images
UN
UN
လမ်းမပေါ်စပါးတက်လှန်းသူများကြောင့် လမ်းသွားလမ်းလာများ အခက်အခဲဖြစ်
ခင်ကို(ကျောက်တံခါး) Friday, 06 November 2015
ယခုကောက်ဦးစပါးများ ပေါ် နေချိန်၌ ကုန်သည်များက စပါး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခွဲ ဈေးနှုန်းပေး၍ အလုအယက် ဝယ် ယူလျက်ရှိရာ ဒေသခံတောင်သူ များက စပါးဈေးကောင်းရ၍ စပါး များ ရိတ်သိမ်းရောင်းချရာတွင် လယ်ထွက်စပါးအစိုများကို လယ် ကွက်တွင်နေရာမရှိ၍ လမ်းမပေါ် သို့ စပါးများတက်လှန်းနေခြင်း ကြောင့် အဆိုပါလမ်းပိုင်းများ ပေါ်၌ သွားလာနေသော ယာဉ် ကြီးယာဉ်ငယ်၊စက်ဘီး၊ ဆိုင်ကယ် များမှာ ရှောင်တိမ်းမောင်းနှင်နေရ ပြီး ယာဉ်မတော်တဆမှုဖြစ်နိုင် ခြင်းနှင့်လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ် နေခြင်းတို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးထားကြပ် မတ်ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတစ်ဦးကပြောသည်။
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ်တွင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း လမ်းမပေါ်နှင့် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း များပေါ်တွင် တောင်သူနှင့်ကုန်သည် များက စပါးများတက်လှန်းနေ ခြင်းကြောင့် ယာဉ်များမောင်းနှင် သွားလာရာ၌ ရပ်တန့်ရှောင်တိမ်း နေရခြင်းနှင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့်အတွက် စည်း ကမ်းမဲ့လမ်းမပေါ် စပါးတက်လှန်း သူများအား တားမြစ်နိုင်ရေး ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ယာဉ် မောင်းတစ်ဦးကပြောသည်။