images
UN
UN
အမျိုးသားစာပေတစ်သက်တာဆု အမျိုးသားစာပေဆု စာပေဗိမာန်စာမူဆုရရှိသူများ၏အမှတ်တရစကားသံများ
မေစုဟန် Monday, 14 December 2015
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲတွင် ဆုရရှိသူစာရေးဆရာ၊ စာရေးဆရာမများ၏ ဝမ်းသာပီတိစကားသံများကို ဖော်ပြလိုက်ပါသည်။

သွဲ့ထားညို(သက္ကလ)
(အလင်းစေတမန်ဝတ္ထုရှည်) စာပေဗိမာန်စာမူဆု ဒုတိယဆု
မမဆုရတာ ဝတ္ထုရှည်ဒုတိယဆုပါ။ အဲဒီစာအုပ်လေးအကြောင်းက ဘာရေး ထားတာလဲဆိုတော့ ဆရာဝန်လူငယ်လေး တစ်ယောက်နဲ့ ကျောင်းဆရာလေးတစ် ယောက်အကြောင်း ရေးထားတာ။ လူငယ် ပေမဲ့ ကိုယ့်ရဲ့တာဝန်အပြင် ရပ်ရွာမှာ ရှိတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကို သူတို့ရှိတဲ့အင်အားလေးနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးတာလေးပေါ့။ ကိုယ့်ရဲ့ တာဝန် လုပ်ငန်းဝတ္တရားအပြင်ကို မြို့ရွာ အပေါ်မှာ စေတနာထားတယ်ဆိုတဲ့ အကြောင်းလေးပါ။ လူငယ်တွေဘဝမှာ အမြဲတမ်း ကြိုးစားနေဖို့နဲ့ ကိုယ်တိုင် ကြိုးစားရုံတင်မကဘူး။ ကိုယ့်ရဲ့ပတ်ဝန်း ကျင်မှာ အကောင်းဆုံးတတ်နိုင်သမျှ ကူညီသွားဖို့ ရည်ရွယ်ပြီး ရွေးထားတာ ပါ။ ရရှိခဲ့တဲ့ဆုတွေက စာပေဗိမာန်က ခြောက်ဆုရဖူးတယ်။ ပခုက္ကူဦးအုန်းဖေ ကခြောက်ဆု၊ တခြား စာရေးဆရာအသင်း ကလုပ်တဲ့ ဝတ္ထုတို၊ ပညာတန်ဆောင်တို့၊ အမျိုးသမီးရေးရာတို့၊မူးယစ်ဆေးဝါးတိုက် ဖျက်ရေးတို့ အားလုံးပေါင်း ၂၃ ဆုရ ဖူးတယ်။ စာရေးသက်တမ်းက ၁၉၈၆ ခုနှစ်လောက်ကတည်းက ကောလိပ်နှစ် ပတ်လည်မဂ္ဂဇင်းမှာ ရေးခဲ့တယ်။ အဲဒီ ကနေ ဆက်တိုက်ပေါ့။ ဆုတွေက ၂ဝဝ၃ ကတည်းက ဒီနေ့အထိရခဲ့တယ်။ မရတာ ဆို ၂ဝ၁၅ ခုနှစ်တစ်ခုပဲ။ အဲဒီနှစ်ကသိပ် ကျန်းမာရေးမကောင်းလို့ မရေးဖြစ်ဘူး။

အိအိမော်(ယဉ်ကျေးမှု)ကချင်ရိုးရာအနုလက်ရာဒီဇိုင်းများ (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ) စာပေဗိမာန်စာမူဆု ဒုတိယဆု
အခက်အခဲကတော့ ရှိတာပေါ့။ဒီဥစ္စာ က စာအုပ်စာတမ်းထုတ်ထားတာလည်း မရှိတဲ့အတွက်ကြောင့်မို့ တကယ်တမ်းကျ တော့ အသက်ကြီးတဲ့လူကြီးတွေကို အချိန် ပေးပြီး အများကြီးမေးယူရတယ်။ ရက် ကန်းပညာတတ်တဲ့ ပညာရှင်တွေ အများ ကြီးရှိတဲ့အတွက်ကြောင့်မို့ သူတို့ကိုမေးယူ ရတဲ့အတွက် အချိန်အများကြီးပေးရတယ်။ ဒီနေ့မှာဝတ်နေတာ အများကြီးရှိတယ်။
ဒီနေ့ဝတ်နေတဲ့ဟာကို ယနေ့ခေတ် လူငယ်တွေ ကိုယ်လည်းလူငယ်ပါပဲ၊ ဒါပေမဲ့ ကိုယ်က စိတ်ဝင်စားလို့လေ့လာ တဲ့အတွက် အားလုံးကို စိတ်ဝင်တစားနဲ့ ကိုယ့်လူမျိုးရဲ့ ဂျပ်ခုတ်ထဘီ ဘယ်လိုဝတ် ပြီးမှ ဒီနေ့ဘယ်လိုဝတ်ဆင်လာရသလဲ ဆိုတာကိုသိစေချင်လို့ လုပ်ဖြစ်သွားတာ ပါ။ ဆုရတော့ အတိုင်းမသိ ဝမ်းသာ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမ ဆုံးရေးဖူးတဲ့စာအုပ်မို့ ပထမဆုံးရွေးချယ် ခံရတဲ့အတွက် ပြောမပြနိုင်အောင်ဝမ်းသာ တယ်။

