images
UN
UN
နိုင်ငံကိုယ်စားပြုအလှမယ်တွေဟာကိုယ့်နိုင်ငံအကြောင်းကို နိုင်ငံတကာက သိအောင်ပြောပြရတဲ့ သံတမန်တစ်ယောက်ပါဟုဆိုတဲ့...လှနုထွန်း
မိစုမွန် Sunday, 27 December 2015
Style Plus H မှ National Director ဒေါ်လှနုထွန်းနှင့် တစ်နှစ်တာသူမ၏
Organization မှ စေလွှတ်ခဲ့သည့်အလှမယ်များနှင့်ပတ်သက်၍မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံရဲ့နေရှင်နယ် ဒါရိုက်တာ တစ်ယောက်အနေနဲ့ အလှမယ်တွေအပေါ် ဘယ်လိုလေ့ကျင့်သင်ကြားမှုတွေပြုလုပ် ခဲ့လဲ။
လှနုအပြည့်အဝလေ့ကျင့်ပေးခဲ့တာက မေမြတ်နိုးပါ။ နံနက် ၆ နာရီဆိုသွား ခေါ်ပြီး ညဘက်မိုးချုပ် မှပြန်ပို့ပေးတယ်။ နောက်တစ်ယောက်က လဲ့ယမင်းဦး။ သူ့ ကိုလည်း အစ်မ တော်တော်လေး လေ့ကျင့် ပေးခဲ့တယ်။ အချိန်ရရင်ရသလို ကလေး တွေက ပြောင်းလဲသွားတယ်။ အစား အသောက်၊ အနေအထိုင်၊ အပြောအဆို၊ အဝတ်အစားကအစ ကိုယ့်သမီးတစ် ယောက်လို ဘေးမှာတောက်လျှောက်ရှိပြီး သင်ပေးတယ်။ ကလေးတွေတော်တော် လည်း ပြောင်းလဲလာတယ်။ ပြောင်းလဲလို့ မရတာတစ်ခုက လှနုအတွေ့အကြုံနည်း သေးလို့ဖြစ်မယ်။ အောင်မြင်ပြီးသွားချိန် မှာ ဘယ်လို ကိုယ့်ကိုယ်ကိုယ်စီမံမလဲ၊ ပဲ့ကိုင်မလဲဆိုတာကိုတော့ လှနု မသိနိုင် သေးဘူး။

Style Plus H က လွှတ်လိုက်တဲ့ အလှမယ်တွေက ဆုတစ်ခုမဟုတ်တစ်ခု ကို မြန်မာနိုင်ငံအတွက် သယ်ဆောင်လာ ပေးကြတယ်နော်။
ဒါကတော့ ဘုရားပေးတာပေါ့။ လှနု ပွဲတွေက သေးတာလည်းပါတယ်။ အယောက် ၄ဝ အောက်တွေလည်းပါ တယ်။ အဲ့ဒီမှာမှ မေမြတ်နိုးက CROWN ရခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ဂုဏ်ယူတယ်။ နောက်တစ်ယောက်က ဇွန်သံစဉ်။ ပြီးတော့ ဇွဲသူရိန်၊ ပြီးရင်လှယဉ်ကျေးပေါ့။ လှယဉ် ကျေးက လိမ်လိမ်မာမာနေတဲ့အတွက် ၂ဝ၁၅ မှာ နောက် မယ်တစ်ယောက်ကို သရဖူလွှဲပြီးသွားပြီပေါ့။ မြန်မာနိုင်ငံအနေ နဲ့ ပထမဆုံးသရဖူလွှဲပေးရသူပါ။ အင်တာ နေရှင်နယ်မယ်တစ်ယောက်အနေနဲ့ ရပ် တည်ခဲ့တယ်။

ပြိုင်ပွဲမှာယှဉ်ပြိုင်ရမယ့်အစီအစဉ်အစ အဆုံးအတွက် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်ပေးခဲ့လဲ အလှမယ်တွေကို။
လှနုတစ်ယောက်တည်းရဲ့ idea မဟုတ်ဘူး။ လှယဉ်ကျေးတုန်းကတော့ ဒီဇိုင်နာဖြိုးပြည့်ကိုခေါ်ပြီး သေချာတိုင်ပင် ပြီး လုပ်ခဲ့ကြတယ်။ ဆရာဖြိုးပိုင်ကလည်း အားဖြည့်လုပ်ပေးခဲ့တယ်။ လှနုက ခေါင်း ဆောင်းတွေ၊ အတောင်တွေ၊ ဝတ်ရုံတွေ အရမ်းကြိုက်တယ်။ အဲ့ဒီ အတွက် Modifies လုပ်ချင်တယ်။ အဲ့ဒါကြောင့် ပြောင်း လဲလိုက်တယ်။ လှယဉ်ကျေးတုန်းက ရာခိုင်နှုန်းပြည့်ဝင်ပါခဲ့တယ်။ မေမြတ်နိုး တုန်းကလည်း ဝင်ပါခဲ့တယ်။ ၂ဝ၁၅ မှာတော့ လှနု ဝင်မပါတော့ဘူး။ ကလေး တွေရဲ့ idea ရယ်၊ ဒီဇိုင်နာတွေရဲ့ idea ရယ်ပေါင်းပြီး မိတ်ကပ်ဆရာလည်း ပါတယ်ပေါ့။ ပေါင်းပြီး လုပ်ဖြစ်တယ်။ အလှမယ်တွေရဲ့ မိခင်တွေပါ ပါဝင်တဲ့ အတွက်ကြောင့် လှနုအနေနဲ့ ရာခိုင်နှုန်း ၂ဝလောက်ပဲ ဝင်ပါဖြစ်တယ်။ ပြဿနာ တက်လာပြီဆိုရင်တော့ လှနုအကုန်တာဝန် ယူပေးပါတယ်။ နေရှင်နယ်ဒါရိုက်တာ တစ်ယောက်အနေနဲ့ပေါ့။ နောက်ကွယ်မှာ ကလေးတွေကို ဆူရင်ဆူမယ်၊ ပြောရင် ပြောမယ်၊ လှနုဖေ့စ်ဘွတ်ပေါ်မှာ ဘာမှ မပြောခဲ့ပါဘူး။ လှနုနဲ့ လက်တွဲလုပ်နေ သရွေ့ ဒီအလှမယ်ရဲ့တာဝန်တွေ လှနု အပြည့်အဝယူရပါတယ်။

