images
UN
UN
ပြန်လည်ထူထောင်ရေးတွေလုပ်တဲ့နေရာမှာ ပြည်တွင်းကအစိုးရဌာနဆိုင်ရာတွေ၊ စေတနာရှင်တွေအပြင် ပြည်ပအဖွဲ့အစည်းတွေ၊ ပြည်ပနိုင်ငံအစိုးရတွေရဲ့အကူအညီတွေလည်းယူဖို့လိုပါတယ်။
မေလွင် Wednesday, 26 August 2015
ဇူလိုင်လအတွင်းကဖြစ်ပေါ်ခဲ့သော မိုးရွာသွန်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ပျိုးဧကများစွာ ဆုံးရှုံးခဲ့ရသည်။ ထိုသို့ဖြစ်ပေါ်နေချိန်မှစ၍ စားသောက်ကုန်ဈေးများနှင့် ကုန်စည်ဈေးများ အဆမတန်ဈေးတက်ခဲ့သည်။ ထိုအကြောင်းများနှင့်ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ (Myanmar People Fourm Woking Group)မှ Executive Director ဦးကျော်လင်းဦး၏ ဖြေကြားချက်များကို ဖော်ပြလိုက်ပါသည်။

အခုဆို နေရာအနှံ့ရေကြီးမှုတွေ ဖြစ်နေ တယ်။ အဲ့ဒီပြဿနာက နိုင်ငံရဲ့စီးပွားရေး ကို ဘယ်လောက်ထိ ထိခိုက်နိုင်ပါသလဲ။
နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်နိုင်တယ် ဆိုတဲ့နေရာမှာ ပျက်စီးဆုံးရှုံးသွားတဲ့ လယ် ယာတွေကနေ ထပ်မစိုက်ပျိုးနိုင်ဘူးဆိုရင် နောက်နှစ်အတွက် အဓိကစားနပ်ရိက္ခာ ဖြစ်တဲ့ ဆန်စပါးနဲ့ ပဲ၊ ပြောင်း စတာတွေ အထွက်နှုန်းလျော့ပြီး ဈေးတက်တာတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုရေကျသွား တဲ့ အချိန်မှာ လယ်ယာတွေကို ပြန်ပြင်ဖို့၊ ဆုံးရှုံးသွားတဲ့မျိုးစပါးတွေ ထောက်ပံ့ဖို့ အစိုးရကဦးစားပေး လုပ်နေတာတွေကို တွေ့ရတယ်။ ဒါကြောင့် အချိန်မီလို့ မိုး မကုန်ခင် ပြန်စိုက်ပျိုးနိုင်ရင်တော့ သိပ်ပြီး ထိခိုက်မယ်မထင်ပါဘူး။ ဒီနေရာမှာ မျိုး စပါးနဲ့ပတ်သက်လို့ တောင်သူတွေမလိုချင် တဲ့ ပုလဲသွယ်စပ်မျိုးစပါးတွေချည်း ပံ့ပိုး နေရင်တော့ သိပ်အကျိုးထူးမယ် မထင်ပါ ဘူး။လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက မျိုးစပါးတွေ ပြန်လည်ဖြန့် ဖြူးတဲ့နေရာမှာ ပုလဲသွယ်တွေပဲပေးရင် လယ်သမားတွေအတွက် ပြန်လည်စိုက်ပျိုး တဲ့အခါ အခက်အခဲရှိနိုင်ပါတယ်။ဒါကြောင့်ပြန်မစိုက်တော့ဘူးဆိုရင်စားနပ်ရိက္ခာလျော့ပါးနိုင်တယ်လို့မြင်ပါတယ်။
ဒါကြောင့် တောင်သူတွေနဲ့ ရင်းနှီးတဲ့စိုက်နေကျဖြစ် တဲ့ မျိုးစပါးတွေပဲ ဖြန့်ဖြူးဖို့လိုပါတယ်။

အရင်က ဒေါ်လာဈေးအတက်ကြမ်းလို့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ လည်း ဈေးတက်ခဲ့တယ်၊အခုလဲ သဘာဝ ဘေးကြောင့် ဈေးတွေထပ်တက်လာခဲ့ တယ်၊ အဲ့ဒီလိုမျိုးဖြစ်နေချိန်မှာ ဘယ်လို မျိုးထိန်းချုပ်သင့်ပါသလဲ။

