images
UN
UN
ပီလောပီနံ ဆနွင်းမကင်း
Monday, 23 November 2015
ပါဝင်ပစ္စည်း
ပီလောပီနံ တစ်ပိဿာ ၅ဝ ကျပ်သား (အခွံခွာရေဆေးပြီး အမျှင်လေးဖြစ်အောင် ခြစ် ထားပါ)၊သကြား၂ဝကျပ်သား၊ အုန်းသီးတစ်လုံး (ခြစ်ပြီးအရည်ညှစ်ပါ သို့မဟုတ် coconut milk တစ်ဘူး)၊ နွားနို့တစ်ဖန်ခွက်၊ ဘိန်းစေ့အနည်း ငယ်၊ ဆီ ငါးကျပ်သား၊ ဆား လက်ဖက်ဇွန်း တစ်ဇွန်း။

ပြုလုပ်ပုံ

၁။ ခြစ်ပြီးသား ပီလောပီနံများကို သကြား၊ ဆား၊ အုန်းနို့နဲ့ ရောနယ်ပါ။

၂။ ဖုတ်မည့် ဗန်းထဲသို့ ထောပတ် (သို့ မဟုတ်) ဆီသုတ်ပြီး နယ်ပြီးသား ပီလောပီနံများကို လောင်းထည့်ပါ။ အပေါ်ကို ညီအောင်ညှိပြီး ဘိန်းစေ့ ဖြူးပါ။

၃။ အပေါ်မီးများများ အောက်မီးနည်းနည်း နဲ့ ဖုတ်ပါ။ အပေါ်ယံနီပြီး မွှေးလာရင် ဓားလေးနဲ့ အထဲကို အောက်ထိ ထိုး ကြည့်ပါ။ ဓားမှာ ပီလောပီနံ ကပ်ပါ မလာရင် ကျက်ပါပြီ။ အအေးခံပြီး လို သလို လှီးဖြတ်စားသုံးနိုင်ပါတယ်။
Oven ရှိလျှင် Oven ထဲထည့်ဖုတ်ပါ။
အိမ်မှာတော့Oven မရှိ၊ အပေါ်မီးအောက် မီးလည်းမရှိ (ဂက်စ်မီးဖိုနဲ့ချက်တဲ့အတွက် ဆီ မကပ်တဲ့ ဒယ်ပြန့်ထဲကို ဆီသုတ်ပြီး ပီလောပီနံ ထည့်ပြီး မီးအနည်းငယ်နဲ့ မိနစ် ၃ဝ ခန့်တင်ပြီး ဒယ်ပြန့်နဲ့ အရွယ်တညီတည်း ဗန်းထဲကို ဆီ သုတ်ပြီး မှောက်ချလိုက်ပါ။ မီးဖိုပေါ်ကို မီးအေး အေးနဲ့ ၁၅မိနစ်ခန့် ပြန်တင်ပါတယ်။ အအေးခံ ပြီး လိုသလိုလှီးဖြတ်စားသုံးနိုင်ပါတယ်။

Credit : Than Than Lae
Ref: My Food Myanmar Facebook