images
UN
UN
စာကောင်းကောင်းတစ်ပုဒ်ဖြစ်လာစေမည့်နည်းလမ်း စာများများဖတ်ကြပါဟု တိုက်တွန်းခဲ့ကြသည့် ဝါရင့်စာရေးဆရာ ဆရာမကြီးများ၏ စကားသံများ
မိစုမွန် Sunday, 20 December 2015
(၂၂)ကြိမ်မြောက် သက်ကြီး စာပေပညာရှင်များအား ပူဇော် ကန်တော့ပွဲ၌ ကန်တော့ခံဝါရင့် စာရေးဆရာ ဆရာမကြီးများ၏ ဝမ်းသာပီတိစကားသံများနှင့် မျိုး ဆက်သစ်စာပေပညာရှင်များအား အကြံဥာဏ်ပေးလိုသည့် စကား သံများ အားမေးမြန်းခဲ့ရာ....

တက္ကသိုလ်စိန်တင်
ဒီစာရေးဆရာကန်တော့ပွဲကို ဆရာကြီးက အသက်၈ဝကျော် ပြီး လေးလနေမှတက်တာပါ။ မနှစ်က ၇၉နှစ်ပြည့်တုန်းကလဲ တစ်ကြိမ်တက်ပြီးပါပြီ။ အခုလို တက်ခွင့်ရတဲ့အတွက်လည်းအရမ်း ဝမ်းသာတယ်။ တစ်ခုမှတ်ချက်ပြု ချင်တာက ဒီလိုစာရေးဆရာတွေ ကို စာရေးဆရာငယ်တွေက ကန် တော့တာ ကမ္ဘာမှာမရှိဘူး။ မြန်မာ နိုင်ငံက ပထမဦးဆုံးပါ။ အဲဒီ အတွက် တကယ်ကိုပီတိဖြစ်မိပါ တယ်။ လယ်တွင်းသားစောချစ် ဦးဆောင်နေတဲ့ စာရေးဆရာ အသင်းကြီး ဒီထက်မက အောင် မြင်ပါစေ။ ဆရာကြီးတို့ စာပေ လောကက နှစ် ၅ဝ စာပေစိစစ် ရေးထိန်းချုပ်မှုအောက်မှာ ရပ် တည်နေခဲ့ရတော့ စာတွေက ပျက်စီးနေကြပါပြီ။ ဥပမာပေးရ ရင် မူးယစ်ဆေးဝါးပုလင်းတွေကို လမ်းကြိတ်စက်နဲ့ ကြိတ်တာမျိုး ပေါ့။ ဆရာတို့ရဲ့ ရသစာပေတွေ ကိုလည်း နှစ် ၅ဝ အတွင်းမှာ စာပေစိစစ်ရေးရဲ့ ကြိတ်တာကို ခံခဲ့ရတယ်။ အဲဒီအတွက် ဒီနေ့ အထိ ရသစာပေဟာ နာလန်မထူ နိုင်အောင်ဖြစ်နေပါတယ်။ ရသ စာပေတွေကို များများရေးနိုင်တဲ့ စာရေးဆရာတွေကို ပေါ်ထွက်စေ ချင်တယ်။ အင်တာနက်ဖေ့စ်ဘုတ် တွေပေါ်မှာ အချိန်ကုန်မခံပါနဲ့၊ ကျေနပ်မနေပါနဲ့၊ စာများများဖတ် ပါ။ နေ့စဉ်စာအုပ်တစ်အုပ်ဖတ် ပါ။ စာမဖတ်ဘဲမအိပ်သွားပါနဲ့။စာဖတ်ရင်လည်း ကိုယ့်ကိုအကျိုး ပြုမယ့်စာအုပ်တွေပဲ ရွေးဖတ်ပါ။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာမကြီးခင်ဆွေဦးတို့၊ ဆရာ ကြီး မဟာဆွေ၊ ဆရာကြီးဇဝနတို့၊ ဆရာကြီးအောင်သင်းတို့ရဲ့စာအုပ် တွေရှာဖတ်ပါ။ သူတို့ရဲ့နည်းတွေ နဲ့ ခေတ်သစ်ရဲ့စနစ်တွေပူးပေါင်း ပြီး ရေးကြပါလို့ မျိုးဆက်သစ် စာရေးဆရာတွေကို ပြောချင် ပါတယ်။

ဒေါ်ကြွယ်ကြွယ်