Style Plus H က စေလွှတ်ခဲ့တဲ့ ပြိုင်ပွဲတွေအပေါ်သုံးသပ်ချက်က။
Miss Cosmopolitan တို့ Miss Global တို့၊ Miss Glob တို့ဆိုရင် ရေကူး ဝတ်စုံ၊ ညနေခင်းဝတ်စုံ၊ အမျိုးသား ဝတ်စုံတွေကို ပိုဦးစားပေးကြတယ်။ Social ပိုင်းကိုဦးစားပေးတယ်။ Miss Heritage, Miss Tourism တို့ကကျတော့ ရေကူးဝတ်စုံကိုအဓိကမထားဘူး။ နေ့စဉ် ပြုလုပ်တဲ့ပြိုင်ပွဲတွေရဲ့အမှတ်တွေကို ဦးစား ပေးတယ်။ Miss Heritage ပွဲဆိုရင် အမျိုးသမီး တွေ လူရှေ့ထွက်ပြီး စကားပြောရဲ ဆိုရဲဖို့ အတွက်လုပ်ပေးတဲ့ပွဲမျိုး နေ့တိုင်းပြိုင်ပွဲ တွေ၊ Presentation တွေလုပ်ရတယ် ကွာခြားပါတယ်။

Miss Heritage က အလှမယ်တွေက ပရိသတ်တွေဝေဖန်မှုများခဲ့တယ်နော်။
လှနုတို့ Miss Heritage မှာ လာပြိုင် ကြတဲ့အလှမယ်တွေက အရမ်းအသက်ကြီး နေလို့၊ တခြားနေရာတွေမှာ ဘယ်လိုမှ မရနိုင်လို့၊ နောက်တစ်ခု အရပ်အရမ်းပုနေ လို့၊ နောက်တစ်ချက်က တခြားပြိုင်ပွဲမှာ ပြိုင်ဖို့အချိန်မပေးနိုင်လို့ ရောက်လာတဲ့ သူတွေပါ။ လှနုရဲ့ ပြိုင်ပွဲတွေက အချိန် အရမ်းမပေးရဘူးလေ။ နောက်ဆုံးအချက် ကတော့ ပြည်တွင်းမှာပြိုင်ခဲ့ပြီး ဆုမရခဲ့ ရင်ဆိုပြီး ပြည်ပပွဲမှာပဲ တန်းပြိုင်လိုက် မယ်ဆိုပြီးပေါ့။ အဲ့လိုသူတွေလာကြတယ်။ လှနုက ဘယ်သူ့ကိုမဆို မြန်မာနိုင်ငံ ကိုယ်စားပြုဖို့ မယ်မြန်မာတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် လုပ်ပေးရမယ့်တာဝန် ရှိတယ်။ အောင်မြင်ပြီးသွားရင် စည်း ဖောက်ကြတယ်။ နာမည်ကြီးဖို့ တစ်ခုခု လုပ်ကြတာကတော့ သူတို့အပိုင်းပါ။

၂ဝ၁၅ က Miss Heritage ရဲ့ ကံ ကောင်းတဲ့နှစ်တစ်နှစ်လို့ ပြောလို့ရမလား။
၂ဝ၁၅ ခုနှစ်မှာ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေရခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ အောင်မြင်မှုကို ဘယ်လိုထိန်းသိမ်းရ မလည်းဆိုတာကို မသိခဲ့ဘူး။ အရှေ့မှာ လည်း ဥပမာတွေ မရှိခဲ့ဘူးလေ။

