images
UN
UN
လွင်ပင်ကုန်းကျေးရွာ အနောက်တောက်ဘက်ရှိ လျှိုထဲတွင် တောဆင်ရိုင်းအုပ်စု တွေ့ရှိ
စိုးကြီး Thursday, 27 August 2015
ကျောက်ပန်းတောင်းမြို့နယ် လွင်ပင်ကုန်းကျေးရွာ အနောက်တောက်ဘက်ရှိ လျှိုငယ်လေးထဲတွင် တောဆင်ရိုင်းအုပ်စု ပုန်းအောင်းနေသည်ကို ယနေ့မနက် ၁၁ နာရီခွဲ အချိန်က တွေ့ရှိရသည်။ ယမန်နေ့က ဆင်ပေါက်စ တစ်ကောင်မှာ ညောင်ဦးနယ်ထဲတွင် လူစုကွဲကျန်ခဲ့သောကြောင့် နတ်မောက်ကြိုးဝိုင်းမှ ကျွံထွက်လာသည့် ၆ ကောင်ပါသော တောဆင်ရိုင်းအုပ်စုမှာ လက်ရှိတွင် ငါးကောင်သာ တစုတစည်းတည်း ကျန်ရှိတော့သည်။ အဆိုပါ ဆင်များမှာ နတ်မောက်ကြိုးဝိုင်းမှ ကျွံထွက်လာကာ မိထ္တီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်များအတွင်း လှယ်လည်သွားလာနေခြင်း ဖြစ်သည်။