images
UN
UN
မိမိဆေးစွဲနေတဲ့ဘဝကို ရဲရဲတင်းတင်းဖွင့်ဟထုတ်ဖော်ပြီး ကုသမယ်ဆိုရင် အားလုံးကူညီမယ့်သူတွေ အဆင်သင့်ပါ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း ဥက္ကဋ္ဌဦးစံရှိန်နှင့်တွေ့ဆုံခြင်း
မိလဲ့ Saturday, 05 December 2015
မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ခြင်းများနှင့်ပတ်သက်၍ မူးယစ်ဆေးစွဲသူများပြန်လည် ထူထောင်ရေးအသင်းဥက္ကဋ္ဌဦးစံရှိန်နှင့် တွေ့ဆုံမေးမြန်းထားချက်များ ကို ဖော်ပြပေးလိုက်ပါတယ်။
မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်းရဲ့လုပ်ဆောင် ချက်လေး ပြောပြပေးစေချင်ပါ တယ်။

ဖြေ။ ကျွန်တော်တို့က ၁ဝ-၁ဝ-၂ဝဝ၅ မှာ စတင်ဖွဲ့တာပါ။ ၁ဝ-၁ဝ-၂ဝ၁၅ မှာ ၁ဝ နှစ်ပြည့် တယ်။ အရင်ဆုံး ဝက်ထီးကန် ရွှေပြည်သာ လူငယ်များပြုစုပျိုး ထောင်ရေးစခန်းက ဆေးဖြတ် လူနာအဆင့်၊ သင်တန်းသားအဆင့် ကိုရောက်နေတဲ့ သင်တန်းသား တွေကို ဆေးပြန်လည်မသုံးစွဲဖို့၊ ပြည်သူလူထုကြားဝင်ထွက်သွား လာနိုင်ဖို့၊ ပြည်သူတွေက လက်ခံ နိုင်ဖို့ နောက်ဆက်တွဲဆောင်ရွက် ချက်တွေ လုပ်ပါတယ်။ ဆေးပြန် မသုံးအောင် ပတ်ဝန်းကျင်က လက်ခံအောင်၊ ညီအစ်ကိုမောင်နှမ က လက်ခံအောင်လုပ်ငန်းစဉ်တွေ ကိုညှိနှိုင်းပြီးလုပ်တဲ့အခါမှာ ဆေးစွဲ လူနာတွေ ယုံကြည်မှုရအောင်ဆေး ပြန်လည်မသုံးဖို့ ကျွန်တော်တို့ ကူညီပေးတယ်။ နောက်တစ်ခါ အိမ်တိုင်ရာရောက် အားဆေး ထောက်ပံ့တာရှိတယ်။ HIV/AIDS အန္တရာယ်ရှိတဲ့ ဒီလူတွေကို ပြင်ပလက္ခဏာတွေကို ကျွမ်းကျင် တဲ့ပုဂ္ဂိုလ်တွေနဲ့ညှိနှိုင်းပြီး ဆန်၊ဆီ၊ အချိုရည် အစရှိတာတွေ၊ အား ဆေးတွေပါတယ်။ ဒါတွေကို မြို့ နယ်အလိုက် တတ်နိုင်သလောက် အားလေးနဲ့သွားတာပါ။ နောက် တစ်ခုဟောပြောပွဲလုပ်တယ်။ မြို့ နယ်ထွေအုပ်တွေပါတယ်။ ဒီအသင်း ပါတယ်။ ပညာရေးပါတယ်။ ကျန်းမာရေးပါတယ်။ ကျွန်တော်တို့ တင်မဟုတ်ပါဘူး၊ လူရွှင်တော် အဖွဲ့ကိုဖိတ်ကြားပြီး ဆက်သွယ် ရေးသံတမန်ပေးတယ်။ သူတို့တွေ ကိုဟောပြောခိုင်းတယ်။ သူတို့ရဲ့ အနုပညာအသုံးအနှုန်းနဲ့ပြောရင် ပိုပြီးအောင်မြင်တယ်။ သူတို့က မြန်မာတစ်ပြည်လုံးသွားနေတယ်။ သူတို့လုပ်ငန်းနဲ့သွားရင်း ဒီအသင်း က ဘာတွေလုပ်ပေးနေလဲပြော ပြတယ်။ ကျွန်တော်က ဆရာဝန် မဟုတ်ဘူး။ ဆေးဖြတ်ဖို့ ကူညီနိုင် တယ်။ သက်ဆိုင်ရာစိတ်ကျန်းမာ ရေးဆေးရုံတွေကို ပို့ပေးတယ်။ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာ ရှင်တွေကို ကပ်ဖို့ခက်ပါတယ်။ ဟာသလူရွှင်တော်တွေက သူတို့ ကိုယ်တိုင်ကလည်း ပျော်ပျော်နေ တတ်တော့ ပိုအဆင်ပြေတယ်။

