images
UN
UN
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်အမှတ် (၂/၂ဝ၁၅)
Tuesday, 11 August 2015
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၁ရက်

(၂ဝ၁၅ခုနှစ်၊ သြဂုတ်လ ၁၁ရက်)
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဆက်လက်ကျင်းပမည့်နေ့ရက်ထုတ်ပြန်ခြင်း

၁။ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁ဝရက်(တနင်္လာနေ့)တွင်ပြုလုပ်ရန် ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတစ်ဝန်းဒေသအတော် များများ၌ သဘာဝဘေးအန္တရာယ်ကျရောက်မှုအခြေအနေများအရ ရွှေ့ဆိုင်းပါ ကြောင်းနှင့် ပြန်လည်ကျင်းပမည့်နေ့ရက်ကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း ဤရုံး၏ ၃.၈.၂ဝ၁၅ ရက်စွဲပါကြေညာချက် အမှတ်(၁/၂ဝ၁၅)ဖြင့် အသိပေး ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများကကယ်ဆယ်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်အနေဖြင့်လည်းဆောင်ရွက်ရမည့် ဥပဒေ ကြမ်းများအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အချိန်မီဆက်လက်ဆောင်ရွက် ရန်လိုအပ်လျက်ရှိပါသည်။
၃။ သို့ပါ၍ ခေတ္တရွှေ့ဆိုင်းထားသည့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး ကို ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ရက်(အင်္ဂါနေ့) မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ပါရန်ဖိတ်ကြားပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ)သူရရွှေမန်း
နာယက