images
UN
UN
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုထက်ပိုမိုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်
Saturday, 08 August 2015
■ ရေဘေးသင့်မြန်မာပြည်သူများအား ကူညီလှူဒါန်းထောက်ပံ့ပေးနေကြသော ပြည်တွင်းပြည်ပ စေတနာရှင်များကို မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။
■ လွှတ်တော်ရပ်နားထားသော်လည်း လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအတွင်းမှ နိုင်ငံတစ်ဝန်းကြုံတွေ့နေရသော ရေကြီးနစ်မြုပ်မှုဘေးဒုက္ခအန္တရာယ်များ ကယ်ဆယ်ရေး၊ ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူများနှင့်အတူလက်တွဲ၍ တစိုက်မတ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
■ အစိုးရနှင့်တာဝန်ရှိအဖွဲ့အစည်းများနည်းတူ သက်ဆိုင်ရာမြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များကလည်း ကယ်ဆယ်ရေး၊ ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ယခုထက်ပိုမိုသောဆောင်ရွက်မှုများဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါသည်။
■ ရေဘေးဒုက္ခဒဏ်များခံစားလျက်ရှိနေကြသော တမူးမြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိမှုမရှိသေးကြောင်း ပြည်သူ့ကိုယ်စားလှယ် များထံမှ အကြောင်းကြားလာမှုများလည်းရှိလာပါ၍ တာဝန်ရှိသူများက ဆောလျင်စွာ အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။

အများအကျိုးဆောင်ရွက်နိုင်ကြပါစေ...။
သူရဦးရွှေမန်း
နာယက၊ပြည်ထောင်စုလွှတ်တော်