images
UN
UN
ဒီနည်းလေးနဲ့ ပေါင်းတင်ကြည့်ရအောင်
Sunday, 22 November 2015
သဘာဝနည်းလေးတွေနဲ့ မျက်နှာအသား အရေကိုထိန်းသိမ်းဖို့ စိတ်ဝင်စားသူ ပျိုမေတို့ အတွက်ပါ။
'ပျားရည်မျက်နှာပေါင်းတင်ဆေး'လုပ်နည်း လေး မျှဝေပေးလိုက်ပါတယ်။
ပျားရည်ကို အလှအပအတွက်သုံးမယ်ဆို ရင်နည်းနည်းကျဲအောင်လုပ်ပြီးသုံးပေးရပါမယ်။

ပုံမှန်အသားအရေအတွက်
ပျားရည်နှစ်ဇွန်း၊ သံလွင်ဆီ အစစ် တစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံးနဲ့ ကွေကာမှုန့် သန့်သန့် လက်တစ်ဆုပ်စာတို့ကို ရောမွှေပါ။

ခြောက်သွေ့သောအသားအရေအတွက်
ပျားရည်နှစ်ဇွန်း၊ သံလွင်ဆီအစစ်တစ်ဇွန်း၊ ကြက်ဥအနှစ် နှစ်လုံးနဲ့ ခြေထားတဲ့ ငှက်ပျောသီး တစ်လုံးကို ရောမွှေပါ။

အဆီပြန်အသားအရေအတွက်
ပျားရည်တစ်ဇွန်း၊ ကြက်ဥနှစ်လုံးစာ အကာ ရည်၊ သံပရာရည်တစ်ဇွန်းနဲ့ ကွေကာမှုန့် လက် တစ်ဆုပ်စာကို ရောမွှေပါ။
သင့်တော်တဲ့ ပေါင်းစပ်မှုတစ်ခုကို ရွေးချယ် ပြီး မျက်နှာပေါ်သုတ်လိမ်းပါ။ မိနစ် ၃ဝ ခန့် ထားပြီး ရေနွေးနွေးလေးနဲ့ ပြန်ဆေးရပါမယ်။
ဒီနည်းလေးတွေနဲ့ တစ်ပတ်ကိုတစ်ကြိမ် လောက် ပေါင်းတင်ပေးမယ်ဆိုရင် စိုပြည်ပြီး တင်းရင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါ လိမ့်မယ်။

Ref: My Food Myanmar Facebook