images
UN
UN
ဒုတိယအကြိမ်လွှတ်တော်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ လွှတ်တော်အပေါ်အမြင်များနှင့်ဆန္ဒသဘောထားများ
သာလှ(ပျဉ်းမနား) Monday, 01 February 2016
ဒုတိယအကြိမ်မြောက် လွှတ်တော်ကိုယနေ့စတင်ခဲ့ရာ လွှတ်တော်တွင်းသို့ဝင်ရောက်လာကြသည့် ပြည်သူ့ကိုယ်စားလှယ်သစ်များနှင့် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရသော ကိုယ်စားလှယ်များကို ယနေ့စတင်သည့် ဒုတိယအကြိမ်လွှတ်တော်အပေါ် အမြင်သဘောထားများနှင့်ပြည်သူ့ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ ပြည်သူအကျိုးပြုဆန္ဒများကို မေးမြန်တင်ပြလိုက်ရခြင်းဖြစ်သည်။

ဦးစိုင်းထွန်းအောင်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် (ကျောက်မဲ)

''ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌရွေးချယ် ကြတဲ့နေရာမှာ ပြည်သူရဲ့ဆန္ဒအရ ပေါ့။ ရွေးချယ်ခံအောင်မြင်သွားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကနေပြီးတော့မှ ဦးဆောင်ပြီး လုပ် သွားတာပေါ့။ အဲ့ဒါကို ကျွန်တော် တို့အနေနဲ့ကတော့ အဲ့ဒါကို အကောင်းမြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။
ကျွန်တော်တို့ ရှမ်းပြည်နယ် SNLD (ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်)ကတော့ ရှေ့လုပ် ငန်းစဉ်အတူတူပါပဲ။ ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ဘေးရံ ဝန်းပြီးတော့မှ ပြည်သူလူထု အတွက် ကောင်းကျိုးဖြစ်စေမယ့် ကိစ္စတွေကိုကျွန်တော်တို့ ပံ့ပိုးကူညီ သွားမှာဖြစ်ပါတယ်''ဟုပြောသည်။

ဦးခန်ခမ်းထန်တွန်းဇံမြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

''ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေး ခြင်းနဲ့ ပတ်သက်ပြီး အဲဒါကတော့ ဖြစ်သင့်တယ်လို့ပဲယူဆပါတယ် ။လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ လွှတ်တော်မှာ ဆောင်ရွက်ချင်တဲ့ လုပ်ငန်းတွေက မြန်မာပြည်မှာနေထိုင်တဲ့ တိုင်းရင်း သားအားလုံးအတွက် အသင့်တော် ဆုံးဥပဒေဖြစ်ဖို့တော့ အရေးကြီး တာပေါ့။ ချင်းပြည်နယ်မှာ ဆက် သွယ်ရေးကိစ္စတွေ တိုးတက်စေ ချင်တယ်။ အဲဒါမှ ကျန်တဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နိုင်မှာ။ လမ်းပန်းဆက်သွယ် ရေးတွေ မကောင်းတဲ့အတွက် ပြည်ပကပစ္စည်းတွေက မရောက် နိုင်ဘူး။ ဒီနှစ်ဆိုရင် ပိုဆိုးတာက မိုးတွင်းတုန်းက မြေပြိုတဲ့ကိစ္စတွေ၊ တံတားကျိုးတာတွေနဲ့ ချင်းပြည် နယ်မှာ တကယ့်ကိုဆိုးတယ်။ ကျွန် တော်တို့ ချင်းပြည်နယ် တွန်းဇံ မြို့မှာဆိုရင် မဏိပူရမြစ်ရေကြောင့် ပျက်စီးသွားတဲ့အခါ သွားလာရေး တွေ တော်တော်လေးခက်ခဲခဲ့ တယ်။ အခုတက်လာတဲ့ NLD အစိုးရလက်ထက်မှာတော့ ပြောင်း လဲမှုတစ်ခုခုတော့ လုပ်နိုင်မယ်လို့ ယူဆပါတယ်။ အခုတက်လာမယ့် အစိုးရအဖွဲ့ဖွဲ့တဲ့ထဲမှာ ချင်းတိုင်း ရင်းသားအဖွဲ့အနေနဲ့ ပါကိုပါသင့် တယ်လို့ယူဆတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တိုင်းရင်းသား ကိုယ် စားလှယ်တွေက ကိုယ့်ဒေသကိုယ့် အခြေနေကို အဓိကနားလည်ရမှာ မို့ အစိုးရအဖွဲ့မှာတော့ ဒေသခံ အရွေးခံကိုယ်စားလှယ်တွေ ပါသင့် တယ်လို့ယူဆတယ်''ဟု ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်မှ ချင်းပြည်နယ် တွန်းဇံမြို့နယ် မဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခန် ခမ်းထန်ကပြောသည်။