images
UN
UN
ရွေးကောက်ပွဲ မနိုင်တဲ့အတွက် လွှတ်တော်ထဲက မလုပ်နိုင်တာတစ်ခုပဲရှိတယ် ကျန်တာအကုန်လုပ်လို့ရတယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
ဇေယျာမြတ်ခိုင် Monday, 30 November 2015
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌပူးတွဲတာဝန်)ဦးဌေးဦးအား လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့မှုနှင့် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ ထိုသို့တွေ့ဆုံမေးမြန်းမှုများကို ရေးသားတင်ပြလိုက်ရပေသည်။
ဒီအတွက်ကိုကော သင်းလုံး ကျွတ်ပါတီညီလာခံခေါ်ဖိ့ အစီအစဉ် ရှိပါသလား။
ဒါကတော့ ပါတီအလုပ်ပဲ။ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ခေါ်တာတွေမရှိဘူး။ရွေးကောက် ပွဲအတွက် ဦးတည်ပြီး ခေါ်တာတော့မရှိဘူး။ ပါတီလုပ်ငန်းလုပ် လို့ရအောင်အတွက် ခေါ်တာ တော့ရှိမယ်။ ရွေးကောက်ပွဲဆိုတာ အစိတ်အပိုင်းတစ်ခုပဲ။ ကျွန်တော်တို့ ပါတီဖွဲ့တာရွေးကောက်ပွဲမတိုင် ခင်ကတည်းကရှိတယ်။ရွေးကောက်ပွဲသည်အစိတ်အပိုင်းတစ်ခုအနေနဲ့ပါလာတာဖြစ်တဲ့အတွက်ကျွန်တော် တို့ပါဝင်တာဖြစ်တယ်။ကျွန်တော်တို့ပါတီကရွေးကောက်ပွဲမတိုင်ခင်ကတည်းကရှိနေတာပဲ။ အဲ့ဒီ အတွက်ပါတီလုပ်ငန်းစဉ်အရတော့ အစီအစဉ်ရှိပါတယ်။
အန်ကယ့်အနေနဲ့သူရဦးရွှေမန်းနဲ့ တွေ့ဖြစ်တယ်ဆိုတာကကော ဘာတွေဆွေးနွေးဖြစ်ခဲ့ကြပါသလဲ။
ကျွန်တော်တို့ဘာမှမရှိပါဘူး။ ရှိရင် သတင်းထုတ်မှာပေါ့။ အဲ့ဒီတုန်းက ကျွန်တော်လာတွေ့တယ်။ သူလည်း ကျန်းမာရေးအခြေအနေ မေးတယ်။ ကျွန်တော်လည်း ကျန်းမာရေးအခြေအနေမေးတယ်။ ဒီဥစ္စာပဲရှိပါတယ်။ကျန်တာမရှိပါဘူး။
အခုလိုပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်တဲ့အတွက် ပါတီရဲ့ဗဟိုဥက္ကဋ္ဌကြီး ဖြစ်တဲ့ နိုင်ငံတော်သမ္မတကကော အန်ကယ်တို့ကို ဘာတွေလမ်းညွှန်မှုပေးတာတွေရှိပါသလဲ။
ခင်ဗျားကို ကျွန်တော်ပြောပြမယ်။ ခင်ဗျားတို့ မီဒီယာတွေပဲ အော်နေတာပဲ။ နိုင်ငံတော်သမ္မတ သည် ပါတီတာဝန်တွေ ထမ်းဆောင်ခြင်းမပြုရလို့ အော်နေတာပဲ။ အဲ့ဒီအတွက် ပါတီနဲ့ ပတ်သက် လို့ဘာမှ လမ်းညွှန်မှုမရှိဘူး။
အခု(၂ဝ၁၅)ရွေးကောက်ပွဲပြီး သွားတော့လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲအတွက် ဘာတွေကြို တင်ပြင်ဆင်ထားမှုရှိပါသလဲ။
