images
UN
UN
အနုပညာအလုပ်တွေကို သေကာမှစွန့်မယ်ဆိုတဲ့...လင်းဇာနည်ဇော်
ဒဂုံဝေလင်း Saturday, 23 January 2016
• မလင်း မတွေ့ဖြစ်တာ ကြာ ပြီနော်
ဟုတ်တယ်။ အခု အစ်မ အနု ပညာအလုပ်တော့ လုပ်တာနည်း သွားတယ်။အဲဒါကလည်းတခြား တော့မဟုတ်ပါဘူး။ အစ်မ Fashion ဆိုင်ဖွင့်ဖို့အတွက် လုံးပန်း နေတာကြောင့်ပါ။ အနုပညာ အလုပ်ကို ဖြတ်တာတော့ မဟုတ် ပါဘူး။ ကိုယ်က အနုပညာအလုပ် နဲ့ ရှင်သန်လာခဲ့သူမို့ အဲဒီအလုပ်က တော့ သေမှပဲ စွန့်လွှတ်မယ်။ လောလောဆယ်က ကိုယ့်ဘဝတစ် ခုတည်း မဟုတ်ဘူးလေ။ ကိုယ့် မှာ သမီးလေးရှိနေတော့သူ့ဘဝ အတွက် စံပြမိခင်တစ်ယောက်ဖြစ် ချင်တယ်။ အခုလို Fashion ဆိုင် ဖွင့်တယ်ဆိုတာက ကိုယ်နဲ့ရင်းနှီး နေသူတွေကလည်း ကိုယ့်ကိုအား ပေးတယ်။ တိုက်တွန်းတာကြောင့် ရော ပြီးတော့ စီးပွားရေးလုပ်ငန်း လေးကို လုပ်ချင်တာကြောင့် အစ်မ အနုပညာဘက်ကို မလှည့်နိုင်တာ ပါ။ကိုယ်ကလည်းစီးပွားရေးဘက် ကို မကျွမ်းကျင်တော့ ကိုယ်နဲ့သင့် တော်မယ့် ဒီဆိုင်လေးကို လော လောဆယ် စပြီးလုပ်ဖြစ်တာပါ။ ၂၄ ရက်စပြီး ဆိုင်ဖွင့်ပါမယ်။ လောလောဆယ်တော့ အစ်မသမီး က သြစတြေးလျမှာ ကျောင်းသွား တက်နေတော့ အဲ့ဒီက Brand လေးတွေ အစ်မဆီပို့ပေးတယ်။ အမျိုးသမီးဝတ်တွေ အဓိကထားပြီး ရောင်းမယ်။ ပြီးတော့ ပိုက်ဆံ အိတ်တွေ တင်သွားမယ်။ အဲ့ဒါ ကြောင့် အနုပညာအလုပ်တွေ နား ထားပါတယ်။ ဒီဆိုင်လေးအခြေ ကျသွားတာနဲ့ ပြန်လုပ်ပါမယ်လို့။

• မြူနှင်းကိုကိုအတွက် မလင်း ရဲ့ ဆန္ဒတွေက
အစ်မကတော့ သမီးလေးပေါ် ကို ချုပ်ချယ်တာမျိုးမရှိဘူး။ ကိုယ် နဲ့က ညီအစ်မတွေလိုပဲ။ အခုဆို သူ့အသက် (၁၈)နှစ်ပြည့်ပြီလေ။ သူ့ကို ဟိုမှာ ကျောင်းထားတယ် ဆိုတာ အစ်မအရမ်းချမ်းသာလို့ မဟုတ်ပါဘူး။ ကိုယ်ပေးနိုင်တဲ့ အမွေက သမီးအတွက် တစ်ဘဝ လုံး လူ့အောက်မကျဘဲ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ပညာတတ် အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ရအောင် ပညာ အမွေကို အစ်မပေးခဲ့တာပါ။ သူ အရွယ်ရောက်လို့ ဆက်လျှောက် မယ့် သူ့ဘဝခရီးက သူ့အပေါ်မှာ ပဲ မူတည်တယ်။ ကိုယ်ကတော့ ကိုယ်လိုချင်တဲ့ပုံသွင်းမှာပဲ။ ဒါပေ မဲ့ ကိုယ်ပုံသွင်းတိုင်း ဖြစ်လာ မလားဆိုတာကတော့ သူ့ဆန္ဒ၊ သူ့ အပေါ် အများကြီးမူတည်ပါတယ်။

• အနုပညာသွေးတွေ စီးဆင်းနေ တဲ့ မြူနှင်းကိုကိုကို ကိုယ့် ဘဝနဲ့ရင်းပြီးတွေ့ကြုံခဲ့တဲ့ အနု ပညာခံစားမှုတွေကို အစ်မ ဘယ်လိုပြောပြလဲ
အစ်မဘဝတစ်ခုလုံးကို ဒီအနု ပညာမှာပဲ ကုန်ဆုံးစေခဲ့သလို အနု ပညာအတွက် ကိုယ့်ဘဝတစ်ခု လုံး ပုံအပ်ရင်းနှီးမြှုပ်နှံခဲ့တာလေ။ အဲဒီလိုပဲ သမီးက အစ်မလိုပဲ ဒီ အလုပ်ကို အရမ်းဝါသနာပါတာ။ အစ်မတုန်းက အစ်မ ဒီလောကထဲ ကို ဆယ်တန်းကျောင်းသူဘဝနဲ့ ရောက်ခဲ့တာ။ စာမေးပွဲတောင် ဆက်မဖြေခဲ့ဘူး။ အခု အစ်မသမီး လေးကို အဲလို မဖြစ်စေချင်ဘူး။ အဓိကက ပညာပဲ၊ ပညာဆိုတာ သူအချိန်အခါနဲ့ပဲ ရှာလို့ရတာလေ။ ကျန်တဲ့စီးပွားရေး၊ အနုပညာဆို တာ အရွယ်ရှိရင် အချိန်မရွေး လုပ် လို့ရတယ်။ ပညာတတ်မှ လူရာဝင် တာဆိုတော့ ပညာရေးကို ဆုံးခန်း တိုင်သင်ပြီးမှ အနုပညာအလုပ်ကို လုပ်ခိုင်းမှာပါ။
အစ်မက သူ့ကို အမြဲပြောပြ တယ်။ အနုပညာဆိုတာ ကိုယ် အရွယ်ရှိတဲ့အခါ အချိန်မရွေး လုပ် လို့ရတယ်။ ပညာက မရဘူးပေါ့ နော်။ အဲဒါကြောင့် သူ့ကို ဟိုမှာ ကျောင်းထားဖြစ်တာပါ။ ဒီမှာဆို ဒါရိုက်တာ၊ ထုတ်လုပ်သူတွေက ခဏ၊ ခဏ လာခေါ်တော့ သူ့စိတ် တွေက အနုပညာပဲ လုပ်ချင်နေ တယ်။ အစ်မက ကိုယ့်တုန်းကလို မဖြစ်စေချင်လို့ ကိုယ်နဲ့နှိုင်းယှဉ်ပြီး အမြဲဆုံးမပါတယ်။