images
UN
UN
ထူးထူးဆန်းဆန်းစာတန်းပါတဲ့...အင်္ကျီများ
ခင်ပန်နှင်း Sunday, 13 December 2015
ကိုရီးယားနိုင်ငံမှာ ရက်ပေါင်း ၆ဝ နေခဲ့ရစဉ် ကျွန်မအဖို့တော်တော်ထူးဆန်းနေတာ ကိုရီးယား လူမျိုးတို့သည် ကြီးငယ်ကျားမမရွေး စာလုံးတွေ ပါသော တီရှပ်၊ အင်္ကျီတို့ဝတ်ကြတာပါပဲ။
ရောက်ခါစရက်တွေမှာ ကျွန်မဒါကို သတိမပြု မိသေးပါ။ တွေ့ရပါများပြီး စာတန်းတွေ၊စာလုံးတွေ ကိုဖတ်မိတာများလာတော့ တော်တော်ကြီး စိတ် ဝင်စားမိသည်။ ဆောင်းပါးပြန်ရေးလို့ရသည်ထိ တစ် ပုဒ်နဲ့မပြီးနိုင်သော အာတီကယ်လ်တွေတော့ရပြီ။ ဓာတ်ပုံလည်းလိုမည်.. ဒီတော့စာပါတဲ့အင်္ကျီ ဝတ် သူတွေကို စာတန်းဦးစားပေးပြီး ဓာတ်ပုံရိုက်ရပါ တော့၏။ စာတန်းက အင်္ကျီနောက်ကျောမှာဆိုရင် ရိုက်ရတာလွယ်သည်။ နောက်က တောက်လျှောက် လိုက်သွားပြီး ရိုက်လိုက်ရုံပဲ။ ရင်ဘတ်မှာဆို တော် တော်အရိုက်ရခက်ပါသည်။ အမှတ်တမဲ့လိုလို ဘာ လိုလို၊ သူ့ရိုက်တာမဟုတ်ဘဲ အခြားနေရာကို ရိုက် သလိုလို လုပ်ပြီးရိုက်ရပါသည်။ ခလုတ်မှားနှိပ်မိ ယောင်ဆောင်ရသည့်အခါလည်းရှိပါသည်။ သူခိုး နည်းပဲပြောပြော ပြောကြပါတော့...။ ကျွန်မပုံတွေ သောင်းချီရိုက်လာတာပြန်ရှာရတော့ခက်နေသည်။ သီးခြားခွဲထားဖို့ကလည်း မလုပ်ဖြစ်သေး။ ကွန်ပျူ တာထဲမှာတွေ့သမျှပုံနှင့် အရင်ရေးပါမည်။
အလွယ်တွေ့သရွေ့ပုံတွေတင်ဆက်အပ်ပါသည်။

Warhol: Media is Art တဲ့။ ဝါဟိုးဟ်က လူပုဂ္ဂိုလ်နာမည်ပါ။ မီဒီယာဆိုတာ အနုပညာပါ တဲ့။ ဟုတ် မဟုတ်စဉ်းစားတော့လည်း ကျွန်မတို့ဆီ မှာက မီဒီယာကို သတင်းစာနယ်ဇင်းစာမျက်နှာနဲ့ ပတ်သက်တာလောက်ပဲ ဦးစားပေးစဉ်းစားပုံနဲ့တော့ မဟုတ်ဘူး ပြောရမှာပေါ့။ မီဒီယာဆိုတာ လူထုဆီ ရောက်သည့် အားလုံးသောကြားခံအခြေအနေဆိုရင် တော့ မီဒီယာသည် အနုပညာပေါ့။
အဲဒီစာတန်းနဲ့အင်္ကျီတွေ့တာ ကလေးမလေး တစ်ယောက် ဝတ်ထားတာ။ ဓာတ်ပုံကို သူတစ်ခုခု ငုံ့ကြည်နေတုန်း ဖျတ်ခနဲ...။
နောက်စာတန်းကိုတွေ့ရတာလည်း မိန်းကလေး ဝတ်ထားတာပဲ။ နောက်ကျောမှာတွေ့လိုက်တော့ သူ့ နောက်ကလိုက်ရတာ...။ မီပါရော... သူက လမ်း လျှောက်နေတာဆိုတော့ မြင်ကွင်းကလှုပ်နေတော့ တော်တော် ကြိုးစားရိုက်ရပါသည်။ နောက်ကျော ဆိုတော့ တော်သေးတာပေါ့။ စာတန်းက Only I Can Change My Life. တဲ့...။ ကိုယ်သာလျှင် ကိုယ့်ဘဝကိုပြောင်းလဲနိုင်ပါသည်...ပေါ့။
SICK and TIRED ဆိုတဲ့စာတန်းနဲ့ အင်္ကျီကို ဝတ်ထားတာ ယောက်ျားလေး...နေမကောင်း၊ ပင် ပန်းလှပါသည်...ဆိုရမှာပေါ့။ အဲဒီအင်္ကျီဝတ်ထား ပေမယ့် ဝတ်ထားသူ လူကချောမောလို့အကောင်း ကြီးပါ။ မဝတ်ကောင်းဝတ်ကောင်းကို ဝတ်ထား သည်ဟုတွေးမိပါသည်။
စာတန်းတစ်ခုကိုတော့ မသန်စွမ်းအမျိုးသမီး ဝတ်ထားပါသည်။ဝှီးချဲနဲ့ပါ။ နောက်ကျောမှာပါပဲ... ကိုယ်မသိတာ တစ်ခုခုကိုယ့်ကိုပြောပြပါလား...တဲ့။
စာမျက်နှာနေရာကိုငဲ့လို့ ပုံဖော်ပြရတာဖြစ်နေ တော့ နောက်ထပ်ရေးပြပါဦးမည်။ ကျွန်မပုံတွေတော် တော်များများရလာပါသည်။ စာတန်းတိုင်းကို ဓာတ် ပုံလိုက်မရိုက်နိုင်ပါ။ ဒီတော့ ရေးမှတ်ထားလိုက်ရ ပါသည်။
အချို့ဖော်ပြပါမည်။Sixty is Perfect . အသက် ၆ဝ ဆိုတာ အရွယ်ကောင်းပါတဲ့။
When you say,You Love Me! တဲ့။ မင်း ငါ့ကိုချစ်တယ်လို့ဖွင့်ပြောတဲ့အခါ...။
Let Won’t Wait for You . မင်းကိုစောင့်နေ ရတဲ့ ကိုယ်မဖြစ်ပါရစေနဲ့။
You are Special. တဲ့ ...။ မင်းသည်ငါ့အဖို့ အထူးတလည် ပုဂ္ဂိုလ်လေးပါတဲ့။
အင်္ကျီတစ်ထည်ကတော့ ရှေ့မှာ You’re Mine. နောက်ကျောမှာ Funny Love တဲ့။
ကဲ...နောက်ထပ်ပုံတွေ တွေ့ရင် ထပ်ရေးပါဦး မည်။