ကျွန်တော်တို့ကတော့ အထူးပြင်ဆင်စရာမရှိဘူး။ သို့သော် လည်းပဲအခုရတဲ့မပြည့်စုံတဲ့အချက် တွေပေါ့။ရှုံးနိမ့်တဲ့ဟာက မပြည့်စုံသေးပါဘူး။ လူတွေထင်ရာမြင်ရာ ပြောနေကြတာပါ။ မပြည့်စုံသေး တဲ့အချက်တွေကို ကျွန်တော်တို့ ပြန်ပြုပြင်ရမှာပါ။ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ကတော့ ကျွန်တော် တို့ပါတီရဲ့မူကတော့ လူထုအကျိုး ရှိအောင်လုပ်ပေးမယ်။ အဲ့ဒီအကျိုး ရှိအောင်လုပ်ပေးတဲ့ဟာကို လူထု နားလည်မှုရှိတယ်၊ မရှိဘူးဆိုတဲ့ ဟာကိုပဲ ကျွန်တော်တို့နာခံမယ်။ ဒါပဲရှိတယ်။ကြားဖြတ်ရွေးကောက် ပွဲဆိုတာက ဘယ်အချိန်ဆိုတာလဲ ကျွန်တော်တို့ မသိဘူး။ ဘယ်အချိန် လုပ်မှာလဲဆိုတာလဲမသိဘူး။ အဲ့ဒီ အတွက် ရွေးကောက်ပွဲအတွက် ဘယ်တော့မှမလုပ်ခဲ့ဘူး။ကျွန်တော် ဆိုရင်တော့ ရွေးကောက်ပွဲအတွက် မလုပ်ခဲ့ဘူး။ ကျွန်တော့်နယ်မြေမှာ အကျိုးရှိတဲ့ လုပ်ငန်းတွေကိုပဲ ကျွန်တော်လုပ်ပေးတာ။ အခု လည်းပဲကျွန်တော်လုပ်နေတဲ့ လုပ်ငန်းတွေသည်ရွေးကောက်ပွဲမှမရှိ တော့တာ။ ရှုံးခဲ့တာပဲ။ သို့သော် လည်းပဲကျွန်တော်လုပ်ပေးနေတာပဲ။ ခင်ဗျားတို့ကရှုံးနေတဲ့အတွက် လုပ်စရာမလိုဘူးလို့ ခင်ဗျားတို့ ထင်မယ်။ ဘာမှမဆိုင်ဘူး။ ရွေးကောက်ပွဲနိုင်တာရှုံးတာသည်အခြေ အနေတစ်ခုပဲ။ ရွေးကောက်ပွဲ မနိုင်တဲ့အတွက် လွှတ်တော်ထဲက မလုပ်နိုင်တာတစ်ခုပဲရှိတယ်။ကျန် တာအကုန် လုပ်လို့ ရတယ်။

အနိုင်ရပါတီဥက္ကဋ္ဌနဲ့ကော အန်ကယ့်အနေနဲ့ တွေ့ဖို့အစီအစဉ် ရှိပါသလား။
တွေ့ဖို့အစီအစဉ်ရှိ၊ မရှိဆိုတာ က ကျွန်တော့်သဘောလည်း မဟုတ်ဘူး။ သူ့သဘောလည်း မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက် လို အပ်တဲ့အချိန် တွေ့မှပဲရမှာပေါ့။ ကျွန်တော်ကတွေ့ဖို့ အစီအစဉ်ရှိ တယ်ဆိုရင်လည်းဟိုဘက်ကတွေ့ ချင်မှတွေ့မှာပေါ့။ သူကတွေ့ဖို့ အစီအစဉ်ရှိတယ်ဆိုရင်လည်း ကျွန်တော်အဆင်ပြေချင်မှ ပြေမှာ ပေါ့။ အဲ့ဒီတော့နှစ်ဦးနှစ်ဖက် ညှိ နှိုင်းပြီးတော့မှ လိုရင်တော့လုပ်ရ မှာပေါ့။ နိုင်ငံအတွက်ဆိုရင်တော့ ဒါမှမဟုတ်ဘူး။ လူတိုင်းနဲ့တွေ့တယ်။ ကျွန်တော်တို့နိုင်တုန်းက လည်း လူတိုင်းနဲ့တွေ့တယ်။ သို့သော်လည်းပဲပူးတွဲဆောင်ရွက်တယ်၊ မဆောင်ရွက်ဘူးဆိုတာကတော့ ကာယကံရှင်တွေရဲ့သဘောထား အပေါ်မှာပဲ မူတည်တယ်။ ဒါ ကျွန်တော့်သဘောထားကိုပြောတာ။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ နှစ်ဖက်လုပ်ရတာဖြစ်တဲ့ အတွက် ကိုယ်တစ်ယောက်တည်းရဲ့သဘောထားနဲ့ လုပ်လို့မရဘူး။ မဟုတ်ဘူးလား။
