images
UN
UN
ပိုမိုရှုပ်ထွေးလာမည့်ဆီးရီးယားပဋိပက္ခ
နေလင်း Sunday, 18 October 2015

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းရေးမရှိသဖြင့်ပြည်သူ ၂၄ဝဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ဆီးရီးယား နိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ ဒသမ ၆ သန်း ရှိသည့်အနက် လေးသန်းခန့်မှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဆီးရီးယားဒုက္ခ သည် ထောင်ပေါင်းများစွာတို့သည် အန္တရာယ်ကြီးမားလှသည့် မြေထဲပင် လယ်ကိုဖြတ်ကျော်ပြီး ဥရောပတိုက်သို့ လှိမ့်ဝင်လျက်ရှိသည်။ သြဂုတ်လတွင် ဆီးရီးယားအရေးနှင့်ပတ်သက်ပြီး နိုင်ငံ တကာမှ သံတမန်နည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာစဉ် ရုရှားနိုင်ငံက ဆီးရီးယား ၌ စစ်ရေးအရ ပါဝင်ပတ်သက်ရန် ခြေ လှမ်းပြလာသောကြောင့် အမေရိကန်ပြည် ထောင်စုအပါအဝင် အနောက်အုပ်စုမဟာ မိတ်နိုင်ငံများအနေဖြင့် အထိတ်တလန့် ဖြစ်ခဲ့ကြသည်။
၂ဝ၁၁ ခုနှစ်၌ စတင်ခဲ့သော ဆီးရီး ယားပြည်တွင်းစစ်တွင် ရုရှားနိုင်ငံက သမ္မတအာဆတ်အစိုးရကို လက်နက်များ နှင့် သတင်းထောက်လှမ်းမှုများကို အကူ အညီပေးခဲ့သည်။ ရုရှားရေတပ်စခန်းရှိရာ 'တာတု'တွင် ရုရှားရေတပ်သင်္ဘောများ ဆိုက်ကပ်ထားသည်။ ထို့ပြင် ခြေလျင် တပ်များကိုစေလွှတ်ထားရာ စစ်သား ဦးရေ ၁ဝဝဝ ခန့်ရှိသည်။

ရုရှား-ဆီးရီးယားမဟာမိတ်ဆက်ဆံ ရေးမှာ နှစ်ပေါင်း ၅ဝ ခန့် ကြာပြီဖြစ် သည်။ ဆီးရီးယားစစ်ဘက်အရာရှိများ သည် ရုရှားသင်တန်းဆင်းများဖြစ်ကြ သလို ဆီးရီးယားစစ်တပ်တွင် ရုရှားလုပ် စစ်လက်နက်ပစ္စည်းများကို အဓိကအသုံး ပြုသည်။ ဆီးရီးယားပဋိပက္ခတွင် ရုရှား က အာဏာရှင်အာဆတ်ဘက်မှ ရပ်တည် ခဲ့သည်။ သမ္မတပူတင်သည် အခြားသော အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဆီးရီးယားအရေးကိုဖြေရှင်းရန် ကြိုးစားခဲ့ သည်။ သမ္မတအာဆတ်ကို ရာထူးမှဖယ် ရှားရန် တောင်းဆိုမှုများကို ရုရှားက လုံးဝလက်မခံပေ။ အာဆတ်မရှိလျှင် အိုင်အက်စ်စစ်သွေးကြွများအား နှိမ်နင်း ရေး ပိုမိုမြန်ဆန်လာမည်ဆိုသော ပြော ကြားချက်ကိုလည်း ရုရှားကငြင်းပယ်ခဲ့ သည်။ ရုရှားသည် အီရန်နိုင်ငံနှင့်လက် တွဲပြီး သမ္မတအာဆတ်အစိုးရကို စစ်ရေး၊ သံတမန်ရေးအရ ပံ့ပိုးမှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်းအကူအညီပေးနေသည်။
တစ်ဖက်တွင် အမေရိကန်ပြည် ထောင်စုသည် ဆီးရီးယားပဋိပက္ခ၌ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်မှုမရှိခြင်းကြောင့် စစ်ပွဲကြာရှည်နေခြင်းဖြစ်သည်ဟု ဆီးရီး ယားအရေး စောင့်ကြည့်လေ့လာနေသူ များက သုံးသပ်ကြသည်။ အီရတ်နှင့် အာဖဂန်စစ်ပွဲများတွင် ပါဝင်ပတ်သက်မှု ကြောင့် ဆုံးရှုံးမှုများကို သင်ခန်းစာယူကာ သမ္မတအိုဘားမားအစိုးရသည် အမေ ရိကန်တပ်ဖွဲ့များကို ဆီးရီးယားသို့စေ လွှတ်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့သည်။ အမေ ရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များ သည် ဆီးရီးယား၌ မြေပြင်တပ်ဖွဲ့များ ဖြန့်ကြက်မှုမပြုဘဲ လေကြောင်းမှသာ အိုင်အက်စ်တို့ကို တိုက်ခိုက်မှုများပြုလုပ် လျက်ရှိသည်။ ပြီးခဲ့သည့်အပတ်က အိုင် အက်စ်တို့သိမ်းပိုက်ထားသော ရက်ကာမြို့ တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သား ၂ဝ သေဆုံးခဲ့ရသည်။
အမေရိကန်အစိုးရ၏ မူဝါဒအပြောင်း အလဲမရှိပါက ဆီးရီးယားပဋိပက္ခပြေ လည်နိုင်မည်မဟုတ်ပေ။ သက်တမ်းကုန် ဆုံးတော့မည့် အိုဘားမားအစိုးရအနေဖြင့် ဆီးရီးယားအရေးနှင့်ပတ်သက်၍ လက် တွေ့ကျသည့် ကိုင်တွယ်မှုပြုလုပ်မည့် လက္ခဏာလည်းမရှိပေ။

ရုရှား၏စစ်ရေးတည်ဆောက်မှု
ရုရှားသည် သမ္မတအာဆတ်အစိုးရ ၏ အခိုင်အမာခြေကုပ်စခန်းဖြစ်သည့် လာတာကီးယားပြည်နယ် အပါအဝင် ဆီးရီးယားနိုင်ငံ ဒေသအချို့တွင် စစ်ရေး တည်ဆောက်မှုများကို တိုးမြှင့်လုပ်ဆောင် နေကြောင်း အမေရိကန်အရာရှိများက မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် ရုရှားသည် လာတာကီးယားပြည်နယ်ရှိ လေဆိပ် တစ်ခုသို့ အမြောက်တပ်ဖွဲ့များနှင့် တင့် ကားများကိုရွှေ့ပြောင်းနေကြောင်းလည်း သတင်းများရရှိသည်။ ယင်းလေဆိပ်တွင် ရုရှားတပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာရောက် ရှိနေပြီး လူရာပေါင်းများစွာ နေထိုင်နိုင် သော ယာယီအဆောက်အအုံတစ်လုံးကို တည်ဆောက်နေသည်ဟုဆိုသည်။