ကျွန်မတို့ ဗုဒ္ဓဘာသာလူမျိုး တွေမှာ ကိုယ့်ခေါင်းကို ကြမ်းနဲ့ထိ ပြီးကန်တော့တယ်။ လက်အုပ်ချီ ပြီး ကန်တော့တယ်ဆိုတာ ဗုဒ္ဓ ဘာသာမှာပဲရှိတယ်။ မြန်မာနိုင်ငံ မှာ အဲဒီယဉ်ကျေးမှုကို ဆက်လက် ထိန်းထားတဲ့အတွက် ဒီကန်တော့ ပွဲကြီးဟာ ဝမ်းသာစရာကောင်း တဲ့ပွဲကြီးတစ်ခု ထာဝစဉ်တည်တံ့ ခိုင်မြဲစေဖို့ ဆန္ဒပြုပါတယ်။ ကျွန်မ တို့ငယ်ငယ်ကတည်းက စာကို စာလိုပဲရေးပါတယ်။ စကားပြော တဲ့ဟန်နဲ့ ရေးတာနည်းပါတယ်။ အဲဒီတော့ စာကလည်း ရှေးမြန်မာ စာတွေနဲ့ မြန်မာ့ယဉ်ကျေးမှုအသုံး အနှုန်းတွေများတယ်။ ခုခေတ်က ကျတော့ အဲလိုမဟုတ်ဘဲ စကား ပြောနဲ့ရေးကြတယ်။ မြန်မာ့ယဉ် ကျေးမှုစကားလုံးတွေကို နား မလည်ကြတော့ဘူး။ နားမလည် တော့ ကျွန်မတို့က စာကိုရှေးစနစ် အတိုင်းရေးတယ်။ စာပြင်ဆရာ တွေက မသိတဲ့အတွက် ကျွန်မတို့ စာကို ဖြုတ်ပစ်တယ်။ အဲဒီတော့ စာကအဓိပ္ပာယ်တွေလွဲသွားတယ်။ အဲ့ဒါကလုံးဝမကောင်းဘူး။ မြန်မာ စာကို ကျကျနနဖတ်ပါ။ ဖတ်ပြီးမှ ပြန်ရေးကြပါ။ သတင်းတွေလဲ အဲလိုပဲ ရေးကြဖို့ မေတ္တာရပ်ခံချင် တယ်။ လတ်တလော စာပေ လောကကိုလည်း ဘာမှမပြောချင် ဘူး။ ခေတ်ကြီးက တီဗွီကြည့် တယ်။ ဂိမ်းနှိပ်တယ်။ အင်တာ နက်သုံးတယ်။ စာအုပ်တွေနဲ့ အလှမ်းဝေးနေတယ်။ အဲဒီအတွက် ပြောလို့မလွယ်ဘူး။ မျိုးဆက်သစ် တွေကို ကျွန်မအနေနဲ့ အကြံပေးချင် တာက ရှေးမြန်မာစာတွေ ရှေးကရေးခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့စာ တွေကိုဖတ်ပါ။ ပြန်ဖတ်တဲ့ အခါ ကျတော့ မြန်မာစာက ဒီလိုပါလား ဆိုတာကို သိကြမယ်။ သိတဲ့အခါ ကျမှ ကိုယ်ပြန်ရေးတဲ့စာက အဖိုး တန်တဲ့ စာတစ်ခုဖြစ်လာမှာပါ။

ဦးအံ့မောင်
ဒီလိုပွဲမျိုး လုပ်တဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဒီလို ပွဲမျိုးဟာ တိုင်းပြည်တစ်ဆင့်ထက် တစ်ဆင့် တိုးတက်သွားစေဖို့အတွက် အထောက်အကူပြုနိုင်ပါစေလို့ ဆု တောင်းပါတယ်။ အလားတူပွဲမျိုး တွေကို ဆက်လက်ကျင်းပသွား မယ်ဆိုရင် တိုင်းပြည်အတွက် ဂုဏ် ကျက်သရေမင်္ဂလာရှိပါတယ်။ ဒီလို ပွဲမျိုးလုပ်တာနဲ့အတူ စာပေထုတ် ဝေမှုတွေမှာ ပိုပြီးစာအုပ်တွေ များများအောင်အောင်မြင်မြင် ထုတ်ပြီးတော့ စာကြည့်တိုက်တွေ လည်း