နန္ဒာမိုးကြယ်
(မင်္ဂလာရှိသောနေ့ကလေးကဗျာများ)
စာပေဗိမာန်စာမူဆု ဒုတိယဆု
ကိုယ်ယှဉ်ပြိုင်ခဲ့တဲ့ လုပ်ရပ်အပေါ် ဒီလိုမျိုးဆုရတော့ ဝမ်းသာပီတိဖြစ်တာ ပေါ့။ ကျွန်တော်တို့ စာရေးတာက ရေးတာ ပေါ့။ ရေးတဲ့သူရှိရင်ရှိသလိုပဲ ဖတ်တဲ့ သူရှိဖို့လိုတာပေါ့။ ဖတ်မှလည်းပဲ ဒီစာပေ က အဓွန့်ရှည်မှာ။ အဓိက ကျွန်တော်တို့ ရေးနေတာ ဘာအဓိကလိုအပ်ချက်လဲ ဆိုတော့ ကျွန်တော်တို့ရေးနေတဲ့ ကလေး စာပေတော်တော်နည်းတယ်။ ထွက်တဲ့ စာအုပ်နည်းတယ်။ နည်းတဲ့ဥစ္စာမှာ အခု ဆို စာအုပ်ဈေးကွက်က ပျက်နေတယ်။ ဖွံ့ဖြိုးဖို့ဆိုရင် ဒီစာအုပ်တွေ ရောင်းရမှ ဖြစ်မယ်။ အဲ့ဒီရောင်းရဖို့အတွက် အဓိက က ကလေးတွေကို မိဘတွေက ဝယ်ပေးဖို့ လိုတာပေါ့။ မိဘဝယ်ပေးမှ ကလေးတွေ က ဖတ်ရတာဗျ။ ထို့အတူပဲ မြန်မာနိုင်ငံ မှာ စာကြည့်တိုက်တွေ အများကြီးရှိတယ် လို့ သူတို့ပြောတယ်။ သူတို့မဝယ်ဘူးဗျ။ အလကားပဲ အလှူခံနေတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ်ဖြစ်မှာလဲ။ အဓိက အရေးကြီး တာက ကလေးတွေစာဖတ်မှ ကလေး တွေကောင်းမှ လူကြီးကောင်းသွားမှာ အခု ကလေးတွေ တော်တော်များများက ဖုန်း တွေကို လျှောက်ပွတ်နေတာပဲ။ ကလေး တွေရဲ့ စူးစမ်းလိုစိတ်က တစ်ဖက်မှာ တော့ကောင်းတယ်။ များသောအားဖြင့် အသိဥာဏ်ဖွံ့ဖြိုးဖို့ တော်တော်အားနည်း သွားတယ်။ အဲ့ဒီအတွက် စာဖတ်မှဖြစ် မယ်။ စာဖတ်ရင် ကမ္ဘာတောင်ပတ်လို့ ရတာပဲ။

အေပရယ်ယုနိုင်
(ကိုယ်တိုင်ရေးရောင်စုံပန်းချီကားတစ်ချပ်-လူငယ်စာပေ)စာပေဗိမာန်စာမူဆုပထမဆု
ပညာတန်ဆောင်မှပဲ ဆုရဖူးတယ်။ ဆုကြီးကတော့ အခုမှရဖူးတာပါ။ အစ်မ က အခုရတဲ့ဝတ္ထုက ၁၈ နှစ်သာသာရှိ တဲ့ ဆရာမလေးတစ်ယောက်ရဲ့ ကလေး အပေါ်ထားတဲ့ စေတနာတွေရယ်၊ သူရဲ့ ဝါသနာရယ်၊ အရမ်းနိမ့်ကျတဲ့ရွာလေးမှာ ဘာမှဖွံ့ဖြိုးမှုမရှိဘူး။ ကူညီပံ့ပိုးမှု ဘာမှမရှိ တဲ့ ရွာကလေးမှာ သူတတ်နိုင်သလောက် စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့ ဇာတ်လမ်း လေးပေါ့။ အစ်မကိုယ်တွေ့ပေါ့။ အစ်မ အသက် ၁၈ နှစ်လောက်က အဲတာလေး ကို ရေးထားတာပါ။ ဝတ္ထုရေးတာ ပထမ တစ်နှစ်ရေးတယ်။ပြီးတော့ ရပ်ထားတယ်။ ဒီဝတ္ထုထဲမှာပါတဲ့ အဓိကဇာတ်ကောင် ကောင်မလေးနဲ့ သူ့အဖေအချီအချပြောတဲ့ အခန်းတွေပေါ့။ အစ်မအဖေကလည်း ကျောင်းဆရာကြီးပါပဲ။ သူရဲ့ဆုံးမသွန်သင် မှုတွေ ဒီအထဲမှာ ရေးထားတာပါတယ်။ ဝတ္ထုရေးရင်းနဲ့ ဖေဖေဆုံးသွားတော့ အဲ့ဒီ မှာ ခဏရပ်ထားလိုက်တယ်။ နောက် ခြောက်လမှပြန်ရေးတယ်။စုစုပေါင်း ရေးချိန် တစ်နှစ်နဲ့ခြောက်လကြာတယ်။ တကယ် ရေးတာတော့ တစ်နှစ်လောက်ပါပဲ။ရေးရင်း နဲ့ဒီစာထဲက အကြောင်းအရာတွေပြန်ဖတ် ပြီး လူငယ်တွေကို အရမ်းဖတ်စေချင်တာ ပါ။ လူငယ်တွေအပေါ်ထားတဲ့စေတနာ ပေါ့။ အစ်မရဲ့စေတနာကြောင့်ပဲ လူငယ် စာပေပထမဆုရသွားတယ်ပေါ့။