images
UN
UN
ဒုတိယအကြိမ်လွှတ်တော်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ လွှတ်တော်အပေါ်အမြင်များနှင့်ဆန္ဒသဘောထားများ
သာလှ(ပျဉ်းမနား) Tuesday, 02 February 2016
ဒုတိယအကြိမ်မြောက်လွှတ်တော်ကို ယနေ့စတင်ခဲ့ရာ လွှတ်တော်တွင်းသို့ဝင်ရောက်လာကြသည့် ပြည်သူ့ကိုယ်စားလှယ်သစ်များနှင့် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရသော ကိုယ်စားလှယ်များကို ယနေ့စတင်သည့် ဒုတိယအကြိမ်လွှတ်တော်အပေါ် အမြင်သဘောထားများနှင့်ပြည်သူ့ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ ပြည်သူအကျိုးပြုဆန္ဒများကို မေးမြန်တင်ပြလိုက်ရခြင်းဖြစ်သည်။

ဒေါက်တာသက်သက်ခိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဒဂုံမြို့နယ်)

'ပြည်သူတွေရဲ့ အောင်ပွဲဖြစ် ပေါ့လေ၊ ပြည်သူတွေက မဲထည့်ခဲ့ တယ်။ မဲထည့်ခဲ့တဲ့အဖြေကို ဒီနေ့ စပြီးတော့ အကောင်အထည်ဖော် တာပေါ့နော်။ မဲပေးတဲ့ရလဒ်ကို ဒီနေ့စပြီး အကောင်အထည်ဖော် တာဆိုတော့ ပြည်သူတွေနဲ့ ထပ်တူ ထပ်မျှဝမ်းသာပါတယ်လို့ပြောချင် ပါတယ်ရှင့်''ဟုပြောသည်။
ထို့ပြင် ဒေါက်တာသက်သက် ခိုင်က လွှတ်တော်၏အပိုင်းတွင် NLD ပါတီအနေဖြင့်မည်သို့စတင် အကောင်အထည်ဖော်မည်ဆိုသော ကိစ္စနဲ့ပတ်သက်ပြီး သူမအနေဖြင့် မသိကြောင်း၊ သို့သော်လည်း နိုင်ငံ တော်သမ္မတဖြစ်စေချင်သည့် ဆန္ဒ မှာ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဖြစ်စေချင်ကြောင်း၊ အဆိုပါအခြေ အနေကိုလည်း လက်ရှိတွင်မပြော နိုင်သေးကြောင်း၊ သမ္မတဖြစ်လာ မည့်အခြေအနေကို စောင့်ကြည့်ရ မည်သာဖြစ်ပြီး ယခုဆိုလျှင်လည်း ရက်ပိုင်းမျှသာ လိုတော့ကြောင်း၊ ၄င်းအနေဖြင့် လွှတ်တော်အတွင်း သို့ရောက်ရှိလာပြီးနောက် လွှတ် တော်အတွင်းပြည်သူများအတွက် လုပ်ဆောင်ရာတွင် အမျိုးသမီးရေး ရာကိစ္စရပ်များကို ဆောင်ရွက်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လွှတ်တော်အတွင်း အများနှင့် ပူး ပေါင်း၍ဆောင်ရွက်သွားမည်။ ထို့ အပြင်ပညာရေး၊ ကျန်းမာရေးအစ ရှိသည်များဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

ဦးမြင့်လွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (တွံတေးမြို့နယ်)

''အခု လွှတ်တော်ကတော့ ဘာပဲပြောပြော ဒီမိုကရေစီကို ပီပီ ပြင်ပြင်လုပ်ဆောင်ပေးနိုင်မယ့်လွှတ် တော်လို့မျှော်လင့်တယ်။ အခုလွှတ် တော်မှာ အမျိုးသားပြန်လည်သင့် မြတ်ရေးဟာလည်း အခုဆိုရင် လွှတ်တော်ဥက္ကဋ္ဌက NLD ကဖြစ် ပြီးတော့ ဒုတိယဥက္ကဋ္ဌက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အဲ့ဒီနှစ်ချက်ကိုကြည့်လို့ရှိ ရင် အရင်တုန်းက ဒီပါတီနှစ်ခုက ပြိုင်ဘက်၊ အခုကျတော့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနဲ့ ညီနဲ့ အစ်ကိုလိုပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြီးတော့ အပြန်အလှန်ဆွေးနွေး တိုင်ပင်ပြီး တော့ လုပ်သွားမယ့် မြင်ကွင်းကို မြင်ရတယ်ပေါ့နော်။ ဒါဟာကျွန် တော်တို့ တိုင်းပြည်ရဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ကောင်း တဲ့မြင်ကွင်းလေးတစ်ခုလို့ ကျွန် တော်မြင်တယ်'' ဟုပြောသည်။

ဦးလာမာလေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြစ်ကြီးနားမြို့နယ်
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ အထွေထွေအတွင်းရေးမှူး

