images
UN
UN
တောတွေ ဘယ်တော့ တကယ်ပြန်စိုက်မှာလဲ။ Vegetative Cover မရှိဘဲနဲ့ရေလှောင်တမံတွေထပ်ပြီး တည်ဆောက်ဖို့ကိုရော စဉ်းစားနေတုန်းပဲလား။သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူ ဦးစည်သူလွင်နှင့်အင်တာဗျူး
စိုးစိုးစံ Sunday, 09 August 2015
■ ရေကြီးရေလျှံမှုတွေနဲ့ပတ်သက်ပြီး ရေလှောင်တမံတွေရဲ့ အကျိုးသက်ရောက် မှုကို ပြောပြပေးပါဆရာ။
ရေလှောင်တမံတွေရဲ့ကောင်းကျိုးက တော့ ရေရုတ်တရက်မြင့်တက်လာမှုကို ထိန်းပေးတာတော့ အမှန်ပဲ။ ဒါပေမယ့် တစ်ခုရှိတာက ရေလှောင်တမံဆောက်ပြီ ဆိုကတည်းက အဲဒီ့တမံတွေရဲ့ရေဝေ ရေ လဲဧရိယာတွေမှာ တမံထဲကို ဆင်းလာ မယ့် နုန်းတွေကိုတားဖို့ Vegetative Cover လိုတယ်။ Vegetative Cover အပင်ကြီးကြီးမရှိတောင်မှ မြက်ပင်ဆိုရင် တောင်ရတယ်။ မြက်ပင်တွေဖုံးထားလို့ရှိ ရင်တောင်မှ မြေကြီးကဆင်းလာတဲ့ မိုးရေ နဲ့မပါဘူး။ မပါတော့ တမံထဲကိုမရောက် ဘူး။တမံကြမ်းပြင် မြင့်တက်မလာဘူးပေါ့။

■ အဲဒါဆို ရေလှောင်တမံတွေ ရေလျှံရ ခြင်းက မိုးရေကြောင့်ဖြစ်သလို အဲဒါကို ထိန်းပေးဖို့ Vegetative Cover တွေ မရှိ တာကြောင့် ပါတာပေါ့နော်ဆရာ။
ရေလှောင်တမံတွေမှာ ရေလျှံတယ် ဆိုတာက ရေလှောင်တမံဆောက်လိုက် တဲ့အခါမှာ ရေထဲကိုဆင်းမယ့် ရေဝေရေလဲ ဧရိယာတွေမှာ သစ်တောတွေကိုမထိန်း သိမ်းမကာကွယ်ဘဲထားတဲ့အတွက် သစ် တောတွေမရှိတော့တဲ့အတွက် အဲဒီ့နေရာ ဒေသ၊ နုန်းဒေသ၊ မြေကြီးဒေသတွေက ရေလှောင်တမံထဲကို မိုးရေနဲ့အတူဆင်းတဲ့ အတွက် တမံကြမ်းပြင်မြင့်တက်လာပြီး တော့ ရေကသိုလှောင်နိုင်တဲ့ပမာဏထက် ကျော်သွားတဲ့အတွက် ဒီလိုမျိုးတွေဖြစ် တာပေါ့။ ရေတွေကျော်တယ်။ ရေပိုလွှဲ တွေကနေ ရေတွေ တအားပဲစွန့်ထုတ်နေရ တယ်။ အဲဒီ့လိုစွန့်ထုတ်တဲ့အတွက် Flat ဖြစ်တယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှာ ၁၁ နေရာ ရေကြီးနေတာနော်။ အခုရန်ကုန်၊ လှည်းကူး၊ မှော်ဘီ၊ တိုက် ကြီး ရေကြီးနေပြီ။ အဓိက ပြဿနာ ကရေလှောင်တမံရဲ့ ရေဝေရေလဲဧရိယာ တွေမှာ သစ်တောတွေမရှိခြင်းကြောင့် ဖြစ်တယ်။

