images
UN
UN
မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်နှင့်တွေ့ဆုံ၍ ဝါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများနှင့် ကုန်ချောထုတ်လုပ်မှုအခြေအနေများအား ပြည်ထောင်စုနေ့စဉ်မှ မေးမြန်းခဲ့သည်များကို တင်ပြအပ်ပါသည်။
P T K Sunday, 10 January 2016
မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဖြစ်ပြီး ဝါးစတင်စိုက်ပျိုး ခဲ့မှုအခြေအနေ။
ဝါးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၁ နှစ်ကတည်းက ငါးကန်ပေါင် တွေတူးမယ်။ ပေါင်တွေဖို့မယ်။ ပေါင်ပေါ်မှာ ဝါးစိုက်မယ်ဆိုတဲ့ အခြေခံက စတာပါ။ အဲဒီတုန်းက ဝါးစိုက်တာ တအားခက်မယ်လို့ ထင်ခဲ့တယ်။ တကယ်တမ်းက ငှက်ပျော ကဆုန်၊ ဝါးနယုန်၊ ငှက်ပျော တစ်နှိုက် ဝါးတစ်မိုက်ဆိုပြီး စိုက်တယ်။ တစ်ခါတစ်နှစ်သား ဝါးကို ခုတ်လိုက်ပြီးဝါးလုံးအတိုင်းအရှည် အခက်လေးတွေရှိတာကို တစ်မိုက် တစ်မိုက်တူးပြီး စိုက်တဲ့အခါ ဝါးတစ်လုံးမှာ အပင်ပေါင်းအစိတ်၊ သုံးဆယ်လောက်ရသွားတယ်။အဲဒီ အတွက် ဝါးရုံပေါင်း သုံးသိန်းခွဲ စိုက်ဖြစ်သွားတယ်။အန်ကယ့်အနေ နဲ့ဝါးစိုက်တဲ့အခါ တော်တော်လေး အဆင်ပြေတော့ ဝါးစိုက်တဲ့သူတွေ က အသင်းလေးလုပ်ချင်တယ်ဆို ပြီးလုပ်တဲ့အခါ အများကမဲခွဲဆုံး ဖြတ်တော့အန်ကယ့်ကိုဥက္ကဋ္ဌအနေ နဲ့ တာဝန်ပေးတာဖြစ်ပါတယ်။
အသင်းမှာ ဘယ်လိုများအသိ ပညာတွေ ဖြန့်ဝေပေးလျက် ရှိပါသလဲ။
လစဉ်အစည်းအဝေးတွေလုပ်တဲ့အခါမှာ ဝါးနဲ့ပတ်သက်ပြီး စိုက် တဲ့သင်တန်းတွေပေးတယ်။ ဝါးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေပေးတယ်။ မြန်မာပြည်မှာ ဝါးတော် တော်များများက စိုက်ပြီးခုတ်တဲ့ အခါ ပိုးမထိုးတဲ့လဆိုပြီး ခုတ်တာ ရှိတယ်။ ဒါကမိရိုးဖလာအတိုင်း သွားတဲ့နည်းပေါ့။ အဲဒီလအတွင်း မှာခုတ်ရင်တော့ ပိုးမထိုးဘူး။ ဒါ ပေမယ့် ပိုးမထိုးအောင် လုပ်တဲ့နည်းက နိုင်ငံခြားမှာပေါ်နေပြီ။ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတွေ မှာက ဝါးကိုခုတ်လိုက်ပြီးတဲ့အခါ မှာ သူ့ကိုဓာတုပစ္စည်းတွေနဲ့ စမ်း သပ်စစ်ဆေးမှုတွေ လုပ်တယ်။ သြမထေ နဲ့စိမ်တယ်။ သူ့ရဲ့အပူချိန် ဘယ်လောက်ဆို ဘယ်လောက်စိမ် ရမယ်ဆိုတဲ့ သူ့နည်းလေးတွေရှိ တယ်။ ဒီလ ၈ရက်နဲ့ ၉ ရက်မှာ တောင်ကြီးမြို့ ဟိုပုံးရဲ့နောင်တောင် ဘုန်းကြီးကျောင်းမှာမစ္စတာ မော ရစ်ကသင်တန်းပေးခဲ့တယ်။မြန်မာ ပြည်မှာရှိတဲ့ ဝါးတွေကို ဘယ်လို ပြုပြင်ပြီး ကုန်ချောထုတ်လို့ရတယ် ဆိုတာကိုသင်တန်းပေးမှာ။တက်ပြီး ရင်ဝါးကိုဘယ်လိုစမ်းသပ်စစ်ဆေး ရမယ်ဆိုတာရယ်၊ ဝါးကိုတန်ဖိုး မြင့်ဘယ်လိုထုတ်လို့ရတယ်ဆိုတာ ရယ်ကို သိရမှာဖြစ်တယ်။ ဒါကို အသင်းမှာရော၊ ဝါးနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေကိုရော သင် တန်းပြန်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိပြည်တွင်းမှာ ဝါးစိုက် ပျိုးထုတ်လုပ်မှုအခြေအနေနဲ့ သုံးစွဲမှုပမာဏ။
