images
UN
UN
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဒုတိယနေ့တွင် တက်ရောက်သည့် နယ်ပယ်အသီးသီးမှ ကိုယ်စား လှယ်များ၏ သုံးသပ်ချက်
Wednesday, 13 January 2016
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်ရှိ MICC-2 တွင်ဇန်နဝါရီ၁၂ရက်ကစတင်ကျင်းပလျက်ရှိရာယနေ့ညီလာခံဒုတိယနေ့သို့တက်ရောက်လာသည့်နယ်ပယ်အသီးသီးမှကိုယ်စားလှယ်များ၏သဘောထားသုံးသပ်ချက်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

ဦးမြင့်စိုး (နိုင်ငံရေးပါတီများမှကိုယ်စားလှယ်)
ဒီနေ့ဆွေးနွေးတာက ဖက်ဒရယ်မှာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနေနဲ့ ကျတော့ ဆွေးနွေးတယ်။ Power Sharing ဒီအပိုင်းတွေဆွေးနွေးတယ်။ အဓိကကတော့ Power Sharing ပိုင်းကို အဓိကဆွေးနွေးတယ်။ သူ့ရဲ့ လိုအပ်ချက်တွေကို ဆွေးနွေးတယ်။ ဆုံးဖြတ်ချက်တော့ မထွက်ဘူး၊ မှတ်တမ်းတစ်ရပ်အနေနဲ့ပေါ့။ ညီလာခံသုံးရက်နေ့နဲ့လေးရက်နေ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ငါးရက်နေ့မှာ ဆက်ပြီးဆွေးနွေးမယ်။ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဖို့ အဓိကဆွေးနွေးတယ်။
အဓိကကတော့ တန်းတူညီမျှမှုကို ဆွေးနွေးတယ်။ တန်းတူညီမျှမှု ဆိုတာမှာ အဓိကကတော့ ဖက်ဒရယ်မှာရှိတဲ့ လိုအပ်ချက်တွေကို ဆွေးနွေးတယ်။ လက်ရှိမှာက ကိုယ်တို့ရဲ့ ဖက်ဒရယ်စနစ်အနေနဲ့က ကွန်ဖက်ဒရေးရှင်းမဟုတ်ဘူး။ ဖက်ဒရေးရှင်းပေါ့။ ဥပမာ- သဘော ပေါက်မှုလွဲရတာက ဗမာပြည်နယ်ဖွဲ့စည်းရေးတို့ ဘာတို့၊ ဒါ ဟိုးအရင် ကတည်းက ရှမ်းမူအနေနဲ့ ရှိခဲ့တာပေါ့။ ဒါက ကွန်ဖက်ဒရေးရှင်းကို သွားတာ။ တချို့လည်းပဲ အဲ့ဒီအချက်တွေ ထည့်သွင်းဆွေးနွေးတယ်။ ဒါတွေကို သုံးရက်နေ့နဲ့ လေးရက်နေ့ ဆွေးနွေးတဲ့အခါမှာ သဘာပတိနဲ့ ညှိနှိုင်းဆွေးနွေးသူတွေ ဆွေးနွေးမယ်။ တင်သင့်တဲ့ဟာလား မတင်သင့် တဲ့ဟာလားဆိုတာ ဆွေးနွေးမှာပေါ့။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ)
''အခြားတိုင်းရင်းသားလက်နက်ကိုင်တွေ မတက်တာကိုတော့ တက်စေချင်တာပေါ့ဗျာ။ ဗိုလ်ချုပ်ကြီးရွှေမန်းပြောတယ်လေ။ အားလုံး ပါဝင်ပတ်သက်တဲ့သူတွေဟာ သဘောထားကြီးဖို့လိုတယ်ဆိုတဲ့ နေရာ မှာ အဖွဲ့တစ်ခုချင်းစီမှာ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေရဲ့ အညွှန်းလေးတွေက မတူဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောတာက အားလုံးပါဝင်ချင်တယ်။ ပင်လုံ ဒုတိယအကြိမ်သဘော ပြည်ထောင်စုညီလာခံလိုလုပ်ချင်တယ်။ အဲတော့ အားလုံးပါဝင်ဖို့လိုတယ်။ သဘောထားကြီးဖို့က အင်အား အကြီးဆုံးက သဘောထားပိုကြီးရမှာပေါ့။ အဲတော့ တပ်မတော်ဘက် က နွေးထွေးစွာဖိတ်ခေါ်ပြီးမှပြည်ထောင်စုပြဿနာကို ဖြေရှင်းရင် နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်း ရင် အကုန်ပြေလည်နိုင်တယ်။ အားလုံး ဒီညီလာခံမှာ မပါနိုင်တာ တော့ စိတ်မကောင်းဘူး။ အားလုံးပါဝင်ရင်တော့ ပိုကောင်းတယ်။ ဒီကြားထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာ မကောင်းဘူး။ ဖိတ်တဲ့ အဖွဲ့တွေမလာတာကတော့ လိုအပ်ချက်တစ်ခုဖြစ်တာပေါ့။ အကြောင်း ကြောင်းကြောင့် ဖြစ်မှာပေါ့။ လက်မှတ်ထိုးတဲ့အဖွဲ့တွေနဲ့ မထိုးတဲ့ အဖွဲ့တွေကြားမှာ အချင်းချင်းပဋိပက္ခမဖြစ်ဖို့လည်း လိုပါတယ်။

ဦးခွန်မြင့်ထွန်း(တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်)
ကွဲလွဲတဲ့သဘောထားတွေကို စုပေါင်းပြီးဆွေးနွေးတယ်။ဒီအစည်း အဝေးက တစ်ခုခုကို ဆုံးဖြတ်နိုင်တဲ့အခြေအနေမရှိဘူး။ လက်ရှိက NCA လက်မှတ်ထိုးတဲ့အဖွဲ့က အခုအစိုးရနဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ နှစ်ဖက်သဘောတူရတာပေါ့။ နောက်တက်လာမယ့် အစိုးရအနေနဲ့ကလည်း NCA ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တချို့သော အချက်တွေမူဘောင်တွေမှာ ပြင်ဆင်ချင် တယ်ဆိုရင် နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဦးကိုကိုကြီး
(၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး)
''အဓိကအကျဆုံးကတော့ အရေးပါတဲ့ State Holder တွေ ခေါင်းဆောင်တွေကြားထဲမှာ နားလည်မှုရဖို့။ ပြီးတော့ အဲဒီ နားလည်မှုဟာ အောက်ခြေအထိ ခိုင်ခိုင်မာမာအုတ်မြစ်ချနိုင်ဖို့ အရေး ကြီးပါတယ်''

ဒေါက်တာရွှေခါး(ချင်းအမျိုးသားတပ်ဦး-တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ်၊JMC-အတွင်းရေးမှူး-၁)
''ကျွန်တော်ထင်တယ် ဒီညီလာခံက အနာဂတ်မှာနိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ဖောင်ဒေးရှင်းအနေနဲ့ ဆက်လက် ပြီးတော့ ဆွေးနွေးနိုင်မှာဖြစ်တော့ အခုကတော့ စကားလုံးတွေပဲ ပြောရသေးတာလေ။ ဆက်ပြီး အကောင်အထည်ဖော်ရမှာတော့ နောက်ပိုင်းရှိလာမှာပေါ့။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလည်း ရလာမှာပါ''