images
UN
UN
Pepperoni ပီဇာ ပါစတာ
Sunday, 29 November 2015
အရသာပြည့်စုံကောင်းမွန်တဲ့ Pepperoni ပီဇာ၊ ပါစတာ လုပ်နည်းပါ။ ပီဇာချစ်သူတွေအတွက် အိမ်မှာ လွယ်လင့်တကူလုပ်စားနိုင်တဲ့ချက်နည်းလေးမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်။

ပါစတာပီဇာတွင် ပါဝင်ပစ္စည်းများ
ပါစတာ ၂၅ဝ ဂရမ်၊ ဆား စားပွဲတင်ဇွန်း တစ်ဝက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဝက်၊ Parmensan ချိစ် တုံးဝက် (ခြစ်တံဖြင့်ဖြူးပေးပါ)၊ Pepperoni တစ်ခု (အဝိုင်းပါးပါးလှီးပါ)။

ခရမ်းချဉ်သီးအနှစ်ချက်ရန် ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီးအနှစ်တစ်ဘူး၊ သံလွင်ဆီ စားပွဲတင်ဇွန်းနှစ်ဇွန်း၊ ကြက်သွန်ဖြူ နှစ်မြွှာ (နုတ်နုတ် စဉ်းပေးပါ)၊ ခရမ်းချဉ်သီးဆော့ စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ် ကောင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ၊ Oregano လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ၊ တရုတ်နံနံပင် စည်းဝက် (ပါးပါးလှီးပါ)။

ပါစတာ ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပါစတာကို ချက်ဖို့အတွက် ဒယ်အိုးထဲ သုံးပုံနှစ်ပုံကို ရေဖြည့်ပေးရပါမယ်။

၂။ ထို့နောက် ဆူအောင်တည်ထားပြီး ဆူလာလျှင် ပါစတာထည့်၊ ဆား(စားပွဲတင်ဇွန်းတစ်ဝက်)၊ ဆားနည်းနည်းထည့်ပြီး မီးအသင့်အတင့်ဖြင့် အထုပ်အညွှန်းမှာပါတဲ့အတိုင်း ၈မိနစ်ကနေ ၁၁မိနစ်ခန့် ပါစတာကျက်သည်အထိ ပြုတ်ပေးရမှာပါ။
၃။ ပါစတာရပြီဆိုလျှင် ဆန်ခါနဲ့ ရေစစ်ထားပါမယ်။

ခရမ်းချဉ်သီးအနှစ် ချက်နည်း
၁။ အရင်ဆုံး ဒယ်ထဲ သံလွင်ဆီထည့်မယ်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။
၂။ ပြီးနောက် ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချဉ်သီးဆော့၊ ရေခွက်(တစ်ဝက်)ကိုထည့်ပေးပါ။
၃။ ထို့နောက် အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်၊ Oregano များထည့်ပြီး အနှစ်ရသည် အထိ နှစ်မိနစ်ခန့်တည်ထားပါ။
၎။ နောက်ဆုံးမှ နံနံပင်ကို ဖြူးပေးပြီး မီးပိတ်လိုက်ပါ။
၅။ ပြီးလျှင် ပါစတာထည့်ပြီး ခရမ်းချဉ်သီးအနှစ်များဖြင့် ရောမွှေလိုက်ပါ။

Pepperoni ပီဇာ၊ ပါစတာ ချက်နည်း
၁။ အခု ပါစတာရော၊ Pepperoni ခရမ်းချဉ်သီးဆော့လည်း ရပြီဆိုရင် ပီဇာ စချက်တော့မည်။
၂။ အရင်ဆုံး Aluminum Foil သတ္တုပြားကို လေးထောင့်ပုံပြုလုပ်ကာ ဆီသုတ်ပေးပါ။ သို့မဟုတ် ပီဇာဖုတ်ဖို့ လေးထောင့်ဗန်းကို ဆီသုတ်ပေးပါ။
၃။ ပြီးလျှင် ပါစတာနဲ့ ခရမ်းချဉ်သီးဆော့ကို ထည့်ပါ။
၎။ ပြီးမှ အပေါ်မှ Parmensan ချိစ်များ ဖြူးပေးပါ။
၅။ ထို့နောက် ချိစ်ပေါ်မှ Pepperoni sausage များတင်ပြီး Oven ထဲထည့်ကာ ၁၈ဝ ဒီဂရီ ဖြင့် ၁၅မိနစ်ခန့် ဖုတ်ပေးရမှာ ဖြစ်ပါတယ်။
၆။ Pepperoni ပီဇာ၊ ပါစတာရပြီဆိုလျှင် အရသာရှိစွာဖြင့် သုံးဆောင်လို့ရပါပြီ။

Ref: Woutyee Food House Facebook