images
UN
UN
Wi-Fi ထက်အဆ၁ဝဝမြန်သည့် Li-Fi နည်းပညာ အက်စတိုးနီးယားတွင်စမ်းသပ်အောင်မြင်
အေးချမ်းအောင် Wednesday, 02 December 2015
လက်ရှိအသုံးပြုနေသည့် Wi-Fi နည်းပညာထက် အဆ ၁ဝဝ မြန်သည့် Li-Fi နည်းပညာကို Estonia နိုင်ငံ မှ Velmenni ကုမ္ပဏီ မှ စမ်းသပ်အောင်မြင်သွားပြီဖြစ် သည်။ ယခုအခါ Estonia နိုင်ငံ Tallinn မြို့ရှိ ရုံးဌာနအချို့နှင့် စက်ရုံအလုပ်ရုံများတွင် စတင် စမ်း သပ်အသုံးပြုလျက်ရှိရာ လွန်စွာ အဆင်ပြေကြောင်း သိရသည်။ Li-Fi နည်းပညာကို ၂ဝ၁၁ ခုနှစ် တွင် Scotland နိုင်ငံ၊ Edinburgh တက္ကသိုလ်မှ ပါမောက္ခ Harald Hass မှ စတင်တီထွင်ခဲ့ခြင်း ဖြစ် သည်။ Li-Fi နည်းပညာသည် အလင်းရောင်ကိုကြားခံနယ်အဖြစ် အသုံးပြုပြီး အချက်အလက်များကို ကူးပြောင်းပေးသည့် နည်းပညာ သစ်တစ်ခုဖြစ်သည်။ အလင်း ရောင်ထုတ်ပေးမည့် စံသတ်မှတ် ထားသည့် LED မီးလုံးတစ်လုံး သာ လိုအပ်သည်။ လက်ရှိ Wi-Fi နည်းပညာမှာ ရေဒီယိုကြိမ်နှုန်း ဖြင့် အချက်အလက်ပို့လွှတ်ခြင်း ဖြစ်သည်။ စမ်းသပ်ခန်းအတွင်း စမ်းသပ်ချက်များအရ တစ်စက္ကန့် တွင် အချက်အလက်ပမာဏ 224 GB ပေးပို့နိုင်ကြောင်း သိရသည်။ အားသာချက်အဖြစ် အလင်းရောင် သည် နံရံများကို မဖြတ်နိုင်သည့် အတွက် Wi-Fi ထက် ပိုမိုစိတ်ချ မှုရှိသည့် အင်တာနက် ကွန်ရက် ဖြစ်လာမည်ဖြစ်ပြီး အနာဂတ် အင် တာနက်နည်းပညာ အသုံးပြုမှု နည်းလမ်းများကိုပိုမိုမြန်ဆန်လွယ် ကူသွားစေနိုင်မည်ဖြစ်သည်။