images
UN
UN
ပန်းတောရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား ကျောင်းသူများ၏ ပစ္စည်းများ မကြာခဏပျောက်ဆုံးလျက်ရှိ
ဆိုင်ကလုန်း Wednesday, 27 January 2016
စစ်ကိုင်းတိုင်းဒေသကြီး ဗန်း မောက်မြို့နယ် ပန်းတောအုပ်စု ပန်းတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင်ပညာ ရေးဝန်ထမ်းများနှင့် ညအိပ်ညနေ ကျောင်းသား ကျောင်းသူများ၏ အသုံးဆောင်ပစ္စည်းများ မကြာ ခဏပျောက်ဆုံးလျက်ရှိနေသဖြင့် စနစ်တကျ စိစစ်ဆောင်ရွက်ပေး စေလိုကြောင်းသိရသည်။
ပန်းတောရွာ အခြေခံပညာ အလယ်တန်းခွဲကျောင်းတွင် သင် ကြားလျက်ရှိသောစတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားကျောင်း သူများမှာ စာမေးပွဲအချိန်နီးကပ် လာသဖြင့် အောင်ချက်မြင့်မား ရေးအတွက် ညပိုင်းစာကျက်ဝိုင်း ကို အဆိုပါကျောင်းတွင် သင် ကြားပြီး ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၏ ဆိုလာပြားနှင့် ဘက်ထရီ (အသုံးဆောင်ပစ္စည်း များ)၊ ကျောင်းသားများ၏တန်ဖိုး မြင့်ခြုံစောင်များ၊ (ကျောင်းအုပ် ဆရာမကြီးပိုင်မွေးမြူထားသော (အချိန် ၃၅ ပိဿာခန့်)ရှိ ဝက် တစ်ကောင်၊ ကျောင်းပိုင်စပါး ၁ဝ တင်းခန့်)မကြာခဏ ပျောက် ဆုံးမှုများရှိနေသဖြင့် ကျောင်း သားမိဘများက စိုးရိမ်ပူပန်နေ ကြရပြီး ပညာရေးကိုစိတ်ချမ်း မြေ့စွာမသင်ကြားနိုင်ဘဲဖြစ်နေ ကြရကြောင်း ကျောင်းအကျိုး တော်ဆောင် မိဘကော်မတီ တစ်ဦးဖြစ်သူ ပန်းတောရွာ ဦးတင်စိုးထံမှ သိရသည်။