images
UN
UN
လဟယ်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဖိုးချမ်း(မုံရွာ) Tuesday, 01 December 2015
စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နှစ်စဉ်ကျင်းပသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို လာမည့် ၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၁၅ရက်တွင် လဟယ်မြို့၌ ယခင်နှစ်များကဲ့သို့ နာဂရိုးရာအတိုင်း စည်ကားသိုက် မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည့် အခြေအနေနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ''နာဂရိုးရာနှစ်သစ်ကူးပွဲတော်က နာဂတောင်တန်းဒေသမှာ နှစ်စဉ် ကျင်းပတဲ့ ရိုးရာပွဲတော်ဖြစ်ပါ တယ်။ ဒီပွဲတော်လေးမှာ တိုင်း ရင်းသားညီအစ်ကိုတွေ တစ်ဦးနဲ့ တစ်ဦးခင်မင်စွာတွေ့ဆုံကြပြီး သွေး စည်းချစ်ကြည်လာစေရန် ရည်ရွယ် ပါတယ်။ ကျွန်တော်တို့ နာဂလူမျိုး တွေ အထွတ်အမြတ်ထားတဲ့ ဒီပွဲ တော်ရောက်ပြီဆို အရမ်းပျော်ပါ တယ်။ မီးပုံပွဲမှာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်ကျေးရွာ အသီးသီးမှ နာဂရိုးရာ အကအဖွဲ့ တွေ စုပေါင်းကပြ ဖျော်ဖြေကြ တယ်။ ကျွန်တော်တို့ နာဂရိုးရာ သီချင်းနဲ့ အနယ်နယ် အရပ်ရပ်က ပွဲတော်ကိုလာရောက်ကြတဲ့ တိုင်း ရင်းသားညီအစ်ကိုတွေ၊ ဒေသခံ တိုင်းရင်းသားတွေနဲ့ နိုင်ငံခြား သားဧည့်သည်တွေကို စုပေါင်း ပျော်ရွှင်စွာ ပါဝင်ကခုန်ဆင်နွှဲ ကြတယ်။ နာဂပွဲတော်မှာ ရိုးရာ ပြခန်းအပြင် ဌာနဆိုင်ရာအဖွဲ့ တွေရဲ့ ဗဟုသုတအဖြစ်လေ့လာ ချင်စဖွယ် ပြခန်းတွေ၊ ကျန်းမာ ရေး အသိပညာပေးပြခန်းတွေနဲ့ ဈေးဆိုင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားပါတယ်။ ပွဲတော်ကို လာ လည်ရင်း အေးချမ်းလှပမှုတွေနဲ့ ဖွံ့ဖြိုးနေတဲ့ နာဂတောင်တန်း ဒေသကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်''ဟု ပြော ကြားခဲ့သည်။အဆိုပါ နာဂပွဲတော်ကို ၂ဝ၁၄ ခုနှစ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နန်းယွန်းမြို့တွင်လည်း ကောင်း၊ ၂ဝ၁၅ ခုနှစ်က လေရှီး မြို့တွင်လည်းကောင်း၊ နှစ်စဉ် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ် များတွင် အလှည့်ကျကျင်းပလျက် ရှိရာ ယခုနှစ်တွင် လဟယ်မြို့၌ ကျင်းပမည်ဖြစ်သည်။နာဂပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက် လေ့လာလိုသူများအနေဖြင့် ခန္တီး မြို့သို့ လေယာဉ်ဖြင့်တိုက်ရိုက်လာ ရောက်ပြီး ခန္တီးမြို့မှတစ်ဆင့် လဟယ်မြို့သို့ သွားရောက်နိုင်ပြီး မုံရွာမြို့မှတစ်ဆင့် ခန္တီးမြို့အထိ ရေကြောင်းလမ်းမှလည်း သွားလာ နိုင်သည်။