လာမည့် အစိုးရသက်တမ်းမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အတိုက် အခံပါတီတစ်ခုအနေနဲ့ ရပ်တည် သွားမှာလား။ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာလား။ အဲ့ဒါ လေးသိချင်ပါတယ်။
အဲ့ဒါက ကျွန်တော်တို့ပါတီရဲ့ မူဝါဒကိုမသိဘဲ ခင်ဗျားတို့လိုရာ ကိုဆွဲပြီး တွေးနေကြတဲ့အတွက် ဒါမျိုးဖြစ်တာပါ။ ကျွန်တော်တို့ နိုင်တုန်းကလည်းတချို့ပါတီတွေ ကိုပြောတယ်။ အတိုက်အခံလို့ ပြောတယ်။ ဒါကို ကျွန်တော်တို့ လက်မခံခဲ့ဘူး။ နိုင်ငံမှာအတိုက် အခံဆိုတာမရှိပါဘူး။ ပါလီမန် စနစ်မဟုတ်ဘူး။ပါတီစုံဒီမိုကရေ စီစနစ်။ပါတီစုံဒီမိုကရေစီစနစ်ဆို တာ အားလုံးတူတဲ့ဟာကို ဝိုင်း လုပ်မယ်ဆိုတဲ့ စနစ်ပဲရှိတယ်။ ကျွန်တော်တို့ပါတီရဲ့သဘောထား ကိုပြောတဲ့အချိန်ကတည်းကိုက အတိုက်အခံဆိုတာမရှိဘူး။ လုပ် ဖော်ကိုင်ဖက်ဆိုတာပဲရှိတယ်။ ဒါ ကြောင့် ကျွန်တော်တို့လည်း အတိုက်အခံမဟုတ်ဘူး။ သူလည်း အတိုက်အခံလို့သဘောထားရင် သူ့ရဲ့သဘောထားပဲ။ ကျွန်တော်တို့သဘောထားကတော့ကျွန်တော် တို့အနိုင်ရပါတီဖြစ်တုန်းကလည်း အတိုက်အခံပါတီလို့သဘောမထားခဲ့ဘူး။ အခုလည်း ကိုယ့်ကိုယ် ကိုယ်အတိုက်အခံလို့ သဘောထား စရာမရှိဘူး။
အန်ကယ့်အနေနဲ့ အန်ကယ် လုပ်ပေးထားတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီးရှိတာပေါ့ နော်။ အဲ့ဒါတွေကိုကော ဘယ်လိုတွေ ဆက်လုပ်ပေးဖို့ အစီအစဉ်ရှိ ပါသလဲ။

အခုလည်း ဆက်လုပ်နေတာပဲ။ နယ်မြေအကျိုးရှိမယ်ဆိုတဲ့ လုပ်ငန်းမှန်သမျှ ကျွန်တော်တို့ လုပ်မှာပဲ။ နိုင်သလောက် လုပ်မှာပေါ့။ ကျွန်တော်အခုလုပ်နေ တာတွေကစာသင်ကျောင်းတွေကို ရန်ပုံငွေထောင်ပေးတယ် ဆိုတဲ့ကိစ္စက နှစ်ပေါင်း ၁၅ နှစ်လောက် လုပ်ရတယ်။ အခုမှကြည့်ရင်တော့ ချက်ချင်းထောင်တယ်လို့ပြောမှာ ပေါ့။ တချို့လည်း ပြောနေတာပဲ။ ဘယ်ကပိုက်ဆံတွေနဲ့ ထောင်တယ်။ ဟိုက ပိုက်ဆံတွေနဲ့ ထောင်တယ် တို့ပြောနေကြတာပဲ။ မဟုတ်ဘူး။ ကျွန်တော် ၁၅နှစ်လောက်ထောင် ရတယ်။ ၁၅ နှစ်လောက်ထောင်မှ ဒါတွေကျွန်တော်အကုန်ပြည့် တယ်။ တချို့ကိစ္စတွေသည် ရေ ရှည်လုပ်ရတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်ဆက်လုပ်မှာပါ။ နယ်မြေအတွက် အကျိုးရှိ တယ်ဆိုရင်လုပ်မှာပဲ။ သို့သော်လည်းပဲ နယ်မြေလူထုရဲ့သဘောထားသည် သူတို့ရဲ့သဘောထား အတိုင်းဆုံးဖြတ်ပါစေ။ ရွေးကောက် ပွဲအတွက် ကျွန်တော်လုပ်နေတာ လည်းမဟုတ်ဘူး။ နောက်ဆုံး ပိတ် ပွင့်ပွင့်လင်းလင်းပြောရလို့ ရှိရင်တော့ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုကဘာခံယူထားသလဲဆိုရင် ကုသိုလ်ရတယ်လို့ပဲခံယူထား တယ်။ ဒီထက်ပိုပြီးမရှိဘူး။
