံမှန် လေးနဲ့လွှတ်နေရင် အောက်ကလူလည်းခံသာတယ်။ ရေလွှတ်တဲ့မြောင်းမှာတော့ အကာအကွယ်ရှိတာပေါ့။ အဲဒီကလွတ်သွားရင် စိုက်ပျိုးခင်းထဲဝင်၊ အိမ်တွေထဲ ဝင်၊ မြို့တော်တော်များများ အဆက်အသွယ်ပြတ်။ သူ့ဆီကိုယ်မသွားနိုင်။ ကိုယ့်ဆီသူမလာနိုင် ရေဝိုင်း နေတဲ့ ရွာငါးရွာကို ပရဟိတတွေက ကယ်ဆယ်ရေး လုပ်နေရတယ်။ အဲဒီတော့ ကလေးတို့ဘာတို့က ရေ နည်းနည်းပြန်ကျတယ်။ နောက်ထပ်မိုးက ထူးထူး ခြားခြား ရေကြီးတယ်ဆိုရင် ပြောလို့မရဘူး။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဖြစ်တဲ့ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းက အပူပိုင်းဒေသအနေနဲ့ ကမ္ဘာပေါ်မှာ မိုးအများဆုံးဖြစ်နေတယ်။ အံ့သြစရာကောင်းလောက် အောင်ရာသီဥတု ဖောက်ပြန်နေတယ်။ လက်ရှိအနေနဲ့ က ဒီဒေသမှာ မိုးသိပ်များနေတယ်လို့ ထုတ်ပြန်ပေး တာနှစ်လရှိပြီ။ ရေကြီးတော့မယ်လို့ပြောနေတာ ဇူလိုင် ၁၄ ရက်မှာကတည်းက။ ပုံတွေစာတွေနဲ့ သေချာတင်ပေးထားတယ်။ အောက်အရပ်တွေမှာ မနေသင့်ဘူး။ မိုးခေါင်တယ်ဆိုပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာက အကုန်ရေမျောကုန်မယ်။ ဘာ ကြောင့်လဲဆိုတော့ ဧရာဝတီရော၊ ချင်းတွင်းရောဆုံ တယ်။ အထက်မှာမိုးကောင်းရင် ဘယ်မှသွားစရာ မရှိဘူး။ အောက်ကိုလာမှာပဲ။ တစ်နှစ်ကလို ရွာ ၁ဝ ရွာရေမျောပါသွားမယ်။ အဲဒီကတစ်ဆင့် ဘယ်ရောက် မလဲ။ မြစ်ဝကျွန်းပေါ်ရောက်မယ်။ မြစ်ဝကျွန်းပေါ်မှာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်အမြဲရေဖုံးလွှမ်းတဲ့ ဧရိယာ ထဲမှာအမြဲရှိနေတယ်။ ဂြိုဟ်တုကရိုက်ပြတယ်။ နေ့ တိုင်းရိုက်ပြတယ်။ မပြတ်တင်ပြတယ်။ အဲဒီက တည်းက ဒေသခွဲတာဝန်ရှိသူတွေကလုပ်သင့်တယ်။ ပြည်သူ့ရဲ့အကျိုးကို စိတ်ဝင်စားတဲ့သူတွေက မိမိ