ဒေါ်လာဈေးတက်လို့ ဈေးတက်တာ နဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဈေး တက်တာ သဘောသဘာဝချင်းမတူပါ ဘူး။လက်ရှိ မြန်မာနိုင်ငံမှာ ပို့ကုန်ပမာဏ ထက် သွင်းကုန်ပမာဏက များနေပါ တယ်။ ဒါကြောင့် ကုန်သွယ်ရေး လိုငွေပြ နေပါတယ်။ ဈေးကွက်ထဲမှာ အဓိက ရောင်းဝယ်နေတဲ့ ကုန်ပစ္စည်းတွေဟာ ပြည်ပက တင်သွင်းလာတဲ့ကုန်ပစ္စည်း တွေဖြစ်ပြီး ဒေါ်လာတန်ဖိုးတက်တဲ့အခါ သူတို့ရဲ့ ဈေးနှုန်းလဲတက်တဲ့ သဘောပါပဲ။ ဒါကိုထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒေါ်လာဈေးတက်တဲ့အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲက တစ်ခုကတော့ မြန်မာငွေဖောင်းပွနေလို့ ငွေကြေးတန်ဖိုး ကျဆင်းနေသလားဆိုတာ ဆန်းစစ်ဖို့လိုပါ တယ်။တိုင်းပြည်တစ်ခုရဲ့ ငွေကြေးတန် ဖိုး ဟာ သိပ်မာနေရင်လဲမကောင်းသလို ငွေကြေးဖောင်းပွနှုန်းများလို့ ငွေကြေး တန်ဖိုးကျဆင်းလွန်းရင်လည်း တိုင်းပြည်ရဲ့ စီးပွားရေးကိုထိခိုက်နိုင်ပါတယ်၊ ဒါကို မူဝါဒချမှတ်သူတွေက နားလည်ဖို့လိုသလို မှန်ကန်တဲ့မူဝါဒတွေနဲ့ အချိန်မီကုစားနိုင်ဖို့ လိုပါတယ်။သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားလို့ ကုန်ဈေးနှုန်းတွေ တက်တာကို ပြန်လည်ကုစားဖို့ကတော့ အချိန်မီပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ ကလွဲလို့ အခြားနည်းတွေမရှိပါဘူး။ ဒီလို ပြန်လည်ထူထောင်ရေးတွေလုပ်တဲ့နေရာ မှာ ပြည်တွင်းက အစိုးရဌာနဆိုင်ရာတွေ၊ စေတနာရှင်တွေအပြင် ပြည်ပအဖွဲ့အစည်း တွေ၊ ပြည်ပနိုင်ငံအစိုးရတွေရဲ့ အကူအညီ တွေလည်းယူဖို့လိုပါတယ်။

အခြေခံစားကုန်တွေ ဈေးတက်လာခြင်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ထိခိုက်လာနိုင် သလား၊ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ။
အခြေခံစားကုန်ဆိုတဲ့နေရာမှာ အဓိက ဆန်နဲ့စားသုံးဆီပါပဲ။ ဆန်နဲ့ပတ်သက်ပြီး အများကစိတ်ပူပြီး ပိုမိုဝယ်ယူစုဆောင်း ကြလို့ ဈေးတက်တယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံဆန်စပါးအသင်း အပါအဝင် ဆန်လုပ်ငန်းရှင်ကြီးတွေက စိတ်မပူဖို့နဲ့ ဆန်အလုံအလောက်ရှိတယ်လို့ ကြေညာ ထားလို့ သိပ်တော့စိတ်ပူစရာမရှိပါဘူး။ မြန်မာနိုင်ငံမှာ ဆန်ပြတ်လတ်လို့ရှိရင်လည်း ဘေးပတ်ဝန်းကျင် ဆန်ထွက်တဲ့တိုင်းပြည် တွေက ကူမှာပါ။ ဖိလစ်ပိုင်မှာ မုန်တိုင်း ဖြစ်လို့၊ ထိုင်းမှာရေကြီးလို့ စသည်ဖြင့် သဘာဝဘေးအန္တရာယ်တွေဖြစ်ရင်လည်း မြန်မာနိုင်ငံက ဒီလိုကူခဲ့ဖူးပါတယ်။ရေဘေး ကြောင့် အခြေခံစားကုန်တွေ ရုတ်တရက် ထိုးတက်သွားတာမျိုးတော့ ဖြစ်မယ်မထင် ပါဘူး။

ဆန်စပါးတွေလည်း အများကြီးပျက်စီးသွား တယ်။ဈေးကွက်မှာသာ ဆန်စပါးပြတ်လပ် သွားရင် တိုင်းပြည်ရဲ့ဝင်ငွေကို ထိခိုက်သွား နိုင်သလား။နိုင်ငံတော်အနေနဲ့ရော ဘယ်လို မျိုးတွေ လုပ်ဆောင်သင့်သလဲဆိုတာ ဆရာ့ရဲ့ ထင်မြင်ချက်လေးပြောပြပါ။

