images
UN
UN
လိပ်ကျွန်းလူသတ်မှုပြစ်ဒဏ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသံရုံးရှေ့ဆန္ဒထုတ်ဖော်ပွဲမှ သူတို့အမြင်
စိုးစိုးစံ Friday, 25 December 2015
မောင်မောင်အေး
အခုလိုဆန္ဒထုတ်ဖော်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လေး သိချင်ပါတယ်။
ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး ထိထိ ရောက်ရောက်လုပ်နိုင်တာကတော့ သက် ဆိုင်တဲ့အစိုးရပိုင်းတွေ၊ လူကြီးပိုင်းတွေပဲ လုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး ကတော့ ပြည်သူတွေအနေနဲ့ပဲ မတရား ဘူးလို့ခံစားရတယ်။ အဲ့ဒီအတွက်ကြောင့် တရားသဖြင့် ဒီတရားမျှတမှုကိုပဲ လိုချင် တယ်လို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရကို ဘယ်လိုတိုက်တွန်းစကား ပြောချင်ပါ သလဲ။
ကျွန်တော်တို့ပူသလို သူတို့တကယ် ပူမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့အဲ့ဒါ ကို ဝမ်းသာရတာပေါ့နော်။ တကယ်တော့ အစိုးရဆိုတာ တိုင်းပြည်အုပ်ချုပ်တာဆို တော့ တစ်နိုင်ငံတည်းသားကို ကိုယ့်အပူ ကဲ့သို့သူတို့ခံစားပေးရမှာလေ။ ကျွန်တော် တို့ ဒီမှာရှိတဲ့ကိုယ့်နိုင်ငံသားအားလုံး ပူ နေရင် သူတို့လည်း နိုင်ငံသား တစ် ယောက်အနေနဲ့ ပူလောက်မယ်လို့ မျှော် လင့်ပါတယ်။ အဲဒီ့အပူအတွက်လည်း ဘယ်လိုမျိုးငြှိမ်းကြမလဲဆိုတာကိုတော့ သူတို့သက်ဆိုင်ရာက ဆောင်ရွက်လိမ့် မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

မေခလာ
လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အစ်မရဲ့အမြင်လေး သိချင်ပါတယ်။
ဒီကလေးတွေက အစ်မအမြင်တော့ ရိုင်းတဲ့ကလေးတွေမဟုတ်ပါဘူး၊'မြန်မာ' ဆိုတာကို အများကနှိမ်ထားကြတဲ့အသိ ကြောင့် သူခိုးထင်၊ ဓားပြထင်၊ ခိုးစား ဝှက်စားထင်နေကြတဲ့ အထင်သေးမှုတွေ ကြောင့် ကျွန်မတို့မြန်မာကိုစွပ်စွဲတယ်လို့ ကျွန်မတထစ်ချယုံကြည်တယ်။ ဒါကြောင့် မို့ ကျွန်မတို့မြန်မာလူမျိုးတွေ စည်းလုံးပြီး တော့ အရမ်းကိုတိုးတက်ချင်ပါပြီ။ ဒီ လူမျိုးရေးစိတ်ဓာတ်ကြောင့် ကျွန်မဝင်ကူ ခြင်းဖြစ်ပါတယ်။

အခုလိုဖြစ်စဉ်အပေါ်မှာ အစ်မအနေ နဲ့ဘယ်သူတွေမှာတာဝန်ရှိတယ်လို့ ထင် ပါသလဲ။
အဓိကကတော့ ကျွန်မတို့ဟာ အစစ အရာရာနိမ့်ကျနေတဲ့အတွက်ကြောင့် သူခိုး လိုလို လူလိုလိုစွပ်စွဲခံရခြင်းဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်ကြီးသာ ချမ်းသာလို့ ရှိရင် ဘယ်လူမျိုးမှ တခြားနိုင်ငံမှာအလုပ် သွားလုပ်မခံပါဘူး။ ကိုယ့်တိုင်းပြည်မှာပဲ ကိုယ် အေးဆေးနေကြမှာပါ။ အခုသွားတဲ့ ကလေးတွေက အသက်၁၈၊၁၉၊၂ဝ လေး တွေပါ။ အရမ်းကိုသူတို့မှာစွန့်စားပြီးတော့ မိဝေးဖဝေးသွားနေရတာပါ။ တကယ်ကို ပိုက်ဆံမရှိလို့သွားပြီး အလုပ်လုပ်နေရ တာလေ။ ကိုယ့်တိုင်းပြည်မှာ စည်ကား ပြီးတော့ စီးပွားတက်နေမယ်ဆို ဘယ်သူ ကသွားမှာလဲ။ ဘယ်သူမှမသွားဘူး။ အဲဒီ့ လိုသွားရတဲ့အထဲကမှ ဒီလိုမျိုးဒုက္ခနဲ့ပြန် ကြုံတယ်ဆိုတော့ ကျွန်မမြန်မာလူမျိုးတွေ ကိုယ်စား တအားကိုရင်နာပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး စီရင်ချက်ချတဲ့ အပေါ်မှာ ပြည်သူလူထုအနေနဲ့ အခု တောင်းဆိုမှုတွေ လုပ်လာကြပြီ။ဒီအပေါ် မှာ ဘယ်အတိုင်းအတာလောက်အထိ အောင်မြင်မယ်လို့မျှော်လင့်ထားပါသလဲ။
ကျွန်မတို့ကတော့ အမှန် တရားဘက် ကနေတောင်းဆိုနေတာပါ။ ဒီကလေးတွေ ကိုအပြစ်မရှိဘူးလို့လည်း ပြောနေတာ မဟုတ်ပါဘူး။ တကယ်တမ်းအပြစ်ရှိ တယ်မရှိဘူးဆိုတာလည်း သူတို့အားလုံး ကြေညာပြီးပြီလေ။ တရားရုံးကလည်း ဒီကလေးတွေ အပြစ်မရှိကြောင်း ပြောပြီး ပြီလေ။ ကမ္ဘာကလည်း သိနေပြီးပြီလေ။ ဘာကြောင့် ဒီလိုမျိုးအမိန့်ထပ်ချရတာလဲ။ အဲဒါကို ကျွန်မတို့က မကျေနပ်တာပါ။ လူတစ်ယောက်ကို သတ်တယ်ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ အဲဒီ့တော့ဒီလိုမျိုး ကလေးနှစ်ယောက်က သတ်နိုင်တဲ့အင် အားလည်း သူတို့မှာမရှိပါဘူး။ တကယ် တမ်း လက်သံပြောင်တဲ့သူတွေပဲသတ်တာ ပါ။ ဒီကလေးနှစ်ယောက်ကို ကျွန်မလုံးဝ ယုံကြည်တယ်။ လုံးဝမသတ်ဘူးဆိုတာ ကျွန်မ တထစ်ချယုံကြည်တယ်။