ဆေးဖြတ်ပြီး နောက်ထပ် ပြန်လည်အသုံးပြုကြတာရှိလား။

ဖြေ။ ဆေးစွဲတဲ့သူက တစ် ကြိမ်သုံးရုံနဲ့ ကြိမ်ဖန်များစွာ ဆေး စွဲနိုင်တယ်။ စိတ်ညစ်လည်းပြန် သုံး၊ ရည်းစားနဲ့အဆင်မပြေလည်း ပြန်သုံး၊အလုပ်မရှိလည်း ပြန်သုံးကြ တယ်။ သူတို့ရဲ့အုပ်စုက တူရာတူ ရာသွားတယ်။ ဆေးဖြတ်ပြီဆိုရင် သက်ဆိုင်ရာ စိတ်ကျန်းမာရေး ဆေးရုံကို ချိတ်ဆက်ပေးထားသလို သူတို့တွေကိုလည်း လက်ရှိပတ်ဝန်း ကျင်မှာ အလုပ်လုပ်ချင်လား၊ ကျောင်းပြန်တက်ချင်လား မိဘနဲ့ ညှိနှိုင်းပြီးတော့ လုပ်ပေးတယ်။ လုပ် သလောက်လည်း အကျိုးရှိတယ်။

တစ်နှစ်ကို ဆေးဖြတ်ပေး တဲ့လူနာ ဘယ်လောက်ရှိလဲ။

ဖြေ။ ဝက်ထီးကန်စာရင်းအရ သုံးလတစ်ခါ ဝက်ထီးကန်မှာလာ ဖြတ်တယ်။ သုံးလပေါင်းရင် ၆ဝ၊ ၇ဝလောက်ရှိတယ်။
ပြန်လည်ထူထောင်ရေးမှာ သက်ဆိုင်ရာဆေးရုံနဲ့ ချိတ်ဆက် ပေးတော့ သွားလာရေးမှာရော လုပ်ဆောင်ပေးလား။


ဖြေ။ ကျွန်တော့်ကားနဲ့သွား ပို့ပါတယ်။ တတ်နိုင်တဲ့သူတွေက သူတို့ကားနဲ့လာခေါ်ပါတယ်။
ဆေးစွဲတာဖြတ်ဖို့အတွက် အချိန်ဘယ်လောက်ယူရလဲ။

ဖြေ။ တစ်ပတ်ပေါ့။ပြန်လည် ထူထောင်ဖို့က နည်းနည်းကြာ တယ်။ ရွှေပြည်သာလူငယ်မှာဆို အနည်းဆုံးရှစ်ပတ်ကြာတယ်။ စိတ်ကျန်းမာရေးဆေးရုံမှာဆို နှစ် ပတ်ထားပြီးပြန်လွှတ်တယ်။

ပြန်လည်ထူထောင်ဖို့ လုပ်တဲ့ အခါမှာ ငွေကြေးကုန်ကျမှုအပိုင်း ကရော မူးယစ်ဆေးစွဲသူများ ပြန် လည်ထူထောင်ရေးအသင်းက တာဝန်ယူပေးတာလား။

ဖြေ။ ကျွန်တော်တို့မှာ ဘတ် ဂျက်မရှိပါဘူး။ ကာယကံရှင်ကို ပြောပါတယ်။ ရွာသာကြီးဆေးရုံ ကိုသွားရင် ကျပ် ၃ဝဝဝဝနဲ့၅ဝဝဝဝ ကြားမှာကုန်မယ်။ ကာယကံရှင် ကပေးပါတယ်။ ဆေးဖိုးနဲ့စား စရိတ်ပါ။ ရွှေပြည်သာလူငယ်ပြုစု ပျိုးထောင်ရေးမှာဆိုရင် နှစ်လနေ ရင်နှစ်လစားစရိတ်သွင်းရတယ်။ ဒိုဘီဖိုးရှိတယ်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး ဖို့အတွက် ဒါလေးတွေတော့ရှိ ပါတယ်။

ဆေးဖြတ်ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်ရမလဲ။

ဖြေ။ ဆေးဖြတ်ချင်တယ် ဆိုရင် ဦးစံရှိန်၊မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဥက္ကဋ္ဌ ဖုန်းဝ၉-၅၁ဝ၈၆ဝ ကို ဆက်သွယ်နိုင်သလို ဖေ့စ်ဘွတ် ကျညေ့ျနငည ဆိုတာရှိပါတယ်။ အသင်းနာမည် မူးယစ်ဆေးစွဲသူ များပြန်လည်ထူထောင်ရေးနာမည် နဲ့ပေ့ရှ်တင်ထားပါတယ်။ အွန်လိုင်း မှာတင်ထားတဲ့အတွက် နယ်ဝေး တွေကလည်းဆက်သွယ်လာပြီး ဆေး ဖြတ်ဖို့ လုပ်ဆောင်လာကြပါတယ်။