များများရှိဖို့၊ စာပေလောက ကြီးက တကယ်အသက်ရှင်နေနိုင် ဖို့ ဆရာတို့ လိုလားပါတယ်။ ဒီ ဘက်ခေတ်က လူတွေက ဗဟုသုတ ဆည်းပူးတဲ့နေရာမှာ အင်မတန် တော်ပါတယ်။ အရင်က လူကြီး တွေက ခုခေတ်လူငယ်တွေကို မမီ ပါဘူး။ သူတို့က အခွင့်အလမ်း တွေ ပိုများတယ်။ ဒီလိုအခွင့် အလမ်းတွေပိုများတာနဲ့အတူ သူ တို့ ပိုတိုးတက်ပါစေ။ ဒီလမ်း ကြောင်းတွေက အကုန်လုံးသွားရ မယ့်ကိစ္စမှာ သမိုင်းရဲ့အချိုးအကွေ့ ကြီးတစ်ခုကို ရောက်ရှိလာတယ်။ မြန်မာပြည်ကို ပုံစံသစ်နိုင်ငံ တစု တစည်းဆောက်ဖို့ အလားအလာ တွေ ပွင့်လင်းလာတယ်။ မညီ ညွတ်ခဲ့ရာကနေပြီးတော့ ညီညွတ် မယ့် တိုင်းပြည်မျိုး အရိပ်အယောင် လေးတွေ မြင်လာရတယ်။ အဲ့ဒီ တိုင်းပြည်ကြီး ညီညွတ်တိုးတက် အောင် လူငယ်တွေစွမ်းဆောင် နိုင်ကြပါစေ။

ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း)
စာပေပညာရှင်တွေကို ကန် တော့တာက ဗမာဘုရင်လက်ထက် ကတည်းက စခဲ့တာပါ။ အခု လည်း စာရေးဆရာအသင်းက ဒီ အစဉ်အလာတွေကိုထိန်းပြီး ကန် တော့တယ်။ ကန်တော့တယ်ဆို တာ လူကိုကန်တော့တာ မဟုတ် ဘူး။ စာရေးဆရာတွေရဲ့ ပညာကို ကန်တော့တာ။ စာရေးဆရာတွေက သူတို့ အတွေ့အကြုံနဲ့ ဖတ်မှတ် ထားတာတွေ၊ ကိုယ်တိုင်တွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံတွေကို ရေး သားပြီး နောက်လူငယ်တွေအတွက် ပညာဖြန့်ဖြူးတာပါ။ ဒီပညာကို ကန်တော့တာပါ။ အဲဒီတော့ အင်မတန် တန်ဖိုးကြီးပါတယ်။ အသက်ကြီးလို့ ကန်တော့တာ တစ်မျိုး၊ အသက်လည်းကြီးတယ်၊ ပညာအားဖြင့်လည်းရှိတယ်။ အဲဒီ အတွက် ပိုတန်ဖိုးထားပါတယ်။ စာပေလောကမှာ အဘတို့ငယ်ငယ် ကထုတ်ဝေတာလည်း နည်းတယ်။ ဖတ်စရာနည်းတယ်။ ရေးတဲ့သူ တွေကလည်း သေသေချာချာစိစစ် ပြီး ရေးတယ်။ အဘတို့ငယ်ငယ်က မဂ္ဂဇင်းဆို သုံးလေးခုလောက်ပဲ ရှိတယ်။ အခုတော့ မဂ္ဂဇင်းတွေ အပြင် အပတ်စဉ်ထုတ်ဂျာနယ်တွေ၊ နေ့စဉ်ထုတ်သတင်းစာတွေ အားလုံး ကို ဖတ်နိုင်ဖို့မလွယ်ဘူး။ လက် တစ်ကမ်းက စာပေတွေပဲ ဖတ်ကြ တယ်။ အချိန်အားဖြင့် အပတ်စဉ် ဂျာနယ်တွေများတယ်။ လစဉ် မဂ္ဂဇင်းတွေကတော့ တော်တော် နည်းသွားပြီ။ ခေတ်ကြီးက တိုး တက်နေတဲ့ခေတ်ဆိုတော့ တချို့ စာတွေဖတ်ရတာ မပြည့်စုံဘူး။ သတင်းဆိုတာ ပြည့်စုံအောင်လိုက် ပြီး သုံးသပ်ရတယ်။ ပြီးမှ မှန်၏ မမှန်၏ဆိုတာ ရေးပြီးမှ ပြည်သူကို ပေးတာ ပိုပြီးအကျိုးရှိတယ်။ ဂျာ နယ်တွေကိုကြည့် ကိုယ်ရလာတဲ့ ကိုယ်မြင်တာကိုပေါင်းပြီး ရေးကြ တာပါ။ အချိန်တွေလည်း တော် တော်လုရတယ်။ အခုခေတ်က စာပေတစ်ပုဒ်ဖြစ်ဖို့လည်း လွယ်ပါ တယ်။ ဘဘတို့ခေတ်တုန်းက တော့ စာတစ်ပုဒ်ရေးနိုင်ဖို့ အချက် အလက်တွေပြည့်စုံအောင် အရင် လေ့လာရတယ်။ ပြီးမှရေးရတာ ပေါ့။ အခုခေတ်ကလေးတွေက ဖြတ်ထိုးÓဏ်အရမ်းကောင်းတယ်။ သုံးကြောင်းလောက်ဖတ်ပြီးရင် သုံးသပ်တတ်တယ်။ ရေးတတ် တယ်။ စာရေးတယ်ဆိုတာက ကိုယ်သိတာကို ဖြန့်ဖြူးတာပဲ။ အဲဒါကြောင့် ကိုယ်ဖြန့်ဖြူးမယ့် အကြောင်းအရာကို ပိုင်နိုင်အောင် လေ့လာပါ။ အဲဒါဆိုပိုပြီး အကျိုး ရှိပါမယ်။

ဒေါ်ခင်ဆွေဦး
ဆရာမက ဒီပွဲကိုတော့မီအောင် လာပါတယ်။သမီးရှိတဲ့စင်ကာပူကို ခဏခဏ ရောက်နေတော့လေ။ သုံးနှစ်ရှိပါပြီ၊ ဒီပွဲကိုတက်တာ။ ဒီပွဲက အင်မတန်ကောင်းပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ် သလို ပျော်စရာလည်းကောင်းပါ တယ်။ အခုတွေ့ရတဲ့ စာရေးဆရာ ကြီးတွေကလည်း ဆရာမရဲ့ ဆရာ ကြီးတွေပါပဲ။ ဆရာမတွေကျတော့ ကိုယ့်တပည့်လေးတွေပေါ့။ ဆရာမ က လသာမှာ ကျောင်းဆရာမ လုပ်ခဲ့ဖူးတာဆိုတော့လေ။သူတို့ကို ပြန်တွေ့ရတော့ ဝမ်းသာတာပေါ့။ နောက်တစ်ခုက အခုနောက်ပိုင်း စာပေလောကမှာ ရသစာပေတွေ အားနည်းတယ် အားနည်းတယ် ဆိုပြီး ပြောကြပါတယ်။ ဆရာမ ရဲ့ စိတ်ကတော့မလျှော့နိုင်ဘူး။ ဆရာမကိုယ်တိုင်ကလည်း ရသ စာပေပဲ ဦးစားပေးရေးတာဆို တော့။ ဆရာမစာအုပ်တွေလည်း သူ့ဟာနဲ့သူတော့ ရောင်းရပါ တယ်။ အဲ့ဒီအတွက် ဝမ်းသာပါ တယ်။အသစ်တွေကတော့ မဂ္ဂဇင်း မှာ ဝတ္ထုတိုရေးတာလောက်ပါပဲ။ ဆရာမအနေနဲ့ နောက်တက်လာ မယ့် စာရေးဆရာ၊ ဆရာမတွေကို ပြောချင်တာက စာများများဖတ် ပါ။ ဖတ်ပါများလာရင် ရေးချင် လာလိမ့်မယ်။ အဲ့ကျတော့ ဖြစ် အောင်ရေးပါ။ ဆရာမအနေနဲ့ လည်း စာတွေထပ်ရေးဖို့အစီအစဉ် ရှိပါတယ်။ ဆရာမနာမည်ရတာ က အတ္ထုပ္ပတ္တိဝတ္ထုတွေ ရေးတဲ့ နေရာမှာဆိုတော့ အဲဒါလေးတွေပဲ ရေးဖြစ်မှာပါ။ အသက်ကြီးမှ အဲ့လို ပုံစံမျိုးလေးတွေကို စိတ်ဝင်စားနေ ပါတယ်။