images
UN
UN
ယနေ့ခေတ် ကလေးငယ်များ စာပေကိုစိတ်ဝင်စားစေချင်တဲ့ စာရေးဆရာဦးဖေမြင့်နှင့် အင်တာဗျူး
မေစုဟန် Friday, 29 January 2016
ကလေးများစာပေဖတ်ရှု လေ့လာစေရန်အတွက် မိဘ၊ ဆရာများ ဘယ်လိုပြုလုပ်သင့်သလဲ ကလေးစာပေဖွံ့ဖြိုးဖို့အတွက် စာရေးဆရာများအနေဖြင့် ဘယ်လိုရေးသားသင့်သလဲဆိုတာကို နိုဘယ်-မြန်မာစာပေပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆရာဖေမြင့်နှင့်တွေ့ဆုံ၍ အင်တာဗျူးဖြစ်ခဲ့သည်။ ည ဒီနှစ် နိုဘယ်မြန်မာစာပေပွဲတော်မှာ ကလေးစာပေခေါင်းစဉ်နဲ့ကျင်းပခဲ့ပြီး ကလေးတွေ စိတ်ဝင်စားတာတွေမြင် ရတော့ နောက်ထပ်ပြုလုပ်မယ့် ကလေးစာပေအတွက် အစီအစဉ်များ ကို သိချင်ပါတယ်။
- ဒီလိုပွဲတော်မျိုးက တစ်နှစ် တစ်ကြိမ်လောက်ပဲ လုပ်နိုင်တာပေါ့။ ဒါပေမဲ့ ဘာတွေဆက်လုပ်လို့ရသလဲဆိုတော့ အခု ပွဲတော်မှာတွေ့ရတယ်။ ပြောကြဆိုကြ ဆွေးနွေးတယ်။ ပထမအကြိမ်ပြောဆို ဆွေးနွေးကြတာကနေ ဘာရမလဲဆိုတော့ ကိုယ့်မြန်မာစာပေမှာ ကလေးစာပေဘယ်လောက်အထိ ပြည့်စုံသလဲ၊ မပြည့် စုံဘူးလဲ၊ ဘယ်ဌာနတွေမှာ တို့ကလိုအပ် နေသလဲ ဒါတွေသိရတာပေါ့။ နိုင်ငံတကာကလာတဲ့သူတွေ ဆွေးနွေးတာတွေ လည်းရှိတယ်။ ဒီပွဲတော်လာတဲ့အချိန်မှာ သူတို့စိတ်ဝင်စားသွားပြီ။ ဒီလို စာအုပ် စာတမ်းနဲ့ မပြတ်ထိတွေ့အောင် ဘယ်လို လုပ်မလဲ ဒါတွေရှိတယ်။ မိဘတွေက ကိုယ့်ကလေးတွေကို ပုံပြောတယ်၊ ပုံပြင် စာအုပ်တွေ ဖတ်ပြတယ်၊ ကလေးနဲ့အတူ ဖတ်ကြတယ်၊ အဲဒီလို အလေ့အကျင့် တွေလုပ်ပေးတာမျိုး ကျောင်းတွေမှာ စာကြည့်တိုက်ကလေးတွေလုပ်ပေးထား မယ်။ စာကြည့်တိုက်တွေမှာ ကလေးတွေနဲ့ ဆီလျော်တဲ့ စာအုပ်လေးတွေထား ပေးမယ်။ ကလေးစိတ်ဝင်စားတဲ့ စာအုပ်တွေထားပေးမယ်။ ဆရာ ဆရာမကလည်း စာအုပ်ကလေးတွေဖတ်ဖို့ လမ်းညွှန်မယ်။ ကလေးတွေက စာအုပ်ထဲမှာသူတို့စိတ်ဝင် စားစရာလေးတွေ တွေ့မှာပဲ။ ဒီပွဲတော်ကို ဝင်လာတဲ့ကလေးတိုင်း စာအုပ်တစ်အုပ်စီ လက်ဆောင်ပေးတယ်။ အရင်တုန်းက ရှိတဲ့ မြန်မာကလေးစာပေလက်ရွေးစင်တွေ ရွေးပြီးတော့ ထုတ်ထားတာပဲ။ ကလေးတစ်ယောက်က အဲဒီလိုစာအုပ်မျိုး လှန်ကြည့်လိုက်ရင် သူကြိုက်နှစ်သက်သွားမယ့် စာက အနည်းဆုံးသုံးလေး ငါးပုဒ် သေချာပေါက်တွေ့ရမှာပဲ။ တွေ့ ရတဲ့အခါကျတော့ စာဖတ်ချင်စိတ်လေးက ဖြစ်သွားမယ်။ အဲဒီတော့ ကျောင်းတွေ မှာ စာကြည့်တိုက်တွေ ရှိဖို့လိုတယ်။ ရပ်ကွက်တွေမှာ စာကြည့်တိုက်လေးတွေ ရှိဖို့လိုတယ်။ မြို့တွေမှာ စာကြည့်တိုက် ကလေးတွေရှိ ဖို့လိုတယ်။ ကလေးတွေ ကြီးတဲ့အခါ ဆက်ဖတ်ဖို့ လူကြီးစာအုပ် စာတမ်းပြည့်စုံတဲ့ စာကြည့်တိုက်တွေ လုပ်ပေးဖို့လိုတယ်။