■ ရေကြီးမှုကို ရေလှောင်တမံတွေက အကာအကွယ်ပေးနိုင်တယ်ဆိုတာနဲ့ ပတ် သက်ပြီး ဆရာ့ရဲ့အမြင်လေးပြောပြပေးပါ။
အကာအကွယ်ပေးနိုင်ပါတယ်။ ရေ လှောင်တမံတွေသာ အဆင့်ဆင့်ရှိမနေရင် ဆရာတို့ရန်ကုန်မှာလည်း ရေကြီးနေ လောက်ပြီ။ ဒါတော့အမှန်ပဲ။ ဒါပေမယ့် လည်း သစ်တောတွေရှိနေမှဖြစ်မှာ။ ရေ လှောင်တမံကလဲထိန်း၊ တောကလဲ ထိန်း ဒီနှစ်ခုတစ်ပြိုင်နက်တည်းထိန်းမှ ရေက ရုတ်တရက်ကြီးရင် Flat မဖြစ်မှာ။သို့သော် အခုလိုမျိုးမနိုင်မနင်းတွေဖြစ်တော့ ရေ လှောင်တမံတစ်ခုသာကျိုးသွားရင် နောက် တမံတွေ အဆင့်ဆင့်ကျိုးတော့မှာ။

■ အခုလိုမျိုးရေကြီးရေလျှံတာတွေက ဘယ်အချိန်အထိဆက်ဖြစ်နေဦးမယ်လို့ ထင်ပါသလဲဆရာ။
ဒါကတော့ ရှင်းရှင်းလေးပဲလေ။ မြန်မာနိုင်ငံမြောက်ဘက်ပိုင်းကနေစကြီး တော့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ အဓိကကတော့ ဧရာဝတီပေါ့။ ဧရာဝတီက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ၅၁ ရာခိုင်နှုန်းတောင်ရှိတာ။ အဲဒီတော့ အဲဒီ့ဧရာဝတီမှာ ရေဝေရေလဲဧရိယာမှာ သစ်တောတွေပြန် မကောင်းမလာမချင်း ခုလိုမျိုး လျှပ်တစ်ပြက်ရေကြီးတာ ကြုံရ မှာ။ ပဲခူးကနှစ်တိုင်းကြီးတယ်။ ဘာလို့ လဲဆိုပဲခူးကအနိမ့်ကြီးကို ပဲခူးရေကြီးတာ ကမဆန်းဘူးလေ။ သို့သော်ထူးဆန်းတာ က ဘာလဲဆိုတော့ ရေကြီးတဲ့ပမာဏက တဖြည်းဖြည်းမြင့်မြင့်လာတာ။ အဲဒါ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဲဒီ့ ရေဝေ ရေလဲဧရိယာမှာ သစ်ပင်တွေမရှိတော့ တာ။ အဲဒါပြဿနာ သစ်တောက ခုတ် ရောင်းရင် ပိုက်ဆံရတယ်ဆိုတာ လူတိုင်း သိတယ်။ကလေးလေးကအစ သိတယ်။ ဒါပေမယ့် အဲ့ဒီ့သစ်တောကပေးထားတဲ့ မမြင်ရတဲ့ အကျိုးကျေးဇူးတွေက အဲ့ဒါ တွေပဲလေ။ အဲ့ဒီ့နေရာတွေမှာ နဂိုအတိုင်း တောတွေပြန်ဖြစ်ဖို့ ဘယ်သူက တာဝန် ယူမှာလဲ။ အခု အပေါ်ဘက်မှာ သစ်တော တွေမရှိတော့ ရွာသမျှမိုးရေတွေက အကုန် အိုင်ပြီးတော့ အောက်ဘက်ကိုဆင်းကုန် တာ။

■ ရေလှောင်တမံတွေ ထပ်ပြီးတည်ဆောက် မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။
ဒီကိစ္စမှာပြောချင်တာက တောတွေ ဘယ်တော့ တကယ်ပြန်စိုက်မှာလဲ။ Vegetative Cover မရှိဘဲနဲ့ ရေလှောင်တမံ တွေထပ်ပြီး တည်ဆောက်ဖို့ကိုရော စဉ်းစား နေတုန်းပဲလား။ နောက်ထပ် ရေလှောင် တမံတွေဆောက်ဖို့ အများကြီးကျန်သေး တယ်။ အဲဒါတွေကိုရော EIA,SIA တွေ မလုပ်ဘဲနဲ့ဆောက်မလို့လား။ ဒါကိုတော့ လုံးဝ လက်မခံနိုင်တော့ပါဘူး။