images
UN
UN
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ်(၃/၂ဝ၁၅)
Tuesday, 11 August 2015
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၁ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ရက်)
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့်နေ့ရက်ထုတ်ပြန်ခြင်း

၁။ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁ဝရက်(တနင်္လာနေ့)တွင်ပြုလုပ်ရန် ကြေညာ ထားသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို နိုင်ငံတစ်ဝန်းဒေသအတော် များများ၌ သဘာဝဘေးအန္တရာယ်ကျရောက်မှု အခြေအနေများအရ ရွှေ့ဆိုင်းပါ ကြောင်းနှင့် ပြန်လည်ကျင်းပမည့်နေ့ရက်ကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း ဤရုံး၏ ၃-၈-၂ဝ၁၅ ရက်စွဲပါ ကြေညာချက်အမှတ်(၂/၂ဝ၁၅)ဖြင့် အသိပေး ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများက ကယ်ဆယ်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်အနေဖြင့်လည်းဆောင်ရွက်ရမည့် ဥပဒေကြမ်းများအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အချိန်မီဆက်လက် ဆောင်ရွက်ရန်လိုအပ်လျက်ရှိပါသည်။
၃။ သို့ပါ၍ ခေတ္တရွှေ့ဆိုင်းထားသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်(အင်္ဂါနေ့)နံနက် ၁ဝ နာရီအချိန်တွင် ပြန်လည် ကျင်းပမည်ဖြစ်ပါသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက် ပါရန် ဖိတ်ကြားပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ)သူရရွှေမန်း
ဥက္ကဋ္ဌ