ဆေးဖြတ်လူနာတစ်လနဲ့ တစ်လကွာဟမှုရှိလား။

ဖြေ။ မြန်မာပြည်မှာက ဆေး ရုံတွေလည်း သွားတာရှိတယ်။ရွက် ပုန်းသီးတွေမလာဘူး။ ဆေးသမား ဆိုတော့ရှက်တယ်။ အဖမ်းခံရမှာ လည်းကြောက်တယ်။ ပုံမှန်ပါပဲ တစ်လကို ၃ဝ ဝန်းကျင်နဲ့သွားနေ တယ်။ ခြောက်လပြည့်သွားရင် ဖယ်လိုက်တာရှိတယ်။ထပ်တိုးလာ တာရှိတယ်။ အွန်လိုင်းဆက်သွယ် တာနဲ့ ကိုယ်တိုင်လာပြီး ဆက် သွယ်တဲ့ လူတွေ လုပ်အားဆက်ဆံ မှုပေါ်မူတည်ပြီး ဆေးဖြတ်ဖို့ အတွက် လွှဲပြောင်းညွှန်းပို့ရေးဆိုတဲ့ လုပ်ငန်းကို အဓိကလုပ်ပေးနေ တယ်။ တက်စရာဆေးရုံဆေးခန်း ဆက်သွယ်ပေးတယ်။ ဆရာဝန် တွေကိုဆေးဖြတ်တဲ့သူက ယုံကြည် လာအောင် ဆေးရုံကြီးမှာ ရွာ သာကြီးက ပိုကောင်းတယ်။

ပြန်လည်ထူထောင်ရေးလုပ်တဲ့ အခါမှာ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။

ဖြေ။ ပြန်လည်ထူထောင် ရေးလုပ်တာက ပိုက်ဆံရှိမှ။ ပိုက် ဆံမရှိရင် ဘာမှလုပ်လို့မရဘူး။ဆေးသမားက ယုံကြည်မှုရအောင် လုပ်ရတယ်။ နောက်ဆက်တွဲစောင့် ရှောက်ဖို့သွားတဲ့အခါမှာ ၁။ မိသားစုရဲ့ ယုံကြည်မှု၊ ၂။လူနာရဲ့ ယုံကြည်မှုလိုပါတယ်။ သူတို့နဲ့ ယုံကြည်မှု တည်ဆောက်ပြီးမှ ကျွန်တော်တို့ ပြန်လည်ထူထောင် ရေးလုပ်ငန်းက နောက်ဆက်တွဲ စောင့်ရှောက်မှု အရင်လုပ်ရတယ်။ ဆေးမသုံးဘူး ကျန်းမာလာပြီ။ သူဘာလုပ်ချင်လဲ။ ကျောင်းတက် ချင်လား။ တချို့သောပုဂ္ဂိုလ်တွေ ဆို ဆေးဖြတ်ပြီး နိုင်ငံခြားထွက် သွားတာ အောင်မြင်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ကိုယ့်စိတ် သာ အဓိကပါ။

မိမိမိသားစုထဲမှာ ဆေးစွဲ လူနာရှိနေသားနဲ့ ပတ်ဝန်းကျင် ကိုရှက်ပြီး ဆေးရုံဆေးခန်းမပြတဲ့ သူတွေအတွက် ဘယ်လိုအကြံ ဥာဏ်ပေးချင်ပါလဲ။

ဖြေ။ ဆေးသမားဆိုတာ ဆေး ဖြတ်လို့ရတယ်။ကုသခွင့်လည်းရှိ ပါတယ်။ မိမိဆေးစွဲနေတဲ့ဘဝကို ရဲရဲတင်းတင်း ဖွင့်ဟထုတ်ဖော်ပြီး ကုသမယ်ဆိုရင် အားလုံးကူညီ မယ့်သူတွေအဆင်သင့်ပါ။အဓိကက ပတ်ဝန်းကျင်ရဲ့ ပြဿနာတိုင်းလိုက် ဖြေရှင်းနေရင်း လုပ်ငန်းလုပ်ဆောင် စရာမရှိပါဘူး။ မိဘ၊ ညီအစ်ကို၊ မောင်နှမအသိုင်းအဝိုင်းကလည်း ဆေးစွဲလူနာရှိခဲ့သော် ကျွန်တော် တို့လိုအသင်းအဖွဲ့ကြီးတွေကို ဆက် သွယ်ဖို့လိုပါတယ်။