images
UN
UN
ကျေးဇူးတင်ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
Tuesday, 10 November 2015
၂ဝ၁၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့််ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက် အားပေးကူညီထောက်ခံခဲ့ကြသော မိဘပြည်သူများ၊ အဖွဲ့အစည်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။
နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲအောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အတူ မိမိပါတီမှ အောင်နိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပူးပေါင်းလက်တွဲပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ကြေညာအပ်ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