ဝါးကမြန်မာပြည်အနေအထား အရ ဘယ်လိုဖြစ်သွားပြီလည်းဆိုရင် ဝါးက အလေ့ကျပေါက်တာပဲ 'ခုတ်'ဆိုပြီး သိကြတယ်။ တကယ်တမ်းက ဝါးကိုပြန်စိုက်သင့်တာ မသိဘူး။ အန်ကယ်ကတော့ မျှစ် တွေကိုမခုတ်တော့ဘူး။ မျှစ်အစား ဝါးပဲယူလိုက်တယ်။ ဝါးတစ်လုံးရဲ့ တန်ဖိုးက အခုအနေအထားမှာဆို အသေးဆုံးက ကျပ်၁၅ဝဝ လောက် တန်ပြီး အကြီးဆုံးက ကျပ်၂ဝဝဝ၊ ၂၅ဝဝ လောက်ရှိသွားတာဖြစ်တဲ့အတွက် ဝါးကိုလည်း တစ်ပိုင် တစ်နိုင်နဲ့ စီးပွားဖြစ်စိုက်ပျိုးလို့ရနေ ပြီဖြစ်တယ်။ ဝါးကိုသုံးတာ၊ စိုက်တာ ဘယ်လောက်ဆိုတဲ့ အချက် အလက်အနေနဲ့ မရှိသေးတော့ ပြောဖို့တော့ ခက်တယ်။ ဒါပေမဲ့ စိုက်တာတော့ နည်းသေးတယ်ဆိုတာ သေချာတယ်။ အချက်အလက်တွေကတော့ ဝန်ကြီးဌာနအနေနဲ့အချက် အလက်တွေကောက်ပြီးလုပ်မယ် ဆိုရင် ဘယ်ဧရိယာတွေကတော့ ဝါးဘယ်လောက်စိုက်ရမယ်ဆိုတာလေးတွေ လေ့လာမှုတွေလုပ်ဖို့လို မယ်လို့တော့ အကြံပြုချင်တယ်။
ဝါးနဲ့ပတ်သက်ပြီး တန်ဖိုးမြင့် ကုန်ချောထုတ်လုပ်မှု အခြေအနေနှင့် ပြည်တွင်းမှလက်ရှိ ကုန်ချောထုတ်လုပ်နိုင်မှုအနေ အထား။
အခုလက်ရှိ လုပ်နေတာတော့ လက်မှုပညာအနေနဲ့လုပ်နေတာပေါ့။နောက်ပိုင်းကျရင်တော့ လက်မှု ပညာနဲ့လုပ်တာထက်စာရင် စက်တွေနဲ့ပါလုပ်လာတာပေါ့။ ဥပမာ- ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့က ပါတဲ့လက်ဆောင်လေးတွေက ဝါးနဲ့လုပ်ထားတာပဲ။ တော်တော်လေး ကိုအနုစိတ်လုပ်ထားတော့ ဝါးနဲ့ တောင်မတူတော့ဘူး။ အဲဒီလိုအိမ်တွင်းစက်မှုလုပ်ငန်းလေးတွေကို ဟိုကနည်းပညာယူလာပြီး လုပ်ဖို့ရှိ ပါတယ်။ ဒါတွေကို မြန်မာပြည်ရဲ့ ထွက်ကုန်အဖြစ် လုပ်ဖို့ရှိတယ်။စပြီးတော့ လေ့လာနေပါပြီ။အခု လောလောဆယ် တကယ်လုပ်ဖြစ် မှာက ဝါးနက်ဝါးလိုမျိုးကို အိမ် ဆောက်တာပေါ့။ မြန်မာပြည်မှာ တော်တော်များများက အိမ်ဆောက် ရင်ဝါးနဲ့ပဲဆောက်တဲ့အလေ့အကျင့် ရှိတယ်။ ဆောက်ပြီး နှစ်နှစ်ခွဲ သုံး နှစ်လောက်ကြာရင် အဆစ်နေရာ ကပိုးစားတယ်။ ဒါကိုပိုးမစားအောင် ဘိုးရစ်အက်စစ်နဲ့ ဘိုးရက် အက်စစ်ကို အထဲထဲကနေပိတ်နေ တာကိုဖောက်ပြီး ဆေးရောက်သွား တဲ့အထိ စိမ်လိုက်တဲ့အခါ အဲဒီ နေရာက ပိုးမစားတော့ဘူး။ ဝါးကို တိုင်စိုက်တဲ့အခါမှာလည်း နိုင်ငံ ခြားမှာဆို မြှုပ်လိုက်တဲ့ဝါးထဲမှာ အပေါက်ကလေး ဖောက်လိုက် တယ်။ အဲဒီထဲကိုကွန်ကရစ်လောင်း ထည့်လိုက်ပြီး မြေကြီးထဲထည့် လိုက်တော့ တော်တော်နဲ့မဆွေး တော့ဘူး။ ဝါးတစ်လုံးနဲ့တစ်လုံး ဆက်တဲ့အခါမှာလည်း ကွန်ကရစ် လေးထည့်၊ အပေါက်ဖောက်ပြီး ဝက်အူနဲ့စုပ်ပြီး တွဲတဲ့အခါကျတော့ တော်တော် ခိုင်ခံ့တဲ့အနေအထားရှိတယ်။ အဲဒါကိုလည်း အင်ဒိုနီးရှား နိုင်ငံဘာလီမှာ ဝါးနဲ့ပတ်သက်တဲ့ ကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီကိုသွားလေ့လာဖို့ရှိတယ်။အဲဒီ နည်းပညာတွေလည်း ပြန်ယူလာပြီး ပြန်ဖြန့်ဖြူးဖို့ရှိပါတယ်။