ကျွန်တော့်အနေနဲ့ပြောရရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌရွေးချယ်တာနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် ချောချော မောမောနဲ့ပြီးသွားတယ်လို့ မြင် ပါတယ်။ ဘယ်လိုပဲပြောပြော NLD ကအများဆုံးအနိုင်ရထား တာဆိုတော့ လူနည်းစုကသွားပြီး တော့မှအဆိုတင်တာတွေ၊ ဘာညာ တွေသွားလုပ်ရင်လည်းအောင်မြင် မှာမှမဟုတ်တာ။ အဲဒီကျတော့ ကျွန်တော်တို့က အများရဲ့သဘော ကိုလက်ခံပေးတယ်။ ကောင်းတဲ့ အရာလို့ပဲမြင်ပါတယ်။ ကျွန်တော့် အမြင်နဲ့ပြောမယ်ဆိုရင်တော့ လော လောဆယ်တော့ ဘယ်ပါတီနဲ့မှ မဟာမိတ်မလုပ်ထားဘူး။ ကြံ့ခိုင် ရေးနဲ့လည်းမလုပ်ထားဘူး။ NLD နဲ့လည်းမလုပ်ထားဘူး။ တခြား ဘယ်ညီနောင် ပါတီနဲ့မှလည်း မလုပ်ထားဘူး။
ကျွန်တော်တို့ သီးသန့်ပဲရပ် တည်နေတယ်။ ကျွန်တော်တို့လွှတ် တော်မှာ ဆွေးနွေးတဲ့အဆိုတွေ၊ မေးခွန်းတွေတင်တဲ့အခါမှာ လွှတ် တော်ကိုယ်စားလှယ် NLD အများ ပိုင်းက ကျွန်တော်တို့တင်တဲ့ဟာ ကို ကောင်းတယ်။ ဖြစ်သင့်တယ် လို့ ထောက်ခံခဲ့မယ်ဆိုရင်တော့ အောင်မြင်နိုင်မှာပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ တိုင်းရင်းသား အခွင့်အရေးကိုမပေးဘဲနဲ့ယေဘုယျ သဘောနဲ့ခြုံပြီးတော့မှ ထောက်ခံမှု မရခဲ့ဘူးဆိုရင်တော့ အဆင်မပြေ ဘူး''ဟုပြောသည်။

ဦးဦးလှစော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ

ဒုတိယအကြိမ် လွှတ်တော် သက်တမ်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တဲ့ နေရာမှာ ပါတီတစ်ခုတည်းက အနိုင်ရထားတာဆိုတော့ ချောချော မောမောပါပဲ။ ဘာမှအငြင်းပွားစ ရာမရှိဘူး။ ဘာမှပြဿနာမရှိဘူး။ကျွန်တော်တို့က လွှတ်တော်ထဲကို ရောက်တယ်ဆိုတာက ကျွန်တော့် ရဲ့မဲဆန္ဒနယ်က ပြည်သူတွေရဲ့ အကျိုးကို ဆောင်ကြဉ်းရမယ်ဆို တာကတစ်ပိုင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်း အလဲကို ဆောင်ကြဉ်းရမယ်ဆိုတာ တစ်ပိုင်း အဲဒီနှစ်ပိုင်းရှိတယ်။အဲဒီ တော့ ဒီပါတီကြီးနဲ့ ကျွန်တော်တို့ ကြားထဲမှာ တူတာတွေလည်းရှိ မယ်၊ မတူတာလည်းရှိမယ်၊ ဆန့် ကျင်တာလည်းရှိမယ်၊ ကျွန်တော် မကြိုက်တာလည်းရှိမယ်။ အဲဒီ တော့ တူတာတွေ တွဲလုပ်မှာပဲ။ မကြိုက်တာဆိုရင် မကြိုက်တာ ပြောမှာပဲ။ ရခိုင်မှာပြဿနာတွေက အများကြီးပဲရှိတယ်။ ဒီပြဿနာ တွေကို ကျွန်တော်တို့လွှတ်တော်ထဲ မှာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ ရခိုင်အမတ်တွေရဲ့ တာဝန်ပဲ။ ကျွန်တော်တို့က လွှတ် တော်ကိုယ်စားလှယ်တွေဆိုတော့ လွှတ်တော်ထဲမှာ ရခိုင်ပြည်သူတွေ ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေရော ကျွန်တော်တို့ ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း တွေအတွက် တတ်နိုင်သမျှ တွန်း မှာပဲ။ တိုက်မှာပဲ။ တွန်းတွန်းတိုက် တိုက်ပြောမှာပဲ။ ဒါကိုလွှတ်တော် မှာ ကြိုက်ချင်လည်း ကြိုက်မယ် မကြိုက်ချင်လဲမကြိုက်ဘူး။ အစိုးရ အနေနဲ့သဘောကျရင်လည်း ကျ မယ်။ အဲဒီအပေါ်မှာဆက်ပြီး လှုပ် ရှားသွားရမှာပဲ။

ဒေါ်နန်းမွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တအာင်းပလောင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တအာင်းပလောင်အမျိုးသားပါတီ

ဒီကနေ့လွှတ်တော်မှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တာနဲ့ပတ်သက်လို့ကောင်း ပါတယ်။ ကောင်းပါတယ်ဆိုတာ က ကျွန်မအနေနဲ့ ကျွန်မခံစားချက် ကိုပြောတာလေ။ အရွေးချယ်ခံရ တဲ့သူကလည်း အရည်အချင်းရှိတဲ့ သူပဲလေ။ သူတို့ကိုယ်၌ကလဲ အရည်အချင်းပြည့်စုံလို့ သူတို့ဒီ နေရာကိုအရွေးချယ်ခံရတာလေ။ ကျွန်မတို့ကျေနပ်ပါတယ်။ ပျော်ပါ တယ်။ကျွန်မအနေနဲ့ ကျွန်မအဓိက လုပ်ဆောင်ချင်တဲ့အချက်တွေတော့ ရှိတယ်။ အဲဒါကတော့ ကျွန်မ ဒေသအတွက် အဓိကလိုအပ်နေတဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာရှိ တဲ့အမျိုးသမီးတွေနဲ့ရော၊ လွှတ် တော်အမတ်တွေနဲ့ပါ ပူးပေါင်းပြီးမှ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ် ဆောင်သွားမှာဖြစ်တယ်''ဟု ပြော သည်။