- မိဘတွေအနေနဲ့ ကလေးစာဖတ်လာ အောင် ဘယ်လို လုပ်ပေးသင့်ပါ သလဲ။
- မိဘတွေအနေနဲ့လုပ်သင့်တာက မိဘတွေက ကိုယ့်ကလေးတွေကို အခုအများ ဖြစ်နေတဲ့အတိုင်း မိဘက လိုက်လုပ်ရ တာပေါ့။ ကျောင်းစာကို စာတော်ဖို့၊ ကျောင်းကို အချိန်ပြည့်ပြီးရင် ကျူရှင်ပေး၊ မိဘက ဘယ်ဟာဖတ်ဦး၊ လေ့ကျင့်ဦး လုပ်တော့ ကလေးက ကျောင်းစာပိနေ တယ်။ အဲဒီဟာမှာ တော်ရင် တော်မယ်။ ကျန်တဲ့အစိတ်အပိုင်းတွေမှာ ကလေးတွေ အားနည်းသွားပြီ။အဲဒီတော့ မိဘတွေက ကိုယ့်ကလေးသည် လောကကြီးထဲဝင် သွားတဲ့အခါ လောကကြီးအကြောင်း၊ လူ တွေအကြောင်းသိပြီးတော့ ဝင်ဆံ့ဖို့၊ ဝင် တတ်ဖို့၊ လူအများနဲ့ပေါင်းသင်းဆက်ဆံ တတ်ဖို့၊ နေထိုင်တတ်ဖို့၊ ကိုယ်သိတဲ့ အတတ်ပညာနဲ့ လောကကြီးထဲမှာ အောင်မြင်အောင် နေထိုင်နိုင်ဖို့ဆို အခြား ဗဟုသုတလေးတွေလည်းလိုတယ်။ ကိုယ့် ကလေးကို အဲဒီလို အရည်အချင်းလေး တွေလည်း ပြည့်ဝအောင်လုပ်ပေးဖို့ လိုတယ်ဆိုတာ သိဖို့လိုတယ်။ သိရင် ဒီ အတွက်ဆို ပြင်ပဗဟုသုတစာပေတွေ ဖတ်ရမယ်။ကိုယ့်ကလေးကို သူ့အသက် အရွယ်အလျောက် ပုံပြင်ကလေးကနေ စပြီးတော့ မိဘက ကိုယ့်ကလေးကို ပုံပြောခြင်းအားဖြင့် ကိုယ့်ကလေးမှာ အသိဥာဏ်လည်း တိုးတယ်။ မိဘနဲ့သားသမီး နွေးထွေးမှုလည်းရှိတယ်။ သူများတိုင်း ပြည်တွေမှာဆို ဘယ်လောက်အလုပ်များ သည်ဖြစ်စေ ကလေးတွေနဲ့ တစ်ပတ်မှာ တစ်ကြိမ်ဖြစ်ဖြစ် တတ်နိုင်ရင် တစ်ရက် မှာ တစ်ကြိမ်ပုံပြောတယ်။ အမေက ပုံ ပြောတယ်။ အဖေကပုံပြောတယ်။ ဒီလို အစီအစဉ်မျိုးလေးတွေလုပ်ပေးဖို့လိုတယ်။
- စာရေးဆရာတွေအနေနဲ့ ကလေး စာပေ ရေးသားတော့မယ်ဆိုရင် အသက်အရွယ်အလိုက် ဘယ်လိုရေး သင့်သလဲ အကြံဥာဏ်ပေးပါဦး။
- ကလေးဖတ်ဖို့အတွက် ကိုယ်ကရေး ရမှာ။ ကလေးကို သိပ်ပြီးတော့ လေးလံခက်ခဲတာမျိုးရေးလို့မရဘူး။ ကလေးကို ကလေးနားလည်နိုင်တဲ့ဘာသာစကားမျိုး နဲ့ရေးရမယ်။ ကလေးနဲ့ဆီလျော်တဲ့ဟာ ပေါ့။ နှစ်နှစ်၊ သုံးနှစ်ကလေး စာမတတ် သေးတဲ့ကလေးအတွက်လည်း လုပ်လို့ရ တယ်။ရုပ်ပုံလေးနဲ့တင် ဒါလေးကတော့ ဘာဇာတ်လမ်းလေးပေးတဲ့ စာအုပ်မျိုး လည်းလုပ်လို့ရတယ်။ စာတစ်လုံးနှစ်လုံး ဖတ်တတ်ခါစ ကလေးအတွက်လည်း စာအုပ်လုပ်လို့ရတယ်။ခပ်များများဖတ်တဲ့ ကလေးအတွက်လည်း လုပ်လို့ရတယ်။ အဲဒီတော့သူ့အသက်အရွယ်နဲ့ဆီလျော်တဲ့ စာအုပ်စာတမ်းမျိုးကို ဘယ်လိုရေးရမလဲ။ စိတ်ကူးကြံဆမလဲ၊ သူများလုပ်ထားတဲ့ နမူနာတွေ အများကြီးရှိတယ်။ ရေးတဲ့ သူတွေသည် အဲဒါတွေကြည့်ရှုလေ့လာပြီး တော့ ကိုယ့်မြန်မာကလေးတွေနဲ့ ဆီလျော်တဲ့ဟာ ရေးဖို့လိုတာပေါ့။