တိုင်းပြည်ရဲ့ အဓိကပို့ကုန်ဟာ ဆန် စပါး မဟုတ်ပါဘူး။ စိုက်ပျိုးသီးနှံပို့ကုန် ထဲမှာ ပဲကတောင် ပိုများပါသေးတယ်။ အခုလည်း ရေဘေးကြောင့် ဆန်ပြတ်လပ် မှု မကြုံရအောင် ဆန်ကို ပြည်ပပို့ခွင့် ပိတ်ထားပါတယ်။ဒါကြောင့် ဆန်တွေဟာ ပြည်တွင်းဈေးကွက်ထဲမှာ ပြန်ဝင်လာမှာ ပါပဲ။ အဲဒီဆန်တွေကလည်း မနှစ်ကစိုက် ပျိုးရာသီမှာထွက်တဲ့ ဆန်တွေဖြစ်တဲ့အတွက် ဈေးကွက်ကို ချက်ချင်းမထိခိုက်နိုင်ပါ ဘူး။ဒီနှစ် ဆန်အထွက်နှုန်းလျော့မယ်ဆိုရင် တော့ နောက်နှစ်အတွက် ဈေးကွက်မှာ ဆန်ဈေးတက်တာတွေ၊ ဘာတွေဖြစ်လာနိုင် ပါတယ်။ အစိုးရအနေနဲ့ ပျက်စီးသွားတဲ့ လယ်တွေကို အချိန်မီပြုပြင်ပေးနိုင်မလား။ မပေးနိုင်ဘူးလားဆိုတာ ကြည့်ရပါမယ်။ အခုရေကြီးတဲ့ဒေသတွေထဲမှာ ဆန်စပါး အဓိကထွက်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးတွေ ပါတယ်ဆိုတော့ ဒီလိုဒေသတွေကို ဦးစားပေးအစီအစဉ်တွေ လုပ်သင့်ပါတယ်။

အခုဖြစ်နေတဲ့ တိုင်းပြည်ရဲ့စီးပွားရေး အခြေ အနေကို ဆရာ့အနေနဲ့ သုံးသပ်ပေးပါဦး။
သမ္မတဦးသိန်းစိန်တက်လာပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ စီးပွားရေးနယ်ပယ်မှာလဲ ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့ နေရာမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တွေတိုးလာအောင်လုပ်တဲ့အခါ အခက်အခဲ တွေရှိနေတယ်လို့ထင်ပါတယ်။ တပ်မတော် အစိုးရသက်တမ်းတစ်လျှောက် ပြည်ပပိတ်ဆို့ မှုတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မလာသလိုပြည်တွင်းမှာလဲ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲနဲ့ အစိုးရနဲ့နီးစပ် တဲ့အသိုင်းအဝိုင်းက လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားပြီး ငွေရအောင်လုပ်တဲ့ ခရိုနီ စီးပွားရေးပဲကြီးထွားလာခဲ့ပါတယ်။ အစိုးရ သစ်လက်ထက်ရောက်တဲ့အခါ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့အတွက် အခြေခံ အဆောက်အအုံတွေ မပြည့်စုံတာ၊ မြေဈေး တွေကြီးနေတာ၊ တချို့နယ်ပယ်တွေမှာ ရှိပြီးသားခရိုနီလုပ်ငန်းရှင်တွေက ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ ဝင်လို့မရအောင် နည်း မျိုးစုံနဲ့ကာထားတာတွေ ရှိနေတုန်းပါပဲ။ ရလဒ်ကတော့ အရှေ့တောင်အာရှနိုင်ငံ တချို့ ဖွံ့ဖြိုးလာတဲ့လမ်းကြောင်းဖြစ်တဲ့ ပြည်ပပို့ကုန်တိုးမြှင့်ရေးဆိုတဲ့လမ်းကြောင်း အပေါ်ကို အခုထက်ထိ မရောက်သေးတာ တွေ့ရပါတယ်။ဒါပေမယ့် အရင်ကထက် စာရင် ကောင်းလာတဲ့အချက်ကတော့ ကားဈေးတွေကျသွားတာ၊တယ်လီဖုန်းဈေး တွေကျသွားတာတွေပါ။ဒါကြောင့် လူလတ် တန်းစားပီပီပြင်ပြင်ပေါ်လာပြီး လူမှုရေး တည်ငြိမ်မှုကို အထိုက်အလျောက်ထိန်းညှိ ပေးတာတွေ ဖြစ်လာခဲ့ပါတယ်။စိုက်ပျိုးရေး ကိုအခြေခံပြီးအသက်မွေးနေတဲ့ လယ်ယာ လုပ်သားတွေက တိုင်းပြည်ရဲ့ အများဆုံး လူဦးရေဖြစ်နေသေးတဲ့အတွက် သူတို့ရဲ့ ဝင်ငွေတိုးတက်ရေးအစီအစဉ်တွေကို အစိုးရ ဦးဆောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။