ပရိသတ်တွေရဲ့ကောင်းခြင်း ဆိုးခြင်း တွေကို ဝေဖန်ခံခဲ့ရတဲ့အပေါ် အစ်မရဲ့ တုံ့ပြန်မှုက။
လှနုအနေနဲ့ဘယ်လိုမှမခံစားရပါဘူး။ ကလေးတွေအတွက်ပဲ သနားတာပဲရှိ တယ်။ လှနုက ပြည်ပက သူတွေနဲ့ပဲ အလုပ်တွဲလုပ်တဲ့အတွက် မြန်မာပြည်မှာ ပွဲအကြီးကြီးမလုပ်ဖူးဘူး။ နိုင်ငံတကာက ပွဲတွေမှာ လှနု လိုက်ကူညီပေးတယ်။ မြန်မာပြည်က ပရိသတ်က လှနုရဲ့ကလေး တွေဆို သိပ်အားမပေးတဲ့အတွက် လှနု စိတ်မကောင်းဖြစ်တယ်။ လှနုကို အား မပေးလည်း ဘာမှမဖြစ်တော့ဘူး။

Miss Heritage ကို ဒီ့ထက်မက အောင်မြင်ဖို့ ဘာတွေလုပ်ဆောင်သွား မလဲ။
လှနု ဖြည်းဖြည်းခြင်းပဲသွားမယ်။ အလှမယ်တွေ မွေးထုတ်ပေးတယ်ဆိုတာ ကလည်း ဒီ Miss Heritage ကိုအောင်မြင် အောင်လုပ်တာပဲလေ။ မယ်တွေက နာမည် ကြီးသွားရင် အနုပညာအလုပ်တွေ လုပ်ကြတော့ လှနုဘက်ကို လှည့်မကြည့် အားကြတော့ဘူး။ အဲ့ဒီတော့ လှနုနဲ့လှနု အမျိုးသားပဲ ဖြည်းဖြည်းချင်း အသစ် အသစ်တွေ မွေးထုတ်ပေးမှာပါ။

အနုပညာလောကထဲဝင်ရောက်နေကြ တဲ့အလှမယ်တွေအပေါ် အစ်မရဲ့အမြင်က။
မယ်တွေကိုမွေးထုတ်တယ်ဆိုတာက မော်ဒယ်ဆိုတာက ကုန်ပစ္စည်းအသစ် တွေကို ဈေးကွက်မှာသိအောင် ကြော်ငြာ ပေးရတယ်။ မယ်ဆိုတာက ကိုယ့်တိုင်းပြည် ကို နိုင်ငံတကာကသိအောင် ဘာတွေရှိ တယ်၊ ဘယ်လိုတွေတိုးတက်နေလဲ၊ ဘာ တွေလိုအပ်နေလဲဆိုတာကို ပြောပြရတဲ့ သံတမန်တစ်ယောက်ပါ။ သူတို့ကို ပျိုး ထောင်ပေးတယ်။ ပြီးရင် စကောလား တွေလျှောက် ပညာရပ်ပိုင်းဆိုင်ရာမှာ လုပ် လုပ်ပြီးရင် သံတမန်အလုပ်ကိုပဲ လုပ်စေ ချင်တယ်။ ဒါပေမဲ့ ဒါရိုက်တာတွေနဲ့ချိတ် မိပြီး မင်းသမီးတွေဖြစ်သွားကြတယ်။ အဆိုတော်တွေဖြစ်သွားကြတယ်။ အဲ့ဒါကို လှနုတို့က လိုက်တားမယ်ဆိုရင် သူတို့ အောင်မြင်မှုကို ပိတ်ပင်ရာကျပါလိမ့်မယ်။ လှနုအနေနဲ့ ဘာမှပြောလို့မရပါဘူး။

ဖြည့်စွက်ပြောချင်တာလေးရှိရင်။
တဖြည်းဖြည်းနဲ့ အလှမယ်တွေက ပိုများလာပါပြီ။ လှနု အသစ်အသစ်တွေ မွေးထုတ်နေတာဖြစ်တဲ့အတွက် ပွဲကြီးကြီး သေးသေး အလှမယ်က အလှမယ်ပါပဲ။ အဲ့ဒီချိန်မှာ ကိုယ်က အရည်အချင်းရှိအောင် လုပ်မထားဘူးဆိုရင်ကို နောက်ကျကျန်ခဲ့ လိမ့်မယ်။ ပရိသတ်က ဘယ်သူ့ကိုမဆို အားပေးနေမှာပါ။ fri request က အမြဲပို့ နေမှာပါ။ မယ်တွေကို လှနုတစ်ခုလေးပဲ ဆရာလုပ်ချင်တာက အခုချိန်မှာပေါ်ပြူလာ ဖြစ်နေဖို့က အရေးမကြီးပါဘူး။ သူရဲ့ အတွင်းမှာ ဝမ်းစာပြည့်နေဖို့ပဲလိုပါတယ်။ အဲ့ဒီအချိန်မှာ သူတို့အတွင်းထဲမှာ ဗလာ ကြီးပဲဖြစ်နေမှာစိုးတယ်။ အန်တီဆွေဇင် ထိုက်လို ဖြစ်စေချင်တာပါ။ လှနုအနေနဲ့ မယ်တွေကိုထပ်ပြီးမွေးထုတ်သွားဦးမှာပါ။ ဘယ်တော့မှနောက်မဆုတ်ပါဘူး။