images
UN
UN
ကဏန်းကင် ဘာဂါ
Saturday, 21 November 2015
အရသာဆန်းပြီး စားလို့ကောင်းတဲ့ ကဏန်း ကင် ဘာဂါပါ။ ကဏန်းပျော့ကို ထောပတ်နဲ့ ကင်ထားတာမို့ အနံ့ကလည်း သင်းနေပါတယ်။ စားနေကျဘာဂါတွေနဲ့လည်းမတူဘဲ တစ်မူ ထူးခြားနေတာမို့ ဒီဘာဂါလေးကို တူတူလုပ်စား ကြည့်ရအောင်။

ဘာဂါ ပါဝင်ပစ္စည်းများ
ဟမ်ဘာဂါပေါင်မုန့်သုံးလုံး(ထက်ပိုင်းဓားဖြင့် ပိုင်းဖြတ်ထားပါ)၊ ခရမ်းချဉ်သီး နှစ်လုံး (အဝိုင်း ပါးပါးလှီးပါ)၊ ဆလတ်ရွက်တစ်စည်း (ရေစင် အောင်ဆေးပြီး ပါးပါးလှီးထားပါ)၊ ကဏန်းပျော့ သုံးကောင်(အရွယ်အစားကြီး)၊ထောပတ်စားပွဲတင် ဇွန်းလေးဇွန်း၊ ကြက်သွန်ဖြူတစ်မြွှာ (နုပ်နုပ် စဉ်းပါ)၊ မရိုးနိစ်ခွက်တစ်ဝက်၊ Mustard လက် ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်သီးပွရှည်တောင့် တစ်တောင့်(အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းထားပါ)၊ သံပရာသီးတစ်ဝက်(အစေ့ထုတ်အရည်ညှစ်ထား ပါ)၊ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဝက် (ပါးပါးလှီးပါ)၊ငရုတ်ကောင်းမှုန့် လက်ဖက်ရည် ဇွန်းတစ်ဝက်။

ကဏန်း ဘာဂါလုပ်နည်း

၁။ အရင်ဆုံး ကဏန်းပျော့ကို သန့်စင် အောင် ဆေးကြောပေးပါ။

၂။ ပြီးနောက် ခွက်တစ်ခုထဲ (မရိုးနိစ်၊ ငရုတ်သီးပွတောင့်ရှည်၊ သံပရာသီး၊ ကြက်သွန်မြိတ်၊ Mustard ၊ ငရုတ် ကောင်းမှုန့်)တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေပေးပါ။

၃။ ဒယ်ထဲ ထောပတ်များ အရည်ပျော် အောင်တည်ပြီး ကြက်သွန်ဖြူ ဆီသတ် ကာ ခေတ္တအအေးခံထားပါ။

၎။ ထောပတ်ခွက်ထဲသို့ ကဏန်းကိုစိမ်ပြီး မီးကင်ပြား(သို့) မီးသွေးဖြင့် မကင်ခင် ဆီအနည်းငယ်သုတ်ထားပါ။


၅။ ပြီးနောက် တစ်ဖက်ကို သုံးမိနစ်နှုန်း ဖြင့် ခြောက်မိနစ်ခန့်ကင်ပေးပါ။ ကင် နေစဉ်အတွင်း ကဏန်းကို ထောပတ် ရည်များ သုတ်ပေးပါ။

၆။ ကဏန်းကင်ရပြီဆိုလျှင် ဘာဂါစလုပ်ပါ မည်။ဟမ်ဘာဂါပေါင်မုန့်တစ်လုံးထော ပတ်သုတ်ပြီး အနည်းငယ် ပေါင်မုန့် အညိုရောင်သန်းသည်အထိမီးပြလိုက်ပါ။

၇။ ပြီးနောက်ပေါင်မုန့်ပေါ်သို့အစဉ်အတိုင်း (ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ မရိုးနိစ်၊ ကဏန်းကင်)တို့ကို ထည့်ပေးပါ။

၈။ ထိုနည်းအတိုင်း ကျန်ဘာဂါကိုပြုလုပ်ပါ။

၉။ အရသာရှိပြီး စားလို့ အရမ်းကောင်း သည့်ကဏန်းကင်ဘာဂါကိုသုံးဆောင် လို့ရပါပြီ။

Ref:Wutyeefoodhouse Facebook