ရွေးကောက်ပွဲဆိုတာကတော့ ငါးနှစ်တစ်ကြိမ်လုပ်နေမှာပဲဖြစ်တဲ့ အတွက် ပြည်ခိုင်ဖြိုးပါတီဝင်တွေ ကို အန်ကယ့်အနေနဲ့မှာချင်တဲ့ စကားကဘာရှိမလဲ။
တစ်ချက်က အားလုံးကြိုးစားကြတယ်။ ကျွန်တော့် ပြည်ခိုင်ဖြိုး ပါတီဝင်တွေအားလုံးကြိုးစားကြ တယ်။ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ ကနေပေးထားသောကိုယ်စားလှယ် တွေအားလုံးသည်လည်း အားလုံး ကြိုးစားကြတယ်။ ပြည်သူတွေထဲကလည်း ကျွန်တော်တို့ကိုလိုလားတဲ့ သူတွေရှိတယ်။ နောက်တစ်ခါ ဒွိဟဖြစ်တဲ့သူတွေလည်းရှိတယ်။ ဘာပဲပြောပြော သူတို့ ဆောင်ရွက် ခဲ့တဲ့ဟာကို ကျွန်တော်တို့အသိ အမှတ်ပြုရမှာပေါ့။ ဒါကြောင့် ဒီအပေါ်မှာမူတည်ပြီး ကျွန်တော် ပြောခဲ့တာရှိတယ်။ ဒါသည် ပြည် သူရဲ့အဆုံးအဖြတ်ဖြစ်တယ်။ ပြည်သူရဲ့အဆုံးအဖြတ်ကြောင့်ကျွန်တော် တို့ရှုံးခဲ့တယ်။ သို့သော်လည်းပဲ ဒီပြည်သူတွေကိုစိတ်မပျက်နဲ့၊စိတ်မကွက်နဲ့လို့ ကျွန်တော်တို့ပြောခဲ့တယ်။ ကိုယ်လုပ်စရာရှိတာပဲ ကိုယ်ဆက်လုပ်မယ်၊ စေတနာ ထားပြီးလုပ်မယ်။ ပြည်သူအပေါ်မှာ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒလမ်းစဉ်အတိုင်း ကိုယ့်နယ်မြေအကျိုး အတွက်ကိုကျွန်တော်တို့ နိုင်သလောက်ဆောင်ရွက်မယ်။ ဒါကိုပဲ ကျွန်တော် အလေးထားတယ်။ ကျန်တာဘာမှ မရှိဘူး။ ခင်ဗျားခုနကပြောတဲ့ ပါတီသန့်စင်ရေးဆို တာကပါတီသန့်စင်ရေးမဟုတ်ပါဘူး။ ကိုယ့်ပါတီကို မတရားလာလုပ်တဲ့သူကို သန့်စင်တာ။ ပါတီအပေါ် မှာမတရားကြံပြီးတော့အကောက်ကြံတဲ့သူကို သန့်စင်တာ။ ဒါကပြုပြင်ရမယ့်ကိစ္စတွေ။ပါတီသန့်စင်ရေး မဟုတ်ဘူး။ခင်ဗျားတို့ပြောတာလွဲနေတယ်။လွယ်လွယ်ကူကူနဲ့ဒီဝေါဟာရကိုသုံးနေတယ်။ သန့်စင်ရေးဆိုတာ ပါတီအပေါ် မဟုတ်မတရားလုပ်တယ်။ အကောက်ကြံတယ်။ ဒါသန့်စင်တယ်။ အပြစ်ရှိတယ်။ ဖယ်လိုက် တယ်။ ကျွန်တော်တို့က ဒါကိုအပြစ်လို့ မယူဆဘူး။ သို့သော်လည်း မလုပ်တတ်ဘူး။ကျွန်တော်တို့အကောင်း ဆုံးလုပ်တယ်။ကျွန်တော်တို့ အကောင်းဆုံးလုပ်တာထက် ဟိုဘက်ကပိုသာတယ်။ ဒါ့ကြောင့်ရတယ်။ ဒါပဲကျွန်တော်တို့ကယူဆတယ်။ ကျန်တာတော့မရှိဘူး။ ဘယ်သူတွေလုပ်တယ်။ ဘယ်ဝါတွေလုပ်တယ် ဆိုတာတော့ ခင်ဗျားတို့သတင်းအဖွဲ့တွေ စုံစမ်းကြည့်လိုက်သိလာလိမ့်မယ်။